Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
မိဘအမျိုးအစားများ နှင့် ၎င်းတို့ကလေးငယ်တွေအတွက် ဖြစ်လာနိုင်ချေရှိသော အနာဂါတ် အပိုင်း(၂) – BurmeseHearts

မိဘအမျိုးအစားများ နှင့် ၎င်းတို့ကလေးငယ်တွေအတွက် ဖြစ်လာနိုင်ချေရှိသော အနာဂါတ် အပိုင်း(၂)

0

မိဘချင်းတူပေမယ့် တအိမ်ထောင်စုတည်းက မိနဲ့ဖအမျိုးအစားဟာ ကွဲပြားသွားနိုင်ပါတယ်။ ကိုယ်ဟာ ဘယ်လို မိဘမျိုးလဲ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်နိုင်အောင် မိဘအမျိုးအစားတွေကို ခွဲခြားဖော်ပြပေးလိုက်ပါတယ်။

အကောင်းဆုံးဆိုတာတွေ ရရှိသည့်တိုင် အကောင်းဆုံးဆိုတဲ့ခံစားမှု မခံစားကြရပါဘူး။
အကောင်းဆုံးဆိုတာတွေ ရရှိသည့်တိုင် အကောင်းဆုံးဆိုတဲ့ခံစားမှု မခံစားကြရပါဘူး။

၎။ လွန်ကဲတတ်သောမိဘ

ဒီလို နံပါတ်(၄)အမျိုးအစား မိဘတွေဟာ သားသမီးတွေကို “လုပ်ပါဟဲ့ ၊ ကိုင်ပါဟဲ့ ၊ သွားပါဟဲ့ ၊ လာပါဟဲ့” နဲ့ အမြဲလို တွန်းတွန်းတိုက်တိုက် လုပ်တတ်ကြသူတွေပါ။ ဒီလိုမိဘတွေဟာ သူတို့ကလေးတွေကို အများတကာကလေးတွေထက် ရှေ့ရောက်အောင်ဆိုပြီး အချိန်ဇယားတွေဆွဲလို့ ကြပ်မတ်လုပ်ကိုင်ပေးတတ်ကြသူတွေပါ။

ဒီလိုမိဘအမျိုးအစားတွေဟာ ကလေးတိုးတက်ရင် ပြီးရောဆိုတဲ့စိတ်နဲ့ အရာရာကို ကလေးအတွက် လုပ်ကိုင်ပေးတတ်ကြသူတွေမို့ သူတို့ကလေးတွေဟာ ကိုယ့်ဘာသာ ဘယ်လိုလုပ်ကိုင်ရမယ်ဆိုတာကို မသင်ယူကြတော့ပါဘူး။

ဒီလိုမိဘတွေဟာ သူတို့ကလေးတွေကို အကောင်းဆုံးဆိုတာတွေ ပေးနိုင်ဖို့ ၊ ကလေးကို အကောင်းဆုံးဆိုတဲ့ကျောင်းမှာ ထားနိုင်ဖို့ ၊ အကောင်းဆုံး အစာတွေကို ကျွေးနိုင်ဖို့ ၊ အကောင်းဆုံး ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ဖို့ ကြံစည်ရင်း ၊ အားထုတ်ရင်း ၊ လုပ်ကိုင်ရင်းကနေ အစွန်းရောက်တဲ့ မိဘတွေဖြစ်လာခဲ့တာပါ။

အချိန်ဇယားကြီးနဲ့ ကလေးကို ထိန်းကျောင်းလှုပ်ရှားစေရင်း ဘာပြီးရင် ဘာလုပ်ရမယ်ဆိုတဲ့ စာရင်း ၊ ဇယားကြီးတွေကြောင့် ကလေးဟာ ဘယ်လိုခံစားနေရတယ် ၊ ဒီလိုခံစားနေရတဲ့ ကလေးအတွက် ဘယ်လိုစိတ်ဖြေဖျောက်မှုမျိုး လုပ်ပေးရမယ် ၊ လုပ်ပေးသင့်တယ် ဆိုတာတွေကိုတွေးဖို့ အချိန်မရတော့ဘူးလေ။ စနစ်တကျဆွဲထားတဲ့ ဘာပြီး ဘာလုပ်ဆိုတာတွေကိုပဲ လိမ့်ပတ်လည်အောင် ၊ အလျင်မီအောင် လုပ်နေတော့ ဒီဇယားကခွဲထွက်ပြီး ဘာလုပ်ပေးရရင်ကောင်းမလဲလို့ ကလေးဘက်ကနေ မတွေးမိတော့ဘူး။

