မီးဖွားပြီးနောက် သားအိမ်အလုပ်လုပ်ပုံ နှင့် ပြန်နလန်ထူသည့်အဆင့်

0

မီးဖွားပြီးနောက် နဂိုအနေအထား ပြန်ရောက်ဖို့ သားအိမ်က အဆက်မပြတ် အလုပ်လုပ်ရပါတယ်။
မီးဖွားပြီးနောက် နဂိုအနေအထား ပြန်ရောက်ဖို့ သားအိမ်က အဆက်မပြတ် အလုပ်လုပ်ရပါတယ်။

ကလေးမီးဖွားပြီးတဲ့နောက်မှာ မီးဖွားပြီးစမိခင်ရဲ့ သားအိမ်ဟာ ကြက်ဥအရွယ် နဂိုအနေအထားပြန်ရောက်ဖို့ ဆက်တိုက်ကျုံ့နေတာမို့  ရက်သတ္တပတ် (၆)ပတ်မှ (၈)ပတ်တိုင်အောင် မီးဖွားစဉ်ဗိုက်နာတုန်းလိုမျိုးနဲ့ ဆင်တူတဲ့ နာကျင်မှုမျိုးကို မီးဖွားပြီးစမိခင်ဟာ ခံစားနေရပါတယ်။

ရက်သတ္တပတ် (၆)ပတ်မှ (၈)ပတ်အတွင်းမှာ နဂိုမူရင်း သားအိမ်အနေအထားကို ပြန်ရောက်သွားပေမယ့်လို့ ကိုယ်ဝန်လွယ်ထားတုန်းက ကြီးမားပူတင်းခဲ့တဲ့ ဗိုက်ပြင်ကတော့ ဒီကာလတိုတိုမှာ အရင်တုန်းကလို ပြန်ချပ်မသွားပါဘူး။

ကိုယ်ဝန်လွယ်တုန်းကနဲ့ မီးဖွားတုန်းက ဒဏ်ခံခဲ့ရတဲ့ ကြွက်သားနဲ့ အဆစ်အမြစ်တွေဟာလည်း နဂိုမူလအတိုင်း ပြန်နလန်ထူလာဖို့ ကြိုးစားလုပ်ဆောင်နေတုန်းအဆင့်မှာ ရှိနေပါတယ်။ ဒါဟာ မီးဖွားပြီးစမိခင်တိုင်း ခံစားရတဲ့ဝေဒနာတွေ ဖြစ်ပါတယ်။

မီးဖွားပြီး ပထမနှစ်ရက် မှ သုံးရက်အတွင်း မိန်းမကိုယ်က ဆင်းတဲ့ပမာဏ များပါမယ်။ ဒီနှစ်ရက် သုံးရက်အတွင်းမှာမိန်းမကိုယ်က ဆင်းလာတဲ့အရည်တွေဟာ စေးပျစ်ပြီး ချွဲတွေ ၊ သားအိမ်တစ်ရှူးးတွေဟာ သွေးနဲ့အတူ ပါဝင်လာတာဖြစ်ပါတယ်။ အရောင်ကတော့ သွေးရောင်ရှိမှာမို့ သွေးချည်းဆင်းတယ်လို့ ထင်နေတာပါ။

သားအိမ်မူလအနေအထား ပြန်ရောက်သွားတဲ့အခါမှာ ဆင်းတာနည်းလာမှာဖြစ်ပြီး အရောင်လည်း ဖျော့သွားမှာပါ။ အနီရောင်ကနေ ပန်းရောင်သန်းလာသလိုမျိုးပေါ့။ အဲဒီကနေ အဝါရောင်ဘက်ပြောင်းသွားပြီး နောက်အဖြူတွေ ဆင်းလာမှာပါ။ ပုံမှန်အနေအထားမှာဆိုရင် မိန်းမကိုယ်က ဆင်းတာတွေဟာ ရက်သတ္တပတ် (၃)ပတ်ကနေ (၅)ပတ်အတွင်း နဂိုမူလအတိုင်း ပြန်ဖြစ်သွားမှာပါ။

မီးဖွားပြီးစ ထွက်လာတဲ့ အဝါရောင် နို့ဦးရည်ကို ကလေးမွေးပြီးတာနဲ့ တိုက်ကျွေးရမှာဖြစ်ပါတယ်။ မီးဖွားပြီးစမိခင်ရဲ့ နို့ဦးရည်ဟာ (၂)ရက်ကနေ (၅)ရက်အထိ အရောင်မပြောင်းဘဲ ဆက်ထွက်နေဦးမှာပါ။ ဒီအတောအတွင်းမှာ နို့ရည်ဟာ ဖြူလာပြီး ပုံမှန်နို့ရည်အရောင်ကို ရောက်လာမှာဖြစ်ပါတယ်။

ရတု (Burmesehearts.com)

You might also like