Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကလေးတစ်ဦးနဲ့တစ်ဦး ဘယ်လောက်ခြားယူကြမယ် – BurmeseHearts

ကလေးတစ်ဦးနဲ့တစ်ဦး ဘယ်လောက်ခြားယူကြမယ်

0

sablings
တိုးလာတာ ပါးစပ်တစ်ပေါက်တင် မကဘဲ ပြုစုဂရုစိုက် စောင့်ရှောက်မြှင့်တင်ပေးရမယ့် ဘဝတစ်ခု တိုးလာတာပါ။

ကလေးတစ်ဦးနဲ့တစ်ဦး ဘယ်လောက်ခြားပြီးယူမယ်ဆိုတာ မီးဖွားမယ့် မိခင်ရဲ့ အသက်အရွယ် ၊ ကျန်းမာရေး ၊ စီးပွားရေး ၊ အိမ်ထောင်ရေး စတဲ့အထွေထွေကို ပြန်သုံးသပ်ရမှာ ဖြစ်ပါတယ်။ ဒုတိယကလေးယူဖို့ အစစ အရာရာ အဆင့်သင့်ဖြစ်ပြီလားလို့ မိမိဘာသာ အရင်မေးရမှာ ဖြစ်ပါတယ်။

ကလေးတစ်ဦးနဲ့တစ်ဦး အသက်မကွာဘဲ အတူအဖော်လုပ် ကြီးပြင်းစေချင်တဲ့ဆန္ဒ ၊ တစ်ဦးရဲ့အသုံးအဆောင်ကို နောက်တစ်ဦး ပြန်သုံးနိုင်ဖို့ ချွေတာရေးကိစ္စတွေ ခဏဘေးဖယ်ထားပြီး အိမ်ထောင်စုအတွင်း နောက်တစ်ဦးတိုးလာမယ့်ဝန်ကို ထမ်းဖို့အဆင်သင့်ဖြစ်ပြီလားလို့ ပြန်မေးရမှာပါ။

တိုးလာတာ ပါးစပ်တစ်ပေါက်တင်မဟုတ်ပါဘူး ။ ဘဝတစ်ခု တိုးလာတာပါ။ ကိုယ်ထမ်းရမယ့်ဝန်ဟာလည်း နှစ်ဆတိုးလာမယ်။ ဂရုစိုက် ပြုစုစောင့်ရှောက်မှုဟာလည်း နှစ်ဆတိုးလာမှာဖြစ်ပါတယ်။ ကလေးတစ်ယောက်တည်းဝန်ကိုတောင် တမိသားစုလုံး မနိုင်ဝန်ကာ ထမ်းနေရရင် နောက်ထပ်တိုးလာမယ့် ကလေးဟာ ကိုယ့်ကို ဝန်ပိစေရုံအပြင် ဘာရှိဦးမှာလဲ။ ကိုယ့်ဆုံးဖြတ်ချက်ကြောင့် လူဖြစ်လာမယ့်ကလေးကို နောင်မှ အပြစ်မတင်နဲ့လေ။ ကိုယ်ခေါ်လို့ သူရောက်လာရတာပါ။

ဒုတိယကလေးယူမယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုတဲ့သူတွေအတွက် အဘက်ဘက်က ပြန်စဉ်းစားသုံးသပ်နိုင်ဖို့ အသေးစိတ် လေ့လာကြည့်ကြရအောင်နော်။

အမျိုးသမီးတစ်ဦးဟာ ရာသီပေါ်ချိန် ၊ ကိုယ်ဝန်ဆောင်ချိန် ၊ မီးဖွားချိန် ၊ နို့တိုက်ချိန်မှာ သံဓါတ်အများကြီး လိုအပ်နေပါတယ်။ သံဓါတ်ဆိုတာ ဘာလဲလို့ ထပ်လေ့လာရအောင်နော် ။ သံဓါတ်ဆိုတာ သွေးနီဥတွေကို ထုတ်ပေးတာပေါ့။ သွေးနီဥတွေက ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေ ၊ တစ်ရှူးတွေဆီကို အောက်ဆီဂျင်သယ်ဆောင်ပေးတယ်လေ။ သံဓါတ်နည်းရင် သွေးနီဥထုတ်လွှတ်မှုနည်းမယ်။ သွေးနီဥနည်းရင် တစ်ရှူးတွေဆီ အောက်ဆီဂျင်ပံ့ပိုးပေးနိုင်မှုနည်းမယ်။ တနည်း သွေးအားနည်းရောဂါ ဖြစ်လာနိုင်တယ်။
BurmeseHearts Blog
ကိုယ်ဝန်ဆောင်မိခင်လောင်းဟာ သံဓါတ်အားနည်းရင် ဗိုက်ထဲကသန္ဓေသားရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုမှာ အနှောင့်အယှက်ဖြစ်စေပြီး ကလေးဟာ မွေးရာပါ စိတ်အထီးကျန်မှု လက္ခဏာကို ခံစားရဖို့ ရာခိုင်နှုန်းများတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ နို့တိုက်ရင်း ကိုယ်ဝန်ဆောင်နေတဲ့ (အာဟာရဓါတ်မပြည့်ဝတဲ့) မိခင်တွေရဲ့ ကလေးဆိုရင် စဉ်းစားသာ ကြည့်ပါတော့။