“လုပ်စရာရှိတာတွေ လုပ်ရမယ့်အစား ဘာတွေစိတ်ကူးယဉ်ပြီး အချိန်ဖြုန်းနေတာလဲ” ဆိုတဲ့စကားတွေက ကလေးကို သူဘာဝါသနာပါတယ် ၊ ဘာလုပ်ချင်တယ် ၊ ဘယ်လိုဆန္ဒသဘောထား ရှိတယ်ဆိုတာတွေ ဆန်းစစ်တွေးခေါ်ဖို့ ၊ ဒီကတဆင့် စမ်းသပ်တီထွင် လုပ်ကိုင်ချင်ဖို့ ၊ စမ်းသပ်တီထွင်လုပ်ကိုင်တတ်ဖို့ အခွင့်အရေး မပေးနိုင်တော့ပါဘူး။

ဒီလိုစနစ်ကျကျ လုပ်ကိုင်ပေးရက်က ကလေးဟာ ရလဒ်အကောင်းဆုံး ထွက်မလာရင် ကလေးကို ရလဒ်အကောင်းဆုံး ထွက်လာအောင် သင်ကြားပြသပေးနိုင်မယ့် ဆရာသမားတွေ ၊ အနီးကပ်ပို့ချနိုင်သူတွေနဲ့အပ်ပြီး ဒီ့ထက်ပိုကောင်းတဲ့ ရလဒ်တွေ ထွက်လာအောင် အစစအရာရာ လွှမ်းမိုး လုပ်ကိုင်လာတဲ့ မိဘတွေဟာ ဒီလိုနံပါတ်(၄)အမျိုးအစား မိဘတွေပါ။

ကလေးကို ပိုးဝင်လို့ နာဖျားမှာစိုးစိတ်နဲ့ ပိုးသတ်ဆပ်ပြာတွေ (Antibacteria Gel)နဲ့ ရေချိုး ၊ ခေါင်းလျှော် ၊ လက်ဆေးစေမယ် ၊ ကလေးရဲ့အခန်းဟာ အမြဲလို သေသေသပ်သပ် ၊ စီစီရီရီ ၊ ကျကျနနလေးဖြစ်အောင် စီမံလုပ်ကိုင်ရင်း ကလေးအတွက် စံပြမိဘတစ်ယောက်ဖြစ်အောင် သူတို့ဟာ အစွမ်းကုန် ကြိုးစားနေပါတယ်။

တိုက်တိုက်တွန်းတွန်းလုပ်ခဲ့တဲ့ ရလဒ်တွေကြောင့် သူဖြစ်စေချင်တဲ့ အကောင်းဆုံးနေရာမှာ ကလေးဟာ ရပ်တည်ခွင့်ရကောင်းရနိုင်ပါတယ်။ ဒါပေမယ့် ကလေးဟာ ပျော်ရွှင်တဲ့ ကလေးဘဝဆိုတဲ့ အဓိပ္ပါယ်ကို ဘာမှန်းမသိဘဲ မိမိဆန္ဒရှိရာ လုပ်ကိုင်ခွင့်ဆိုတာနဲ့ အသားမကျတော့တာမို့ ဘဝမှာ ဝါသနာပါရာ ၊ စိတ်ပျော်ရွှင်ရာ လုပ်ကိုင်ရင်း ပျော်ရွှင်တဲ့လူတစ်ယောက်အဖြစ် ဘဝကို ဖြတ်သန်းတယ်ဆိုတဲ့အဓိပ္ပါယ်ကိုလည်း ခံစားနားလည်နိုင်မှု မရှိတော့ပါဘူး။ ဒီလိုဆို သူတို့ဘဝတွေဟာ စက်ရုပ်တွေနဲ့မခြား ဖြစ်နေမှာပေါ့နော်။

