Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ချစ်ခင်ကြင်နာမှုတွေ ပေးကြရအောင် – BurmeseHearts

ချစ်ခင်ကြင်နာမှုတွေ ပေးကြရအောင်

0

ဇူလိုင်လ၂၁ရက်နေ့ထုတ် Straitstimes သတင်းစာမှာပါလာတဲ့ ဆောင်းပါးလေးတစ်ပုဒ်ကို ဗဟုသုတရအောင် ပြန်လည်ဝေငှလိုက်တာပါ။ ဆောင်းပါးရေးထားတဲ့သူက Ken Koh ပါ။ ဆောင်းပါးရှင်က မီးရထားထဲမှာ ကိုယ်ဝန်ရှစ်လလွယ်ထားရတဲ့ သူ့ရဲ့အမျိုးသမီးကို နေရာမဖယ်ပေးဘဲ ခပ်တည်တည်ထိုင်နေတဲ့ စင်္ကာပူနိုင်ငံကလူတွေရဲ့ စာရိတ္တနဲ့ ဆောင်းပါးကို အစချီထားပါတယ်။

ပြီးတော့ ဒီစင်္ကာပူ လူမှုဝန်းကျင်မှာ ကြင်နာမှု၊ သဘောထားသေးသိမ်မှု ပြဿနာများဟာ နက်သထက် နက်လာပြီလို့ ထောက်ပြထားပါတယ်။

ပြီးတော့ သူက ဒါဟာ အုပ်ချုပ်သူတွေရဲ့ အုပ်ချုပ်မှုမတတ်လို့ဆိုတာကို ထောက်ပြထားပါသေးတယ်။

သူက စင်္ကာပူအစိုးရဟာ အရှေ့ကိုမျှော်ကြည့်ပြီး အမြဲမာန်မာနကြီးနေတယ်လို့ ပြောထားပါတယ်။ စင်္ကာပူအစိုးရဟာ သဘောတရားထက် လက်တွေ့အကျိုးသက်ရောက်မှုကို အလေးပေးပြီး လက်တွေ့ဆန်ဆန်ပဲ နိုင်ငံကို နိုင်ငံတကာစီးပွားရေးလုပ်ငန်းကြီး လုပ်ကိုင်နေသလိုမျိုး အုပ်ချုပ်နေတယ်လို့ စွပ်စွဲထားပါသေးတယ်။

ကလေးငယ်တွေကို ကယ်ရီခါးပတ်နဲ့တူတဲ့ ပညာရေးစနစ်ထဲမှာ သွတ်သွင်းထားတယ်လို့ သူကဆိုပါတယ်။ ကလေးငယ်တွေကို အကဲဒမစ်ကျောင်း ပညာရေးအရည်အချင်းနဲ့ အရည်အချင်းရှိရင် ရှိသလို မြှောက်စားတဲ့ ပညာရေးစနစ်မှာ အာရုံစိုက်ခိုင်းထားတယ်လို့ သူက ရေးသားထားပါတယ်။ ကလေးငယ်တွေဟာ ကျောင်းမှာကောင်းကောင်းအစွမ်းပြနိုင်ရင် သူ့ဘ၀ရှေ့ရေးမှာ ကျောင်းကောင်းကောင်းတက်ခွင့်တွေ၊ ပညာသင်ခွင့်ဆုတွေနဲ့ ဖြောင့်ဖြူးတဲ့မြေပုံလို သူ့တို့ဘ၀ရှေ့ရေးလမ်းကြောင်း ပြည့်စုံနေတဲ့အချိန်မှာ ပုံမှန်ကြိုးစားခဲ့တဲ့ ကလေးတွေကတော့ ဘေးဖယ်ခံနေရတယ်လို့ ရေးထားပါတယ်။

