ဆီးစစ်ကိရိယာနဲ့ မှန်မှန် ကန်ကန် စမ်းသပ်နည်းဆိုတာ ဘာလဲ?

0

စမ်းသပ်ကိရိယာ ရက်စွဲ လွန်တာသတိပြုပါ။ ကိုယ်ဝယ်ထားတဲ့ ဆီးစစ်ကိရိယာရဲ့ အညွှန်းကို သေသေချာချာဖတ်ပါ။ ဆီးကို ပုလင်းသန့်သန့်နဲ့ခံပါ။ ဆီးပုလင်း-ခွက်ထဲကို Test strip စမ်းသပ်တံလေး နှစ်စိမ်လိုက်ပါ။ သတ်မှတ်ပေးထားတဲ့ အမှတ်ကို ဆီးကလွန်ပြီး မထိပါစေနဲ့။ ၁-၂ မိနစ်စောင့်ပါ။ တချို့က ၄ဝ စက္ကန့်ဘဲ စောင့်ခိုင်းတယ်။ ၂ ကြောင်း တွေ့ရင် ဆီးပိုင်ရှင်မှာ ကိုယ်ဝန်ရှိတယ်။ ၁ ကြောင်းက ခပ်မှိန်မှိန်ပေါ်နေတာကိုလဲ အပေါင်းပြတယ်လို့ မှတ်ရမယ်။

One Step Pregnancy Test ကတော့ စမ်းသပ်တံအပြားလေးမှာ သတ်မှတ်ပေးထားတဲ့ အကွက်လေးပေါ်ကို ဆီး ၃ စက် ချရတယ်။ ၅ မိနစ်စောင့်ပြီး၊ အနီမျဉ်း ၂ ကြောင်း ပေါ်လာတာကို ကြည့်ရတယ်။ ၁ ကြောင်းက ခပ်မှိန်မှိန် ပေါ်နေတာကိုလဲ အပေါင်းပြတယ်လို့ မှတ်ရမယ်။ ၁ ကြောင်းထဲသာ ဘယ်နေမှာ ပြနေနေ ကိုယ်ဝန်မရှိတာနဲ့ ဘာမှမပြရင် ကရိယာ မမှန်တာဖြစ်တယ်။

Dipstick test ဆိုတာ စမ်းသပ်တံ အချောင်းလေးက်ု တဖက်မှာ လက်နဲ့ကိုင်ထားပြီး ကျန်ဖက်ကို ဆီးထဲ နှစ်စိမ်လိုက်ရတယ်။ ဆီးကို တခါတည်း အဲဒီအဖျားပေါ်မှာ သွားချလိုက်လို့လဲရတယ်။ ၅-၁ဝ စက္ကန့်စောင့်ပါ။ ကိုယ်ဝန်ရှိနေရင် Color change အရောင်ပြောင်းသွားတာ၊ ဒါမှမဟုတ် Symbol အရုပ်ပြတာကို တွေ့ရမယ်။

Digital tests အသစ်ပေးတဲ့ (ဒစ်ဂျစ်တယ်လ်) နည်းမှာ Pregnant ကိုယ်ဝန်ရှိတယ်၊ Not pregnant ကိုယ်ဝန်မရှိဘူးလို့ စာနဲ့ပြမယ်။
Collection cup test နည်းဆိုတာ စမ်းသပ်ကရိယာထဲမှာ ဆီးခွက်တခါတည်းပါတယ်။ ဆီး ၅-၆ စက်ထည့်ပါ။ ကိုယ်ဝန်ရှိနေရင် အရောင်ပြောင်းသွားမယ်။

နောက်ပေါ်တဲ့ ကိရိယာတွေက အရင်ပေါ်တာတွေထက် ပိုပြီး တိကျလာတယ်။ ဆီးစစ်တာက ၉၇% သွေးစစ်တာက ၉၉% တိကျတယ်လို့ ပြောနိုင်တယ်။ ဒီစမ်းသပ်နည်းကို အရက်သောက်ထားထား၊ မူးယစ်ဆေးသေုံးထားထား အဖြေကို သက်ရောက်မှုမရှိပါ။

ဘာဆက်လုပ်ရမလဲ?

ဆွေးနွေးမယ်ဆိုရင်တော့ အဆင့်(၁)နဲ့အဆင့်(၂)ကို လုပ်ဖို့လိုပါတယ်။

အဆင့်(၁)

  • BurmeseApp on Google Play ကနေ BurmeseApp ကို ဒေါင်းလုတ် လုပ်ရင်လုပ် ၊ ဒါမှမဟုတ်    ဒီမှာ    ဒေါင်းလုတ်လုပ်ရပါမယ်။ 
  • ပြီးရင် သန္ဓေတည်ခြင်း နဲ့ပတ်သက်လို့ အဖွဲ့လိုက်ဆွေးနွေးဖို့ ဒီပေ့ခ်ျကို ပြန်လာရပါမယ်။ 

အဆင့်(၂)

ဝက်ဘ်ဆိုဒ်ကနေ တိုက်ရိုက် ဆွေးနွေးချင်တယ်ဆိုရင်တော့   ဒီမှာ    ကလစ်နှိပ်ပြီး အဆင့်လိုက် လုပ်ဆောင်ရပါမယ်။

( CONCEPTION)

You might also like