Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ဂရုစိုက်မှု မခံရတဲ့ကလေးဟာ ဂရုစိုက်ခံရခြင်းရဲ့ ခံစားမှုကို မသိတော့ပါ – BurmeseHearts

ဂရုစိုက်မှု မခံရတဲ့ကလေးဟာ ဂရုစိုက်ခံရခြင်းရဲ့ ခံစားမှုကို မသိတော့ပါ

0

 

ကလေးငယ်တွေကို တကယ်ချစ်ပါက ၎င်းတို့၏ ခံစားမှုကို ဂရုစိုက်ပါ။
ကလေးငယ်တွေကို တကယ်ချစ်ပါက ၎င်းတို့၏ ခံစားမှုကို ဂရုစိုက်ပါ။

ကလေးဘဝမှာ ချစ်ခင်စွာ ဂရုစိုက်မှုမခံရတဲ့ ကလေးငယ်တွေဟာ ဂရုစိုက်ခြင်းဆိုတဲ့အရာဟာ ဘယ်လိုခံစားရသလဲ ၊ ဘယ်လိုခံစားမှုမျိုးလဲဆိုတာ နားမလည်နိုင်တာကို ရိုးရှင်းစွာသိထားရပါမယ်။ မိဘအုပ်ထိန်းသူ ၊ ပတ်ဝန်းကျင်အသိုင်းအဝန်းက ဂရုစိုက်ခြင်း မခံခဲ့ရတဲ့ ထိုကလေးငယ်တွေဟာ ဂရုစိုက်ခြင်းဆိုတဲ့အရာက တပါးသူအပေါ် ဘယ်လောက်အထိ အရေးပါတယ်ဆိုတာကိုလည်း နားလည်ပေးနိုင်ဖို့ ဝေးလို့နေပါပြီ။

သားသမီးတွေကို နီးနီးကပ်ကပ် နွေးနွေးထွေးထွေး ဆက်ဆံရေးနဲ့ နေကျင့်မရှိတဲ့ မိသားစုတွေလည်း ရှိပါတယ်။ ဒီလိုမိဘမျိုးတွေဟာ တကိုယ်ကောင်းဆန်ပြီး နှလုံးသားမရှိတဲ့ မိဘမျိုးတွေလို့လည်း ဆိုလို့ရပါတယ်။ ဒါမှမဟုတ်လည်း သူတို့ငယ်စဉ်က သူတို့ရဲ့မိဘတွေက သူတို့ကို နွေးထွေးပြီး မေတ္တာအခြေခံတဲ့ ဆက်ဆံရေးမျိုး မပေးခဲ့ဘဲ အေးစက်စက် ကြီးပြင်းလာခဲ့ရလို့လည်း ဖြစ်နိုင်ပါတယ်။

သုတေသနပြုသူတွေရဲ့အဆိုအရ လူတွေဟာ အခြားသက်ရှိသတ္တဝါများနဲ့ မတူဘဲ ခြားနားစွာ ကြီးပြင်းလာတတ်ကြတာပါ။
BurmeseHearts Blog

ဗဟုသုတအရည်အချင်းတွေ ၊ ဂရုတစိုက်ရှိမှုဆိုတာတွေမှာ လူကြီးသူမတွေရဲ့ အကူအညီများလိုအပ်နေသလို အကယ်၍သာ ဘယ်လိုလမ်းလျှောက်ရမယ်လို့ သင်ပေးတဲ့သူမရှိတဲ့ကလေးဟာ လမ်းလျှောက်တတ်လာမှာ မဟုတ်ဘူးလို့ သုတေသနပညာရှင်များက ဆိုထားပါတယ်။

အကယ်၍သာ ဘယ်လိုပြောဆိုရမယ်ဆိုတာ သင်ပေးတဲ့သူမရှိဘဲ တစ်ယောက်တည်း ဝူးဝူးဝါးဝါးပြောဆိုနေခဲ့ရမယ်ဆိုရင် ၊ ဘယ်လိုခံစားရမယ်ဆိုတာ ပြောပြတဲ့သူ မရှိခဲ့ရင် ၊ ဘယ်လိုချစ်ပြရမယ်ဆိုတာမျိုး နားလည်အောင် သင်ပေးမယ့်သူမရှိရင် လူဖြစ်ရခြင်းရဲ့ အနက်အဓိပ္ပါယ်ဟာ ပြည့်စုံလာနိုင်ပါ့မလား။

