မီးနေသည်နှင့် မိခင်များ မိခင်က ကြက်ဥစားရင် ကလေးဝမ်းကိုက်တတ်သလား? Last updated Jun 25, 2020 0 Share မိခင်က ကြက်ဥစားရင် ကလေးဝမ်းကိုက်ခြင်းမဟုတ်ပါ။ ဝမ်းကိုက်ခြင်းဟာ ဝမ်းကိုက်ပိုးနဲ့ ဘက်တီးရီးယားပိုးတို့ကြောင့်ဖြစ်ပြီး ကြက်ဥစားလို့ ဝမ်းကိုက်ခြင်းမဟုတ်ပါ။ တကယ်လို့ ပူပူနွေးနွေး ကြော် ၊ ချက်ထားတဲ့ ကြက်ဥကို မစားဘဲ အေးမှစားမယ် ၊ နောက်နေ့မှစားမယ်ဆိုရင်တော့ ကြော် ၊ ချက်ထားတဲ့ ကြက်ဥပေါ် ဝမ်းကိုက်ပိုးရှိနေတဲ့ ယင်နားတဲ့အခါ စားသူဟာ ဝမ်းကိုက်ဝေဒနာ ခံစားရမှာပါ။ မသန့်ရှင်းတဲ့နေရာတွေ ၊ မစင်တွေပေါ်မှာ နားလာခဲ့တဲ့ယင်က ဒီကြက်ဥအပေါ်မှမဟုတ်ပဲ ဘယ်အစာပေါ်နားနား ဒီအစာကို စားမိတဲ့သူက ဝမ်းကိုက်ရောဂါဝေဒနာကို ခံစားရမှာပါ။ ဒါဟာ ကြက်ဥကြောင့် ဝမ်းကိုက်တာ မဟုတ်ပါဘူး။ စားတဲ့အစာဟာ မသန့်ရှင်းလို့ ၊ ယင်နားစာမို့လို့ဖြစ်ပါတယ်။ Myanmar videoမီးနေသည်နှင့် မိခင်များ 0 Share FacebookViberWhatsAppLinkedinTwitter