 

အီလက်ထရောနစ် ဖန်သားပြင်တခုခုကိုပဲဖြစ်ဖြစ် ၊ ကစားစရာတွေကိုပဲဖြစ်ဖြစ် အမြဲအဖော်ပြုနေရတဲ့ကလေးဟာ အဖော်မဲ့သူတစ်ဦးပါ။
အီလက်ထရောနစ် ဖန်သားပြင်တခုခုကိုပဲဖြစ်ဖြစ် ၊ ကစားစရာတွေကိုပဲဖြစ်ဖြစ် အမြဲအဖော်ပြုနေရတဲ့ကလေးဟာ အဖော်မဲ့သူတစ်ဦးပါ။

၅။ ပျက်ကွက်တတ်သောမိဘ

ဒီလို နံပါတ်(၅)အမျိုးအစား မိဘတွေဟာ ကလေးကို လုံးဝ အာရုံစိုက်မှုမပေးနိုင်လောက်အောင် သူ့ဘာသာသူ အလုပ်များနေတဲ့သူမျိုးမဟုတ်ရင် တကိုယ်ရည် တကာယ သဘာဝမှာ ပျော်မွေ့မှုကို ဟန်ဆောင် ဖုံးကွယ်ထားတတ်သူတွေပါ။

သူတို့ဟာ ကလေးကို ဝင်ရောက်စွက်ဖက် ပြောဆိုလုပ်ကိုင်လေ့ မရှိကြဘဲ ကလေးကို တီဗွီရှေ့ ချပေးထားလိုက်တာမျိုး ၊ အခြားအရာတခုခုနဲ့ အချိန်ကုန်ဆုံးရင်း အလုပ်များခိုင်းထားတာမျိုးတွေသုံးလို့ သူတို့ဘာသာ သူတို့ အလုပ်ပြီးအောင်ပဲဖြစ်ဖြစ် ၊ စိတ်လွတ်ကိုယ်လွတ်ပဲဖြစ်ဖြစ် နေထိုင်လေ့ရှိကြသူတွေပါ။

BurmeseHearts Blog

အနည်းငယ်ဂရုစိုက်မှုမျိုး သို့မဟုတ် လုံးဝဂရုမစိုက်မှုမျိုး ပေးတတ်တဲ့ ဒီလိုမိဘတွေရဲ့သဘောကတော့ ရှင်းရှင်းလေးပါ။ ကလေးဟာ မာကျောတဲ့တံခါးလို ၊ ဘီဒိုလို ၊ စားပွဲလို ဟာမျိုးတွေနဲ့ ထိမိခိုက်မိရှိဦးတော့ ကလေးကို သူ့ဘာသာသူ ကိုယ်ထူကိုယ်ထစနစ်နဲ့ သင်ယူစေပါတယ်။ ထိမိခိုက်မိနိုင်တယ် ၊ မထိမခိုက်မိအောင် ကြိုသတိပေးဖို့ဆိုတာ ကလေးကို မျက်ခြည်မပြတ်ရှိနေတဲ့ မိဘတွေပဲ သိနိုင်တာမို့ ကလေးကို လွှတ်ထားတတ်တဲ့သူတို့ဟာ ဒီလိုနည်းနဲ့ ကလေးတွေ သူ့ဘာသာ သင်ယူသွားမယ်ဆိုပြီး လွှတ်ထားတတ်တာပါ။

ဒီလိုကလေးဘဝကနေ ကြီးပြင်းလာခဲ့သူတွေ ပြောလေ့ရှိတာက “ငါ့မိဘတွေလည်း ငါ့ကိုဒီလိုလွှတ်ထားခဲ့တာပဲ ၊ အခုငါ့ကိုကြည့်လေ ဘာမှားလို့လဲ ၊ အားလုံးအကောင်းအတိုင်းပါပဲလို့”  ပြောဆိုလေ့ ရှိကြတာပါ။

