Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကလေးသူငယ်ဦးနှောက်ဖွံ့ဖြိုးမှု နှင့် သင်ယူမှုပိုင်းဆိုင်ရာ – BurmeseHearts

ကလေးသူငယ်ဦးနှောက်ဖွံ့ဖြိုးမှု နှင့် သင်ယူမှုပိုင်းဆိုင်ရာ

0

ဒီအရွယ်မှာ ခံစားမှုတွေ ပျက်စီးသွားခဲ့ရင်လည်း တသက်တာ ပြန်ပြု ပြင်သွားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးပေါ့။
ဒီအရွယ်မှာ ခံစားမှုတွေ ပျက်စီးသွားခဲ့ရင်လည်း တသက်တာ ပြန်ပြု ပြင်သွားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးပေါ့။

ကလေးငယ်တွေ ဘယ်အချိန်ကတည်းက စတင်သင်ယူသလဲဆိုတာ စိတ်ဝင်စားစရာပါ။ သုတေသနပညာရှင်များ အပြောအရ ကလေးငယ်များရဲ့ သင်ယူမှုဟာ မိခင်ကိုယ်ဝန်ဆောင်စဉ် အချိန်ကတည်းကလို့ သိရပါတယ်။

အဲဒီအချိန်မှာ ကိုယ်ဝန်ဆောင်မိခင် ခံစားရတဲ့ ပျော်ရွှင်မှု ၊ ဝမ်းနည်းမှု ၊ စိတ်သောကစတဲ့ မိခင်ရဲ့ခံစားမှုအချက်အလက်တွေကို ဟော်မုန်းအဖြစ် အချင်းကနေပြီး ကလေးဆီ ပို့လွှတ်ပါသတဲ့။

ဒါကြောင့် အိမ်မက်ဆိုးမက်တဲ့ မိခင်နိုးထလာတဲ့အခါ ဗိုက်ထဲက ကလေးရဲ့ နှလုံးခုန်သံ မြန်နေသလိုမျိုး ၊ လန့်သွားတဲ့ ကိုယ်ဝန်ဆောင်မိခင်ဟာ ကလေးနှလုံးခုန်သံ မြန်နေတာကို သိရှိနိုင်သလိုမျိုးတွေက သက်သေပြနေပါတယ်။
BurmeseHearts Blog

ကိုယ်ဝန်ဆောင်မိခင်ရဲ့ တုန့်ပြန်ခံစားမှုများအပေါ် မူတည်ပြီး မွေးဖွားလာခဲ့တဲ့ မွေးကင်းစ ကလေးငယ်များဟာ တုန့်ပြန်မှုတွေ ကွဲပြားသွားတတ်ကြတာကိုလည်း တွေ့ရှိရပါတယ်။ တချို့ကလေးငယ်တွေဟာ ခြောက်လအရွယ်ကစလို့ ခဏ ခဏ လန့်နေတတ်ပေမယ့် တချို့ကလေးတွေကတော့ ဒီလိုမဖြစ်တတ်ကြပါဘူး။

ချစ်ခြင်းမေတ္တာမရှိရင် နှိုးဆွပေးတဲ့ခံစားချက် မရှိတဲ့အတွက် ဦးနှောက်က ဆန်းစစ်ဝေဖန်ပြီး အကဲဖြတ်နိုင်တဲ့ ဧရိယာအချို့ဟာ မဖွံ့ဖြိုးတော့ပါဘူးလို့ ကလေးသူငယ်များဆိုင်ရာ  စိတ်ပညာရှင် Steve Biddulph က ဆိုခဲ့ပါတယ်။

ကလေးသူငယ်တွေဟာ အတွေ့အကြုံ ခံစားမှုအသစ်တွေကို ခံစားရဖို့ လိုအပ်တယ်လို့ ထင်မြင်နေရုံနဲ့ မပြီးပါဘူး။ တကယ်တော့ အဲဒီခံစားမှုတွေကို ခံစားရမယ့်အချိန်မှာ ခံစားရပါမှ ၎င်းဖွံ့ဖြိုးရမယ့် ဦးနှောက် ဖွံ့ဖြိုးမှုအပိုင်းတွေမှာ ဖွံ့ဖြိုးခဲ့မှာ ဖြစ်ပါတယ်။ ခံစားရမယ့် ခံစားမှုတွေကို သူ့အချိန်နဲ့သူ အံဝင်ခွင်ကျ ခံစားရခြင်းမရှိဘူးဆိုပါလျှင် အဲဒီဘက်မှာ ဦးနှောက်ဖွံ့ဖြိုးမှု မရှိတော့ပါဘူး။ အဲဒီအရွယ်မှာ ခံစားမှုတွေ ပျက်စီးသွားခဲ့ရင်လည်း တသက်တာ ပြန်ပြု ပြင်သွားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးပေါ့။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like