Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကိုယ်ဝန်ပထမသုံးပတ်အတွင်း အခြေအနေ – BurmeseHearts

ကိုယ်ဝန်ပထမသုံးပတ်အတွင်း အခြေအနေ

0

1st month  ကိုယ်ဝန်သုံးပတ်အတွင်း

မိခင်လောင်းများ၏ကိုယ်ဝန်ဆောင်ကာလ တိုးတက်မှုအား အများအားဖြင့် ရက်သတ္တပတ်ဖြင့် ဖော်ပြလေ့ရှိသည်။ ရာသီသွေးနောက်ဆုံးပေါ်တဲ့ ရက်ကနေစပြီး ခြောက်ရက်မြောက်နေ့ကို ရက်သတ္တပတ်တစ်ပတ်အဖြစ် စတင်ရေတွက်ပြီး ယင်းရက်သတ္တပတ်အား “0 week” လို့ သတ်မှတ်ပါတယ်။ ပုံမှာပြထားတာကတော့ ထို”0 week” ကနေ ရက်သတ္တပတ်သုံးပတ် ကိုယ်ဝန်လွယ်ထားရသော အမျိုးသမီးတစ်ဦး၏ သားအိမ်အနေအထားပါ။

ထိုအခြေအနေတွင် သန္ဓေအောင်ပြီးသား သားဥဟာ သားအိမ်နံရံပေါ်မှာ တွယ်ကပ်နေပြီး ၎င်း၏ ဖွံ့ဖြိုးမှုလုပ်ငန်းတွေအတွက် နေရာယူပြင်ဆင်နေပါတယ်။ ထိုအခြေအနေကို ကိုယ်ဝန်စတင်ရှိနေပြီလို့ ပြောဆိုလို့ရပါပြီ။ ဒါပေမယ့် ကိုယ်ဝန်သုံးပတ်ကာလတိုင်အောင် မိမိကိုယ်တွင်းက သားအိမ်အရွယ်အစားဟာ ပြောင်းလဲမှု မရှိပါဘူး။

အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ဖို့ အားကုန်ကြိုးစားနေတဲ့ သန္ဓေအောင်ပြီးစ သားဥကလေးဟာ ကိုယ်ဝန်ရှစ်ပတ်အရွယ်ရောက်ပါမှ သန္ဓေသားစစ်စစ် ဖြစ်တည်ပြီလို့ ပြောလို့ရမှာပါ။

ရတု (Burmesehearts.com)

You might also like