Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ပိုမိုကောင်းမွန်သော အနာဂါတ်ပညာရေးသို့ – BurmeseHearts

ပိုမိုကောင်းမွန်သော အနာဂါတ်ပညာရေးသို့

0

အတတ်ပညာ နှင့် အသိပညာ ဗဟုသုတတွေကို အွန်လိုင်းပေါ်မှာ အကောင်းဆုံးဝေမျှပေးနိုင်ဖို့ Burmese Hearts က ကြိုဆိုလျက်ပါ။

လာမယ့်ရက်သတ္တပတ်အတွင်းမှာ ပိုမိုတိုးတက်ကောင်းမွန်သော နည်းပညာကိုအသုံးပြု၍ မိမိ၏ဗဟုသုတနှင့် တတ်ကျွမ်းမှုများကို အခြားသူများအား Burmese Hearts မှတဆင့် ဝေမျှပေးနိုင်တော့မှာဖြစ်ပါတယ်။

သင်ကိုယ်တိုင်လည်း ဆန္ဒရှိလျှင် သင်ခန်းစာတွေ ဝင်ရောက်သင်ကြားပေးနိုင်ပါတယ်။ ဒီလိုသင်ကြားပေးရာမှာလည်း အဆို ၊ အက ၊ ပန်းချီစသည့် အတတ်ပညာမှသည် ခေတ်မီနည်းပညာများကိုလည်း သင်ကျွမ်းကျင်ရာနယ်ပယ်အလိုက် ဝေမျှပေးနိုင်ပါတယ်။ ကိုယ်တိုင် သင်ကြားပြသပေးနိုင်သူ မဟုတ်သေးရင်လည်း Burmesehearts မှာ သင်ယူခွင့်ရှိနေပါတယ်။

ယခုအစီအစဉ်ဟာ Burmese Hearts ရဲ့ ငါးနှစ်ပြည့်အထိမ်းအမှတ်အဖြစ် မြန်မာဘာသာဖြင့် သင်ကြားသော အွန်လိုင်းသင်ခန်းစာများအား မြန်မာပြည်သူများကို မိတ်ဆက်လိုက်ခြင်းပါ။

မိမိလူမျိုးကို တိုးတက်မြင့်မားစေလိုပါက ၎င်းတို့ဘဝ ကောင်းသထက်ကောင်းအောင် ရပ်တည်သွားနိုင်မည့် အတွေးအခေါ်နှင့်ပညာရပ်များ ဝေမျှပေးခြင်းဟာ အကောင်းဆုံးလုပ်ရပ် မဟုတ်ပါလား။

ယခုမျိုးဆက် ပညာဥာဏ်မြင့်ပါမှ နောင်မျိုးဆက်များ ပညာဥာဏ် မြင့်သထက်မြင့်မည်။ သင်တို့၏ ကျွမ်းကျင်မှုပညာရပ်များကို ဝေမျှသင်ကြားခြင်းဖြင့် မြန်မာလူမျိုးများ၏ အနာဂါတ်ကို မြှင့်တင်ကြပါစို့။

You might also like