နို့တိုက်မိခင်ဝမ်းသွားနေရင် ကလေးကို နို့ဖြတ်ထားသင့်သလား?

0

အမေဝမ်းသွားရင် ကလေးပါဝမ်းသွားနိုင်တယ်လို့ တလွဲယုံကြည်ထားလို့ ဖြစ်ပါတယ်။ အမေ့ဝမ်းထဲ ဝမ်းသွားစေတဲ့ ပိုးမွှားတွေကြောင့် ဝမ်းသွားတာ အဲဒီပိုးက အမေ့ဝမ်းထဲကနေ ဘယ်လိုလို့ ကလေးဝမ်းထဲ ရောက်နိုင်ပါ့မလဲ။ တကိုယ်စီမဟုတ်ဘူးလား။ ဝမ်းသွားတဲ့အမေက ရေအိမ်သွားပြီး ဆပ်ပြာနဲ့ လက်စင်စင်မဆေးခဲ့လို့ ၊ ပြီးရင် ကလေးကို နို့တိုက်တာ ၊ ကိုင်တာ ၊ သန့်ရှင်းတာတွေလုပ်ရင်း ဒီပိုးဟာ ကလေးပါးစပ်ထဲ ဝင်သွားမှသာ ကလေးပါ ဝမ်းသွားနိုင်တာပါ။

ပုံမှန်အားဖြင့် အမေဝမ်းသွားရုံနဲ့ နို့စို့ကလေး ဝမ်းမသွားနိုင်ပါ။ မိခင်နို့ရည်မှာ ပိုးမွှားတွေ မပါလာဘဲ ရောဂါကာကွယ်မှုကိုပင် ပေးစွမ်းနေတာပါ။ ဒါကြောင့် နို့တိုက်မိခင်ဝမ်းသွားလို့ ကလေးကို နို့ဖြတ်ထားစရာ အကြောင်းမရှိပါ။

You might also like
Leave a comment