မီးဖွားပြီးစမိခင်များ သိကောင်းစရာ

0

newborn and mother

ဗိုက်ခွဲမွေးသူများအဖို့ ဗိုက်၏အောက်ဖက်ပိုင်းတွင် ခွဲထားခြင်းဖြစ်ရာ ထိုနေရာမှ နာကျင်ကိုက်ခဲမှုတို့ကို ခံစားနိုင်သည်။ ဆေးဝန်ထမ်းများ ညွှန်ကြားထားသည့်အတိုင်း အနာကို ဆေးမှန်မှန်ထည့်ပြီး ဒဏ်ရာကောင်းကောင်း မကျက်ခင် အလေးအပင်မခြင်းကို ရှောင်ရှားပါ။

ထိုနေရာများမှ နာကျင်ကိုက်ခဲမှုများသည် ရက်ကြာလာသည်နှင့်အမျှ ပျောက်သွားမည်ဖြစ်သည်။ သို့ပေမယ့် ထိုနေရာမှ သွေးများထွက်နေခြင်း ၊ ထိုနေရာများမှ အစုအခဲတွေကို ခံစားရခြင်း ၊ ရောင်ယမ်းနေခြင်း ၊ မိန်းမကိုယ်ချုပ်ရာ သို့မဟုတ် ဗိုက်ပြန်ချုပ်ရာတို့မှ အဆက်မပြတ် နာကျင်ကိုင်ခဲနေမှုတို့ကို ခံစားနေရပါက ဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ဆွေးနွေးပါ။

ကလေးမီးဖွားပြီးစမိခင်ဟာ ဝမ်းချုပ်ခံလို့လည်း မဖြစ်ပေ။ Episiotomy နဲ့ မွေးလာသူဟာ မိန်းမကိုယ်ညှပ်ထားတဲ့ ဒဏ်ရာကြောင့် ဝမ်းမာမာ မညှစ်နိုင်တဲ့အတွက် နဂိုဝမ်းချုပ်တတ်သူများအဖို့ ဝမ်းပျော့ဆေးအား ဆရာဝန်ထံမှ ဆေးညွှန်းတောင်းခံထားသင့်ပါတယ်။ (နို့တိုက်မိခင်ဖြစ်သည့်အတွက် မိမိထင်ရာ ဝမ်းနှုတ်ဆေးများ စားခြင်းကို လုံးဝရှောင်ရှားပါ။)

ယခင်က ဝမ်းပျော့ပျော့သွားတတ်ပေမယ့်လည်း ကလေးမီးဖွားပြီး စိတ်ဖိစီးမှုကြောင့်သော်လည်းကောင်း ၊ မေ့လျော့သွား၍သော်လည်းကောင်း ဝမ်းမှန်မှန် မသွားဖြစ်ဘဲ ဝမ်းချုပ်သွားသည်လည်း ရှိတတ်ရာ ဆရာဝန်ထံမှ ဝမ်းပျော့ပျော့သွားဆေးကို တခါတည်း ဆေးညွှန်းတောင်းခဲ့သင့်သည်။ သို့မှသာ ဆရာဝန်က ကလေးမီးဖွားပြီးစ နို့တိုက်မိခင်အတွက် ဘေးအကင်းဆုံး ဆေးညွှန်းပေးနိုင်မည်။

မီးဖွားပြီးစမိခင်များဟာ ကိုယ်ဝန်ဆောင်စဉ်က ကိုယ်အလေးချိန် တက်ပြီးဖြစ်ရာ ကိုယ်ဝန်မဆောင်ခင်တုန်းကလို နဂိုမူရင်း ကိုယ်အလေးချိန်နှင့် ပုံစံမျိုး ခပ်မြန်မြန်ပြန်ရလိုပါက ကလေးနို့တိုက်ပေးပါ။ ကလေးကို ချော့မြူချီပိုးရင်း လမ်းများများလျှောက်ပေးပါ။ (လမ်းလျှောက်ခြင်းဟာ လေ့ကျင့်ခန်းတစ်ခုလို ဖြစ်သွားသည့်အတွက် ကိုယ်ဝန်မရခင်တုန်းကလို ခပ်မြန်မြန် ပြန်လှလာမည်။)

ကလေးမီးဖွားပြီးစမိခင်ဟာ သဘာဝအရ ဆံပင်များလည်း ကျွတ်တတ်ရာ စိတ်ပူစရာမလိုပေ။ ကလေး(၆)လမှ တစ်နှစ်အတွင်း နဂိုမူလအတိုင်း ပြန်ဖြစ်သွားလိမ့်မည်။ ဗိုက် ၊ ပေါင် နှင့် ရင်သားမှ အကြောပြတ်ရာများမှာမူ လုံးဝပျောက်သွားမည်မဟုတ်ဘဲ အချိန်အတိုင်းအတာ တစ်ခုအတွင်း ရှိနေဦးမှာဖြစ်ပါတယ်။ တချို့ လုံးဝမပျောက်တော့တာလည်း ရှိပါတယ်။

ကလေးမိခင်ဟာ မူးယစ်စေတတ်သော အရက်သေစာ နှင့် မူးယစ်ဆေးဝါးများ သောက်စားခြင်း ၊ ဆေးပေါလိပ် နှင့် စီးကရက်အမျိုးမျိုး သောက်သုံးခြင်းတွေကို လုံးဝရှောင်ရှားသင့်ပါတယ်။

ရတု (Burmesehearts.com)

You might also like