ဒီလိုပြောဆိုတတ်တယ်ဆိုကတည်းက သူ့မိဘတွေ သူ့ကိုဂရုမစိုက်ခဲ့တာကို သူ့သိစိတ်ကဖြစ်ဖြစ် ၊ မသိစိတ်ကဖြစ်ဖြစ် သတိရ ၊ အမှတ်ရနေခဲ့တာပါ။ ဂရုစိုက်မခံရဘဲ ကြီးပြင်းလာတဲ့ကလေးဟာ ဂရုမစိုက်တတ်တော့သလိုမျိုး ဖြစ်လာတာပါ။ သူတို့သားသမီးတွေလက်ထက်မှာလည်း ဒီလို ပစ်ပယ်မိကောင်းမသိ ပစ်မယ်နေနိုင်ပါတယ်။ ဒီလိုဆို မိဘနဲ့ သားသမီးတွေရဲ့ ဆက်ဆံရေးဟာ ပျော်ရွှင်စွာကြီးပြင်းလာခဲ့တဲ့ ကလေးတွေမိသားစုလို နှစ်လိုဖွယ် ရှိပါ့မလား။

ဒီလိုမိဘတွေရဲ့ သားသမီးတွေဟာ ကိုယ်ပိုင်အသိစိတ်နဲ့ ကြိုးစားတဲ့ကလေးသာ ထူးချွန်မှာဖြစ်ပြီး မိဘဂရုမစိုက်လို့ ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ရကောင်းမသိတဲ့ ကလေးတွေကြီးပြင်းလာရင် ယောင်တောင်တောင်ဘဝအခြေအနေနဲ့ပဲ ကျေနပ်ရတော့မှာပါ။

 

မအားလပ်တဲ့ကြားက မိမိအချိန်တွေ သားသမီးတွေကို မျှဝေပေးသူပါ။
မအားလပ်တဲ့ကြားက မိမိအချိန်တွေ သားသမီးတွေကို မျှဝေပေးသူပါ။

၆။ ရေလိုက်ငါးလိုက်မိဘ

ဒီလို နံပါတ်(၆)အမျိုးအစား မိဘတွေဟာ မီးစင်ကြည့်ကတတ်သလိုမျိုး သားသမီးနဲ့ အလိုက်သင့် ပေါင်းသင်းနေထိုင်တတ်သူတွေပါ။ သူတို့ဟာ တိကျသေချာတဲ့ အကြောင်းအရာတွေမှာတော့ ဆုံးဖြတ်ချက်တွေကို ချမှတ်တတ်ကြပါတယ်။

ဘဝဟာ ကြိုတွက်ချက်ထားလို့ မရသလိုမျိုး ကလေးသူငယ်တွေဆိုတာလည်း ကြိုတင်တွက်ချက်ထားလို့မရပါဘူး။ ဒါကြောင့် နံပါတ်(၆)အမျိုးအစား မိဘတွေဟာ ကာလံဒေသံ နဲ့ ကလေးရဲ့ အခြေအနေအပေါ်မူတည်ပြီး လိုတိုးပိုလျှော့ ဆက်ဆံရေးတွေ ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ သားသမီးတွေကို ထိန်းကျောင်းရင်း မိဘအုပ်ထိန်းသူနေရာက ရပ်တည် ရုန်းကန်နေကြသူတွေပါ။

သူတို့တွေဟာ ကလေးကို ဘဝမှာ လိုတိုးပိုလျှော့ ဆက်ဆံရေးနည်းကိုသုံးပြီး အများနဲ့ ပေါင်းသင်းဆက်ဆံလို့ လိုက်လျောညီထွေ နေထိုင်တတ်အောင် ကလေးတွေကို လေ့ကျင့်သင်ကြားပေးသူတွေပါ။ သူတို့တွေဟာ မတင်းလွန်း ၊ မပျော့လွန်းသော နည်းတွေကို သုံးလေ့ရှိကြပါတယ်။