အကယ်၍များ ကလေးတစ်ဦးဟာ တီဗွီကိုတနေ့ကုန်လိုမျိုး အဖော်လုပ်နေရပြီး သူ့ကိုချစ်ခင်စွာ ချော့မြှူဂရုစိုက်မယ့်သူမရှိဘူးဆိုရင် ဒီကလေးရဲ့ လူရယ်လို့ဖြစ်တည်လာမှုဟာ သူဖြစ်ခွင့်ရှိတဲ့အတိုင်း ခံစားကြီးပြင်း ဖြစ်တည်လာနိုင်ပါ့မလား။

ခေတ်သစ်နည်းပညာတွေ တီထွင်နိုင်သလိုမျိုး ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို တီထွင်လို့မရနိုင်ဘဲ ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုဟာ ရောက်ရှိလာတဲ့အချိန်မှာ ခံစားရတဲ့ ခံစားမှု ၊ တုန့်ပြန်မှုဆိုတာတွေအပေါ် တည်မီပြီး သူတို့ရဲ့အတွေ့အကြုံတွေအပေါ်မှာ အခြေခံဖွံ့ဖြိုးလာကြတဲ့အတွက် ဂရုစိုက်ခံရမှု ၊ ခံရပုံမတူညီဘဲ ကြီးပြင်းလာခဲ့ကြတဲ့ ကလေးငယ်တွေရဲ့ ဦးနှောက်ဟာ မောင်နှမအရင်းအချာ တစ်ဦးနဲ့တစ်ဦးတောင် မတူညီနိုင်ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့အတွေ့အကြုံ ခံစားမှုတွေဟာ ထပ်တူထပ်မျှ မတူညီနိုင်ကြလို့ပါ။

ဒါကြောင့်မို့လို့လည်း တူညီတဲ့အချိန်မှာ ဖြစ်ပျက်တဲ့အဖြစ်တစ်ခုတည်းအပေါ်မှာ လူတွေဟာ တစ်ဦးနဲ့တစ်ဦး တွေးခေါ်ပုံ ၊ ခံစားပုံ ၊ တုန့်ပြန်ပုံတွေ မတူညီတတ်ကြပါဘူး ။ ဒါဟာ သူတို့ငယ်စဉ်က ခံစားချက်တွေ ၊ သင်ယူလာခဲ့မှုတွေကို အခြေခံပြီး ယုံကြည်ချက်တွေ ဖြစ်တည်လာခဲ့ပြီး ဆုံးဖြတ်ချက်တွေ ချမှတ်လုပ်ကိုင်တဲ့အကျင့် ဖြစ်လာခဲ့တာပါ။

ဒါကြောင့် မိမိရဲ့ကလေးငယ်တွေကို နွေးထွေးတဲ့ မေတ္တာအရင်းခံပြီး သွန်သင်ဆုံးမ ပြောဆိုတတ်ပါမှ ၊ မိမိရင်သွေး၏ ခံစားချက်ကို နားလည်ပြီး ပဲ့ပြင် သွန်သင်မှုတွေကို သူကိုယ်တိုင် လက်ခံလာအောင် ဆုံးမတတ်ပါမှ သူ့အနာဂါတ်နဲ့ သူ့မျိုးဆက်ဟာ ပိုမိုထွန်းပြောင်တဲ့ အရည်အချင်းတွေ ၊ နားလည်မှုတွေ မေတ္တာတရားတွေ လွှမ်းခြုံနေမှာ ဖြစ်ပါတယ်။

ကလေးငယ်တွေရဲ့ မိဘဟာ ဘယ်သူတွေဖြစ်တယ် ၊ ဘာတွေဖြစ်တယ်ဆိုတာထက် ကလေးမိဘတွေက ကလေးကို ဘာလုပ်တယ် ၊ ဘယ်လိုခံစားချက်မျိုးပေးတယ်ဆိုတာက ကလေးရဲ့ဘဝတလျောက်လုံးအတွက် ပိုအရေးကြီးနေပါတယ်။

ရတု (Burmesehearts.com)

 

BurmeseHearts Courses

You might also like