မိခင်လောင်းများ သိကောင်းစရာ အပိုင်း(၂)

0

ရေများများသောက်ပြီး အာဟာရဖြစ်တဲ့ အစာကိုစားပါ။

ရေများများသောက်ပြီး အာဟာရဖြစ်တဲ့ အစာကိုစားပါ။

ကြက်ဥ ၊ ဘဲဥ နှင့် ဥအမျိုးမျိုး စားသောက်ခြင်း

ကိုယ်ဝန်ဆောင်သည်များသည် ကြက်ဥ ၊ ဘဲဥ အစရှိသော ဥများအား စားသောက်ရာတွင် လုံးဝကျက်သွားသည်အထိ ချက်ပြုတ်စားသောက်ရမည်။ ထိုကဲ့သို့ လုံးဝကျက်သွားသည်အထိ ချက်ပြုတ်စားသောက်ခြင်းမပြုဘဲ မကျက်တကျက် ချက်ပြုတ်ကြော်လှော် စားသောက်ခြင်း ၊ အစိမ်းသောက်ခြင်းတို့ကို လုံးဝ ရှောင်ကြဉ်သင့်ပေသည်။

အဘယ်ကြောင့်ဆိုသော် ဥအမျိုးမျိုးတို့အား အစိမ်းစားခြင်းနှင့် မကျက်တကျက် စားခြင်းတို့သည် ကိုယ်ဝန်ဆောင်သည်အား အစာအဆိပ်သင့်စေခြင်း ၊ ဥအတွင်းရှိ ပိုးမွှားများကြောင့် ဖျားနာခြင်း ၊ အန်ခြင်း နှင့် ဝမ်းသွားခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သောကြောင့်ဖြစ်သည်။

ထို့ကြောင့် မိမိအိမ်၌သော်လည်းကောင်း ၊ စားသောက်ဆိုင်နှင့် အလှူများတွင်သော်လည်းကောင်း ဥအမျိုးမျိုးပါဝင်နိုင်သော အစားအသောက် ၊ အသုတ် အစရှိသည်တို့တွင် ကြက်ဥကို လုံးဝကျက်သည်အထိ ချက်ပြုတ်ထားခြင်းရှိ ၊ မရှိ စိစစ်ပြီးမှ စားသောက်သင့်ပေသည်။

 

ထမင်းလိပ်

ကိုယ်ဝန်ဆောင်သည်များသည် အသား ၊ ငါးများကို လုံးဝကျက်သွားသည်အထိ ကြော်လှော်ချက်ပြုတ်ပြီးမှ စားသောက်ရမည်ဖြစ်ရာ ဂျပန်ထမင်းလိပ် ၊ ကိုရီးယားထမင်းလိပ်များထဲကလို အသားစိမ်း ၊ ငါးစိမ်းများ ထည့်သွင်းထားသည့် အစားအစာများကို အထူး ရှောင်ကြဉ်သင့်ပေသည်။

အဘယ်ကြောင့်ဆိုသော် ထိုအသား ၊ ငါးများတွင် ရှိနေသော ပိုးမွှား ၊ ကပ်ပါးကောင်များသည် ကိုယ်ဝန်ဆောင်မိခင်နှင့် သန္ဓေသား၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သောကြောင့် ဖြစ်သည်။

 

ငါး

ကိုယ်ဝန်ဆောင်စဉ် ကာလအတွင်း ငါးများကို လတ်လတ်ဆတ်ဆတ် ကြော်လှော်ချက်ပြုတ် စားသောက်ခြင်းသည် သန္ဓေသား၏  ဦးနှောက်ဖွံ့ဖြိုးမှုကို ကောင်းစေတဲ့အတွက် အသားနှင့်ငါး ရွေးစရာရှိပါက ကိုယ်ဝန်ဆောင်သည်များသည် ငါးကို ကိုယ်ဝန်ဆောင်ကာလအတွင်း ပိုမိုစားသုံးသင့်ပေသည်။ သို့ပေမယ့် ရက်သတ္တ တစ်ပတ်လျှင် ငါးပမာဏ (၁၂)အောင်စထက်တော့ ပိုမစားသင့်ပေ။

သို့ရာတွင် ဓါးရှည်နှုတ်သီးငါး (swordfish) ၊ ငါးမန်း (shark) ၊ tilefish တို့အပြင် နှစ်ရှည်နေထိုင်ကြသော ငါးအသားများကို စားခြင်းမှ ရှောင်ကြဉ်သင့်သည်။ အဘယ်ကြောင့်ဆိုသော ၎င်းတို့၏အသားတွင်းပါဝင်သော mercury ဟုခေါ်သည့် ပြဒါးပမာဏမှာ ကိုယ်ဝန်ဆောင်သည်များ စားသုံးသင့်သည့် ပမာဏထက် ပိုမိုပါဝင်နေသောကြောင့်ဖြစ်သည်။

ထိုကဲ့သို့သော သားကြီး ၊ ငါးကြီးမျိုးများအား ကိုယ်ဝန်ဆောင်စဉ် ကာလတွင်သာမက ကလေးအသက် လေးနှစ်အရွယ်အထိ ရှောင်ကြဉ်သင့်ကြောင့်လည်း သတိချပ်သင့်ပေသည်။

 

အလွယ်စားသောက်ကုန်များ

hot dog ၊ bacon နဲ့ sausage အစရှိသော အလွယ်တကူ အဆင်သင့်စားသောက်နိုင်သော အစားအသောက်များအား ကြော်လှော်ချက်ပြုတ်ပြီးမှ စားသင့်ကြောင်းလည်း သတိချပ်သင့်သည်။ ထိုကဲ့သို့သော အစာများတွင် ဆီးချိုရောဂါနှင့် ဦးနှောက်အတွင်းကြိတ်များ ဖြစ်ပေါ်စေနိုင်သော အရာများ ပါဝင်နေသောကြောင့်ဖြစ်သည်။

ရတု (Burmesehearts.com)

You might also like