သရက်သီး ၊ သင်္ဘောသီး ၊ မုန့်ဟင်းခါး စတာတွေဟာ ဝမ်းသွားစာတွေလား?

0

သရက်သီး ၊ သင်္ဘောသီး ၊ မုန့်ဟင်းခါး စတာတွေဟာ ဝမ်းသွားစာတွေ မဟုတ်ပါဘူး။ ဝမ်းသွားစာတွေဆိုရင် ဒီအစာစားတဲ့သူတွေတိုင်း ဝမ်းသွားကြမှာ မဟုတ်လား။ လူတိုင်း ဝမ်းသွားတာ ၊ ဝမ်းလျှောတမျိုးမရှိဘဲ အချို့မှာမှ ဘာလို့ကွက်ပြီး ဝမ်းသွား ၊ ဝမ်းလျှောရသလဲ ။ ရှင်းပါတယ်။ သူတို့စားတဲ့အစာတွေဟာ သန့်ရှင်းလတ်ဆတ်မှု ပြည့်ပြည့်ဝဝမရှိဘဲ ယင်နားစာတွေ ဖြစ်နေလို့ပါ။ သင်္ဘောသီး ၊ သရက်သီးတွေကို အရင်ဆုံး ရေစင်စင်ဆေးပြီး ၊ လှီးမယ့်ဓါးနဲ့ အသီးကိုင်မယ့်လက်ကိုလည်း ရေစင်စင်ဆေးပြီးမှ သန့်သန့်ရှင်းရှင်း အခွံနွှာစားရင် ဝမ်းမသွားနိုင်ပါ။ မုန့်ဟင်းခါးပူပူနွေးနွေးဟာ ဝမ်းသွားစာမဟုတ်ပါ။ သေသေချာချာ ဖုံးအုပ်ထားခြင်းမရှိတဲ့ ယင်နားမုန့်ဖတ်ကို မုန့်ဟင်းရည်နဲ့ တွဲစားမိလို့ ဒါမှမဟုတ်လည်း မသန့်ရှင်းတဲ့ ဈေးသည်ရဲ့လက်က မုန့်ဟင်းခါးဖတ်ကိုင်လို့သာ ဝမ်းသွားတာဖြစ်ပါတယ်။ ဒါ့အပြင် အမေက ဒီအစာတွေစားလို့ နို့စို့ကလေး ဝမ်းသွားရတယ်ဆိုတဲ့ အယူအဆ လုံးဝမမှန်ကန်ပါ။

You might also like
Leave a comment