
အလုပ်ပြန်ဝင်ရတဲ့မိခင်တွေ ကလေးကို မိခင်နို့ ဆက်တိုက်ချင်ရင် ဘယ်လိုလုပ်သင့်သလဲ?
အလုပ်လုပ်တဲ့မိခင်တွေဟာ မိမိရင်သွေးကို မနက်ရုံးမသွားမီတကြိမ် နို့အဝတိုက်ပြီး အလုပ်သွားနိုင်ပါတယ်။ အလုပ်ထဲမှာ ရေခဲသေတ္တာရှိပြီး ၎င်းတို့ကလည်း ခွင့်ပြုတယ်ဆိုရင်ဖြင့် နို့သက်ပြီး ထွက်လာမယ် နို့ရည်တွေကို လေလုံတဲ့ ဗူးသန့်သန့်ထဲ ညှစ်ထည့်ထားပြီး အေးခဲထားနိုင်ပါတယ်။ (အေးခဲထားတဲ့အတွက် မိမိရုံးဆင်းလာတဲ့အခါ အခဲအရည်ပျော်သွားနိုင်ပေမယ့် အအေးဓါတ်ရှိနေသေးတဲ့အတွက် ခရီးအလွန်မဝေးရင် နို့မပျက်နိုင်ပါ။)
အိမ်မှာလည်း ရေခဲသေတ္တာရှိတယ်ဆိုရင်ဖြင့် ထိုနို့ရည်ဗူးအား ပြန်ခဲထားပါ။ နောက်တနေ့ မိမိရုံးသွားချိန်တွင် ကလေးအား အေးခဲထားသည့်နို့ကိုနွေးပြီး တိုက်ကျွေးနိုင်ပါတယ်။