အကောင်းဆုံးကတော့ ကလေးမီးဖွားပြီးတာနဲ့ နှစ်နှစ်ကနေ သုံးနှစ်ခြားပြီးမှ နောက်ထပ်ကလေးကိုယ်ဝန်ဆောင်ပါလို့ သိပ္ပံပညာရှင်တွေက သုတေသနပြုပြီး အကြံပေးထားပါတယ်။ ဘာကြောင့်လဲဆိုရင် ကလေးမီးဖွားပြီး တစ်နှစ်ခွဲအတွင်း ကိုယ်ဝန်ရလာသူတွေ လွယ်ထားတဲ့ကလေးဟာ စောမွေးဖို့များသလို သေးသေးကွေးကွေးနဲ့ ပေါင်မပြည့်ဖို့ များနေပါတယ်။

ဒီ့ထက်ကောင်းတဲ့ အကြံဥာဏ်ကတော့ မိမိ နောက်ထပ်တစ်သား ကိုယ်ဝန်ယူမယ်လို့ မဆုံးဖြတ်ခင် မိမိကျန်းမာရေးဟာ အဆင်သင့်ဖြစ်မဖြစ် ဆိုတာကို OG နဲ့ ပြသပြီး အကြံဥာဏ်ရယူဖို့ဖြစ်ပါတယ်။

မီးဖွားပြီးစအမျိုးသမီးတွေဟာ သဘာဝအားဖြင့် အနည်းဆုံး နှစ်လမှ သုံးလအထိ မမျိုးဥမကြွေတတ်ပါ။ နို့တိုက် ကလေးမိခင်များကတော့ မွေးပြီး ၄ ၊ ၅ ၊ ၆ လအထိ ရာသီမပေါ်ဘဲ ရှိတတ်ပါတယ်။ မမျိုးဥဟာ အမျိုးသားသုတ်ကောင်နဲ့ မပေါင်းဖက်ဖြစ်မှ ရာသီပေါ်တာတာမို့ မမျိုးဥကြွေခဲ့တယ်ဆိုတာကို ရာသီပေါ်မှ သိရတာပါ။ ကလေးနို့တိုက်နေလျက် ဒီအတောအတွင်း ရာသီမပေါ်ခဲ့လို့ မမျိုးဥမကြွေဘူးဆိုပြီး အကာအကွယ်မသုံး ၊ တားဆေးမသုံးဘဲ ဇနီးမောင်နှံနှစ်ဦး စပ်ယှက်မိတဲ့အခါမှာ မမျိုးဥကြွေတဲ့အချိန်နဲ့ တိုက်ဆိုင်နေခဲ့ရင် ကလေးရနိုင်ပါတယ်။

ဒါကြောင့်မို့လို့ မီးဖွားပြီးစမိခင်တွေဟာ ကလေးမလိုချင်သေးဘူးဆိုရင် မီးဖွားပြီးတဲ့နောက် ပြန်စစ်ဆေးဖို့ OG က ချိန်းဆိုထားတဲ့ရက်ရောက်ရင် ၊ အားလုံးလည်း ပုံမှန်ဖြစ်တယ်လို့ ဆိုလာရင် ဘယ်ရာသီတားနည်းက ကိုယ့်ကျန်းမာရေးအတွက် အကောင်းဆုံး ဖြစ်မလဲဆိုတာကို မေးမြန်းပြီင်္း ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာကျင့်သုံးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်တလျောက် ကိုယ့်ကျန်းမာရေးကို စစ်ဆေးပြီးဖြစ်လို့ ကိုယ်ဗိုက်အပ်ခဲ့တဲ့ OG ကသာ ကိုယ်နဲ့အသင့်ဆုံးတားနည်းကို ညွှန်ကြားပေးနိုင်တာပါ။  နို့တိုက်မိခင်မို့လို့ ကိုယ်ထင်ရာမြင်ရာ ဆေးစားခြင်း ၊ တခါသုံးဖျက်ဆေး သုံးခြင်းတွေကို ရှောင်သင့်ပါတယ်။

ရတု (Burmesehearts.com)
BurmeseHearts Courses

You might also like