ပညာဒါန စက်ချုပ်ဘာသာရပ်(Workshop)သင်တန်းတွေကို သင်မည့်သူ

0

ဒီဇင်ဘာ(၁၁)ရက်နေ့ ၊ တော်ဝင်ဂါးဒင်းဟိုတယ်တွင် ပို့ချမည့် ပညာဒါနသင်တန်းများဖြစ်သော စက်ချုပ်သင်တန်းဘာသာရပ်တွေကို ဘယ်သူ သင်ကြားမှာလဲလို့ သိချင်မှာပဲနော်။

Burmese Hearts က ကြီးမှူးကျင်းပတဲ့ ပညာဒါနစက်ချုပ်သင်တန်းတွေကို သင်ပေးမယ့်သူက ငယ်ငယ်ရွယ်ရွယ်နဲ့ အမြဲတမ်း ပညာဒါန စက်ချုပ်သင်တန်းတွေ သင်ပေးနေတဲ့ ဒီဇိုင်နာဆရာမလေး သော်သဇင်ဖြစ်ပါတယ်။ သူမဘာတွေကို ဘယ်လောက်အတိုင်းအတာအထိ သင်ပေးပြီး ကျွမ်းကျင်လှတယ်ဆိုတာကို Facebook မှာ Thaw Thazin လို့ ရိုက်ထည့်လိုက်ရင် အွန်လိုင်းကနေ သင်ပြနေတဲ့ သူ့သင်ခန်းစာတွေကို လေ့လာခွင့်ရမှာပါ။

ဒီဇင်ဘာ၁၁ရက်နေ့မှာတော့ Burmese Hearts ရဲ့ ပံ့ပိုးမှုနဲ့ ဆရာမလေးသော်သဇင် သင်ကြားတဲ့ ပတ်ထမီ ၊ ဂျိတ်စကပ် ၊ Blouse အက်ႌ ၊ Fitting Smart အက်ပ္အက်ႌ နဲ့ ဂါဝန်ချုပ်နည်းတွေကို တော်ဝင်ဂါးဒင်းဟိုတယ်ခန်းမမှာ လာရောက်လေ့လာနိုင်ပါပြီ။

pamphlet pamphlet-back

တဘာသာကို (၁၂)ဦးသာ ကန့်သတ်ထားပြီး စက်နင်းမတတ်တဲ့သူတွေအတွက် ပွဲနေ့မတိုင်ခင် စက်နင်းသင်ပေးမှာဖြစ်လို့ အမှတ်(၁၇၃)ခ ၊ မြေညီထပ် ၃၈လမ်းအလယ်ဘလောက်က Neon Star မိုဘိုင်းဖုန်းဖြန့်ချီရေးမှာ ကြိုတင်လာရောက်စာရင်းပေးသွင်းနိုင်ပါတယ်။ ဘာသာရပ်တခုကို ကျပ်ကိုးထောင်ပဲ ပေးရမှာဖြစ်ပါတယ်။

သင်မယ့်ဘာသာရပ်အတွက် ငွေသွင်းပြီးရင်တော့ ဒီဇင်ဘာ၁၁ရက်နေ့ ၊ ကိုယ်တက်တဲ့ဘာသာအချိန်မတိုင်မီ တော်ဝင်ဂါးဒင်းဟိုတယ် ရှစ်လွှာကို လူသာအရောက်လာရုံပါ။ ပိတ်စနဲ့လိုအပ်တဲ့ပစ္စည်းတွေကို Burmese Hearts က ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ စက်ချုပ်ဝါသနာပါသူတွေ ဒီအခွင့်အရေးကို လက်မလွတ်နဲ့နော်။

ရတု(Burmesehearts.com)

You might also like