ဘယ်လိုလက္ခဏာတွေရှိနေရင် ကိုယ်ဝန်ရှိနေတယ်လို့ သတ်မှတ်နိုင်သလဲ?

0

ပဋိသန္ဓေတည်စ တစ်လ ၊ နှစ်လအတွင်းတွင် ကိုယ်ဝန်ရှိသည်ကို မသိ ၊ နားမလည်သူများအဖို့ ကိုယ်ဝန်ရှိခြင်း ၊ မရှိခြင်းကို ပြောဆိုရန် ခက်ခဲပေသည်။ များသောအားဖြင့် ကလေးလျှောကျခြင်း ၊ ပျက်ကျခြင်းတို့ ဖြစ်တတ်သည်မှာလည်း ထိုလများတွင် ဖြစ်ကြောင်း သတိချပ်သင့်သည်။

ပဋိသန္ဓေတည်ခြင်း မတည်ခြင်းကို သိရှိဖို့အချက်များမှာ ရာသီလာ ရပ်ဆိုင်းခြင်း ၊ ပျို့၍ အော့အန်ခြင်း ၊ မကြာခဏ ဆီးသွားခြင်း  ၊ ရင်သားများ တင်းမာကြီးထွားလာခြင်း တို့ဖြစ်သည်။ 

လက္ခဏာတစ်ခုပေါ်ရုံမျှဖြင့် ပဋိသန္ဓေတည်ရှိခြင်းဟု အတပ်မဆိုလိုပေ။ အမျိုးသမီးတွင် ဖြစ်တတ်သော ရောဂါများသည် ထိုလက္ခဏာအချို့နှင့် ဆင်တူသောကြောင့် ဖြစ်သည်။ ပဋိသန္ဓေတည်ခြင်း လက္ခဏာ နှစ်ခု ၊ သုံးခုပေါ်မှသာ ကိုယ်ဝန်ရှိပြီဟု ဆိုအပ်ပေသည်။

You might also like
Leave a comment