ဘဝဟာ စစ်သင်တန်းပေးတဲ့ နေရာမျိုး မဖြစ်သင့်သလို (၂၄)နာရီ ကစားလို့ရတဲ့ ကစားကွင်းလည်း မဖြစ်သင့်ဘူးလို့ သူတို့က ခံယူထားကြပါတယ်။ ဒါပေမယ့် နှစ်မျိုးလုံးကို နည်းနည်းစီ ကျင့်သုံးသင့်တယ်လို့ သူတို့ဟာ ယူဆထားပါတယ်။

သူတို့တွေဟာ ဘယ်အကွေ့ဟာ ဘယ်အရှိန်နဲ့ ဘယ်လိုနှင်ရမယ် ၊ ဘယ်လိုအခြေအနေမှာ သားသမီးကို ဘယ်လိုထိန်းကျောင်းရမယ်ဆိုတာကို ကောင်းကောင်း နားလည်သိထားသူတွေပါ။ ကလေးကို အားလပ်ချိန် ဖန်တီးပေးပြီး သူဝါသနာပါရာ ၊ သူစိတ်သန်ရာတွေမှာ ဖန်တီးလုပ်ကိုင်နိုင်ခွင့် ၊ စမ်းသစ်လုပ်ကိုင်နိုင်ခွင့်ဆိုတာတွေကို လမ်းကြောင်းပေးတတ်ပါတယ်။

ကလေးတွေကို သမရိုးကျ မတွေးခေါ်စေဘဲ စမ်းသပ်တွေးခေါ်တတ်ဖို့ ၊ ကိုယ်ပိုင်အတွေးအခေါ် အယူအဆတွေကို မှန်မှန်ကန်ကန် တွေးဆ ဖန်တီးနိုင်ဖို့ သွန်သင်ဆုံးမ နားလည်အောင် လမ်းပြပေးနိုင်သူတွေပါ။ ကလေးတွေကို ဒီနေရာမှာ ဒီလိုကစားရမယ်ဆိုတဲ့ ပုံသေ လမ်းကြောင်းအတိုင်း ချထားတာမျိုးမရှိဘဲ သူတို့ဆန္ဒရှိသလို ကစားခွင့် ရံဖန်ရံခါပေးလို့ သူတို့ မျှော်လင့်မထားတဲ့ အခြေအနေမျိုး ရုတ်တရက်ကြုံတွေ့ရချိန်မှာ ဘယ်လိုတိုင်တွယ်ဖြေရှင်းရမယ်ဆိုတာကိုလည်း သင်ပြပေးတတ်ပါတယ်။ ကစားရင်း သင်ယူခဲ့တဲ့အရာတွေကို နောင်တချိန် လူနေမှုဝန်းကျင်မှာ ပြန်အသုံးချတတ်ကြတယ်လေ။

နံပါတ်(၃) နဲ့ နံပါတ်(၆)အမျိုးအစား မိဘတွေဟာ ဆင်တူရိုးမှားဖြစ်နေနိုင်ပါတယ်။ သူတို့တွေကို ကွဲပြားသွားစေတဲ့အချက်ကတော့ မိသားစုအတွင်း ပေးဝေမျှတဲ့ ချစ်ခြင်းမေတ္တာပါပဲ။ နံပါတ်(၆)အမျိုးအစား မိဘဟာ ကလေးကို သူ့ဘာသာသင်ယူခွင့် ပေးပါများရင် ကလေးကို လျစ်လျူရှုတတ်တဲ့ နံပါတ်(၅)မိဘအမျိုးအစားဝင်အဖြစ် ရောက်သွားတတ်ပါသေးတယ်။ ကလေးတွေ ကျန်းမာဖွံ့ဖြိုးတိုးတက်မှု အကောင်းဆုံးဖြစ်ဖို့ နံပါတ်(၃)မိဘလို ချစ်ခြင်းမေတ္တာနဲ့ နည်းပေးလမ်းညွှန်မှုတွေပေးပြီး နံပါတ်(၆)မိဘလိုဖြစ်ဖို့ကြိုးစားရမှာပါ။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

Ref : You Raising Your child (MICHAEL F. ROIZEN, M.D.   , MEHMET C. OZ, M.D)

You might also like