Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
မိခင်လောင်းများ သိကောင်းစရာ အပိုင်း(၃) – BurmeseHearts

မိခင်လောင်းများ သိကောင်းစရာ အပိုင်း(၃)

0

မိခင်လောင်း၏ ကျန်းမာရေးသည် သန္ဓေသား၏ ကျန်းမာရေးလည်း ဖြစ်သည်။
မိခင်လောင်း၏ ကျန်းမာရေးသည် သန္ဓေသား၏ ကျန်းမာရေးလည်း ဖြစ်သည်။

ဆေးလိပ် ၊ အရက်နှင့် မူးယစ်စေတတ်သော အစားအသောက်များ

ကိုယ်ဝန်ဆောင်ကာလတွင် ဆေးလိပ်သောက်ခြင်း ၊ အရက်သေစာ သောက်စားခြင်းနှင့် မူးယစ်စေတတ်သော အစားအသောက်များအား အထူး ရှောင်ကြဉ်သင့်သည်။

မူးယစ်စေတတ်သော အစားအသောက်များတွင် ဆေးပါသော ကွမ်းယာမှသည် ဘီယာ ၊ ဝိုင် ၊ အရက်ပါသော ဖျော်ရည်မှသည် မူးယစ်ဆေးဝါး အပျော့ ၊ အပြင်း ၊ ဆေးဝါး တို့လည်း ပါဝင်သည်။

မရှောင်ကြဉ်သော ကိုယ်ဝန်ဆောင်သည်မိခင်များသည် ကလေးစောစီးစွာ မွေးခြင်း ၊ ကလေးပျက်ခြင်း ၊ အချင်းသွေးယိုခြင်း ၊ ကလေးပေါင်မပြည့်ခြင်း တို့ကို ဖြစ်စေပြီး သန္ဓေသားမဖွံ့ဖြိုးမှုနှင့် ရုတ်တရက် ကလေးသေဆုံးခြင်းတို့ကို ဖြစ်ပေါ်စေကြောင်း သိရသည်။

 

ကော်ဖီ

ကော်ဖီထဲတွင်ပါသော ကဖီးဓါတ်များဟာ ပမာဏအတိုင်းအတာအထိ သန္ဓေသားကို အန္တရာယ်မပေးကြောင်း သိရသည်။ သို့ပေမယ့် တစ်နေ့လျှင် ကဖီးဓါတ် ၃၀၀ မီလီဂရမ်ထက်တော့ မပိုသင့်ပေ။

(၃၀၀)မီလီဂရမ်ကို ဘယ်လို တိုင်းတာ သိနိုင်မလဲ ဆိုပါက ၈အောင်စ ကော်ဖီခွက် နှစ်ခွက် မှသည် သုံးခွက်သော ပမာဏဖြင့် တိုင်းတာ သိနိုင်ကြောင်း သိရသည်။ ၈အောင်စဝင်သော ကော်ဖီခွက်ဖြင့် ကော်ဖီပြင်းလျှင် တစ်နေ့နှစ်ခွက်သာ သောက်ပြီး သိပ်မပြင်းသော ကော်ဖီဆိုပါက တစ်နေ့လျှင် အများဆုံး သုံးခွက်သာ သောက်သုံးသင့်သည်။

 

အချုပ်အားဖြင့် ကိုယ်ဝန်ဆောင်ကာလတွင် ကျန်းမာစွာ စားသောက်လိုပါက ရေများများသောက်ခြင်း ၊ သစ်သီးဝလံများအား ရေစင်စင်ဆေးပြီးမှ စားခြင်း ၊ လုံးဝကျက်သည်အထိ ကြော်လှော်ချက်ပြုတ်စားခြင်း ၊ အစားအစာများကို ပူပူနွေးနွေး စားသောက်ခြင်းတို့ကို ဦးစားပေးပြုလုပ်၍ မကျက်တကျက် အစားအစာများ စားသောက်ခြင်း ၊ ရေမဆေးဘဲ စားသောက်ခြင်း ၊ ဆေးလိပ် ၊ အရက်သေစာနှင့် မူးယစ်ဆေးဝါးများကို လုံးဝ ရှောင်ရှားခြင်းတို့ကို ပြုလုပ်သင့်ပေသည်။

ရတု (Burmesehearts.com)

You might also like