အကုန်လုံးနီးပါးဟာ သူတို့ရဲ့ဘ၀အတွက် ခက်ခဲစွာ ကြိုးစားရုန်းကန်နေရတာဟာ စင်္ကာပူအစိုးရက တစ်တိုင်းပြည်လုံး တိုးတက်အောင်လုပ်ထားခဲ့လို့ပါတဲ့။ ဒါကလဲ စီးပွားရေးနည်းလမ်းကျကျ တိုးတက်လာခဲ့တာလို့ သူကဆိုပါတယ်။

သူကဆက်လက်ပြီး စင်္ကာပူနိုင်ငံဟာ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အရာတွေ၊ ဒြပ်ရှိတွေကို တိုးတက်အောင်လုပ်ဖို့ပဲ အာရုံစိုက်နေပြီး လက်ဆုပ်လက်ကိုင် မပြနိုင်တဲ့ အရာတွေကို တိုးတက်အောင်လုပ်ဖို့ ကျန်နေတယ်လို့ ထောက်ပြထားပါတယ်။ ပြီးတော့ စင်္ကာပူအစိုးရဟာ ဘ၀မှာမှန်ကန်တဲ့အရာများကိုကို အာရုံစိုက်ရဲ့လား။ ငါတို့တွေဟာ ငယ်ရွယ်တဲ့မျိုးဆက်တွေကို တန်ဖိုးအစစ်အမှန်ဆိုတာတွေ သင်တောင်ပေးရဲ့လားလို့ သူက မေးခွန်းထုတ်ထားပါတယ်။

ပြီးတော့သူက အောက်ပါအကြံဥာဏ်တွေကို သက်ဆိုင်ရာက ပြန်လည်စဉ်းစားပေးဖို့ တောင်းဆိုခဲ့ပါတယ်။

– ကိုယ်ဝန်ဆောင်တွေနဲ့ သက်ကြီးရွယ်အိုတွေ၊ အကူအညီလိုနေသူတွေအတွက် အများသုံးယာဉ်၊ ရထားတွေမှာ သီးသန့်နေရာတွေရှိပြီး၊ တကယ်နေရာပေးတတ်ဖို့ နောက်ပြီး သူတို့တွေ အကူအညီလိုရင် ကူပေးနိုင်ဖို့ မတ်တပ်ရပ်နိုင်တဲ့ နေရာပိုရှိနိုင်ဖို့

– ဆရာ၊ ဆရာမတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ပြန်လည်သုံးသပ်ပေးဖို့။ အကဲဒမစ်ကျောင်းပညာရေးကို အာရုံစူးစိုက်ဖို့ထက် ဆရာ၊ ဆရာမတွေရဲ့ ကိုယ်ကျင့်တရားနဲ့ အမူအကျင့်တွေကို အာရုံစိုက်ပေးဖို့။ အကဲဒမစ်ကျောင်းပညာရေးကို ဆရာ၊ ဆရာမတိုင်း သင်နိုင်မှာဖြစ်ပေမယ့် တကယ့်တန်ဖိုးဆိုတဲ့အရာတွေကို သင်ပေးဖို့ စေတနာ၊ မေတ္တာတွေလိုတယ်လို့ ထောက်ပြထားပါတယ်။

– ဒီလို ကြင်နာမှုတွေပေးခဲ့တဲ့ လူတစ်ဦးချင်းသော်လည်းကောင်း အဖွဲ့အစည်းတွေကိုသော်လည်းကောင်း တန်ပြန်ဆုချီးမြှင့်တာတွေ လုပ်ဖို့

စတာတွေကိုသူက ထောက်ပြပြီး အချစ်နဲ့ ကြင်နာမှုတွေသာရှိရင် စင်္ကာပူနိုင်ငံဟာ ပိုမိုချမ်းသာဝပြောပြီး ပိုမိုအောင်မြင်တဲ့နိုင်ငံဖြစ်လာမယ် ဆိုတာနဲ့ ဆောင်းပါးကို နိဂုံးချုပ်ထားပါတယ်။

ပုံရိပ်(burmesehearts.com)

You might also like