မိခင်လောင်းများ သိကောင်းစရာ အပိုင်း(၁)

0

ရေများများသောက်ပြီး အာဟာရဖြစ်တဲ့ အစာကိုစားပါ။
ရေများများသောက်ပြီး အာဟာရဖြစ်တဲ့ အစာကိုစားပါ။

ရေများများသောက်သုံးသင့်သည့်အကြောင်း

ကိုယ်ဝန်ဆောင်နေချိန်တွင် သန္ဓေသားသည် မိခင်၏သားအိမ်အတွင်းရှိ ရေမြွှာအတွင်း နေထိုင်ရသည်ဖြစ်သောကြောင့် ကိုယ်ဝန်ဆောင်သည်များသည် ကိုယ်ဝန်မဆောင်ခင်အချိန် သောက်သည့်ပမာဏထက် ပိုမိုပြီး ရေကို များများ သောက်သုံးသင့်ပေသည်။

အရာတစ်မျိုးမျိုးကို ထွေးပိုက်ထားလျှင်ပင် ပူလာတတ်သော ဓါတ်သဘောရှိသည်မို့ သန္ဓေသားကို ကိုးလ ၊ ဆယ်လနီးပါး ဆောင်လွယ်ထားရသော ကိုယ်ဝန်သည်များအဖို့ ကိုယ်ဝန်ဆောင်နေချိန်တွင် ကိုယ်တွင်းအပူ ပိုလာတတ်သည်။ ထို့ကြောင့် ပူသောရာသီတွင် မောပန်းနွမ်းနယ်ခြင်း ၊ ရေခဏခဏ ချိုးချင်စိတ်များဖြစ်ခြင်းတို့ကို သာမန်သူများထက် ပိုကြုံတွေ့ရသည်။

ထို့ကြောင့် ကိုယ်ဝန်ဆောင်သည်များသည် ရေကို သတိရလျှင် ရတိုင်း ပိုမို သောက်သုံးသင့်ပေသည်။

 

ဟင်းသီးဟင်းရွက်များ နှင့် သစ်သီးဝလံများ

ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများအား ကိုယ်ဝန်ဆောင်သည်များ ပိုမိုစားသုံးသင့်သည်။ ကြော်လှော်ချက်ပြုတ် စားသောက်ရမည့် အသီးအရွက်များအား ကြော်လှော်ပြီး လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေးစားခြင်းသည် အေးစက်နေသော အစားအစာများကို စားသောက်ခြင်းထက် မိခင်လောင်းများ၏ အစာချေစနစ်အားလည်း ပိုမိုကောင်းမွန်စေသည်။

အသင့်စားသုံးနိုင်သည့် သစ်သီးဝလံများကိုမူ သေချာစွာ ရေစင်စင်ဆေးကြောပြီးမှ စားသုံးသင့်သည်။ လတ်လတ်ဆတ်ဆတ်စားဟု ဆိုတိုင်း အပင်ပေါ်က ခူးစားတာမျိုး ၊ ဈေးကဝယ်ဝယ်လာချင်း မဆေးမကြောဘဲ စားတာမျိုးကိုတော့ ရှောင်ရှားသင့်ပေသည်။ အဘယ်ကြောင့်ဆိုသော အသီးတွင် ကပ်ငြိတွယ်နေနိုင်သည့် မျက်စိနှင့်မမြင်ရသော ပိုးများ မိမိကိုယ်တွင်းရောက်ရှိကာ ဗိုက်ထဲက ဖွံ့ဖြိုးဆဲ နုနယ်သောသန္ဓေသားအား ဒုက္ခမပေးနိုင်အောင် ဖြစ်သည်။

အသုတ်လုပ်စားသည့်အခါတွင်လည်း အသီးအရွက်နှင့် သစ်သီးဝလံများကို သေချာစွာ ရေစင်စင်ဆေးပြီးမှ စားသောက်သင့်သည်။

 

အလွယ်စားသောက်ကုန်များ

hot dog ၊ bacon နဲ့ sausage အစရှိသော အလွယ်တကူ အဆင်သင့်စားသောက်နိုင်သော အစားအသောက်များအား ကြော်လှော်ချက်ပြုတ်ပြီးမှ စားသင့်ကြောင်းလည်း သတိချပ်သင့်သည်။ ထိုကဲ့သို့သော အစာများတွင် ဆီးချိုရောဂါနှင့် ဦးနှောက်အတွင်းကြိတ်များ ဖြစ်ပေါ်စေနိုင်သော အရာများ ပါဝင်နေသောကြောင့်ဖြစ်သည်။

ရတု (Burmesehearts.com)

You might also like