Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
မိခင်လောင်းတို့ ….. စာဖတ်ခြင်းဖြင့် စိတ်ဖိစီးမှုတွေ လျော့ချစို့ – BurmeseHearts

မိခင်လောင်းတို့ ….. စာဖတ်ခြင်းဖြင့် စိတ်ဖိစီးမှုတွေ လျော့ချစို့

0

ကိုယ်ဝန်ဆောင်မိခင်များဟာ ကိုယ်ဝန်လရင့်လာသည်နှင့်အမျှ ထိုင်ခက် ၊ ထခက် ၊ သွားလာရ ခက်ခဲသည့် အခြေအနေများကြောင့် ၎င်းတို့၏ အချိန်အများစုဟာ အားလပ်ချိန်များလို ဖြစ်နေတတ်ပါတယ်။
ဒီလိုအားလပ်ချိန်တွေကို အကျိုးရှိအောင် ဘယ်လိုအသုံးချမလဲ ။ တချို့ကိုယ်ဝန်ဆောင်သည်တွေက ရုပ်ရှင်ကြည့်ရင်း အချိန်သုံးတယ်။ တချို့ကကျတော့ သိုးမွှေးထိုးရင်း အချိန်သုံးတယ်။ သူတို့အချိန်သုံးပုံအမျိုးမျိုး ရှိကြတဲ့အနက် စာဖတ်ခြင်းနဲ့ မိမိတို့ အားလပ်ချိန်များကို အသုံးပြုကြဖို့ ကျွန်မက တိုက်တွန်းချင်ပါတယ်။

စာဖတ်ခြင်း အလေ့အထဟာ အင်မတန်ကောင်းတဲ့ အလေ့အထပါ ။ စာဖတ်ခြင်း ဝါသနာပါတဲ့သူတွေဟာ အထီးကျန်မှာ မကြောက်ကြဘူး ။ ဘာဖြစ်လို့လဲဆို စာကို စိတ်ဝင်စားစွာဖတ်ဖို့ လူနှစ်ယောက်မှ မလိုဘဲလေ။ ဒါ့အပြင် စာဖတ်ခြင်းဆိုတာ ကိုယ်ရည်ကိုယ်သွေး တိုးတက်အောင် လုပ်နည်းတစ်မျိုးပါ။ အရည်အချင်းဆိုတာ သွေးတတ်ရင် သွေးတတ်သလို ထက်မြက်သထက် ထက်မြက်လာတာမျိုး မဟုတ်လား။ တုံးမသွားအောင်လည်း ပုံမှန်သွေးပေးဖို့လိုပါတယ်။

စာဖတ်တယ်လို့ ဆိုတဲ့အခါမှာလည်း ဘယ်လိုစာမျိုးကိုဖတ်မလဲ ။ လွယ်လွယ်ပြောရရင် ကိုယ်လိုတဲ့စာမျိုးကို ဖတ်လို့ပဲ ပြောရမှာပါ။ အချဉ်ကြိုက်တဲ့သူက ကိုယ်စားတဲ့အစာထဲ အချဉ်ကဲထားသလို ကိုယ်ကြိုက်တဲ့ စာမျိုးကိုဖတ်ပြီး စာဖတ်ကျင့် အရင်လုပ်ယူရမှာပါ။ စာဖတ်ကျင့်ဆွဲသွားတော့မှ အခြားသုတစာပေတွေ ၊ မိမိအတွက် အကျိုးရှိစေမယ့် စာပေတွေကို ရွေးဖတ်ကျင့်ရအောင် လုပ်ရမှာပဲ။

ကျွန်မကတော့ စာဖတ်တာ ဝါသနာပါတဲ့သူမို့ ကလေးယူမယ်လို့ ဆုံးဖြတ်လိုက်ကတည်းက ကလေးအဆင့်ဆင့် ကြီးထွားပုံ ၊ ကလေးအာဟာရ ၊ ကလေးတစ်ယောက်ရဲ့ စိတ်ကူးနဲ့ခံစားမှု ၊ မေတ္တာတရားဟာ ဘာကြောင့် ကလေးအတွက် လိုအပ်တယ် ၊ ကလေးဘာသာ အိမ်သာကိုယ်တိုင် သွားတတ်အောင် သင်ပေးနည်း စသဖြင့်သော စာအုပ်တွေ ဝယ်လို့သော်လည်းကောင်း ၊ ကြုံကြိုက်လျှင်သော်လည်းကောင်း ၊ အွန်လိုင်းကနေသော်လည်းကောင်း အခါအခွင့်သင့်လျှင် သင့်သလို ဝယ်ထား ၊ ဖတ်မှတ်နေတော့တာပဲ ။

စာအုပ်ထဲမှာ စကားလုံးတွေ အများကြီးရှိတယ် ။ ကိုယ်မသိတာတွေကို သိတဲ့သူတွေက ရေးထားတယ် ။ သူတို့အတွေ့အကြုံ ၊ သူတို့အမြင်တွေကို ကိုယ့်ကိုယ်ပိုင်အသိဥာဏ်နဲ့ ပိုင်ခြားဆန်းစစ်ပြီး အသုံးပြုရင် အများကြီး အကျိုးရှိပါတယ်။

ရတု (Burmesehearts.com)

You might also like