စိတ်ဝင်စားစရာ ပြည်တွင်းမှသင်တန်းများ

0

Learn new skills

iOS ဆိုတာဘာလဲ။ iOS ဆိုတာ Window Operation System တခုလို လုပ်ငန်းလုပ်ဆောင်တာပါ။ ဒါပေမယ့် iOS က Apple ကနေ ထုတ်တဲ့ Operation System ဖြစ်ပါတယ်။ iOS Apps ဆိုတာကတော့ Apple Store ကနေ Download လုပ်ပြီးသုံးရတဲ့ Application တွေဖြစ်ပါတယ်။ တချို့ Application တွေက အခမဲ့ဒေါင်းလို့ရပြီး တချို့တွေက ငွေပေးပြီးတော့မှ ဒေါင်းလို့ရတာပါ။

လူအသုံးများပြီး စိတ်ဝင်စားစရာ iOS Application ကိုယ်ပိုင်ဖန်တီးခဲ့သူရဲ့ဝင်ငွေဟာ သူ့ Apps လူသုံးများရင် သုံးသလောက် ဝင်ငွေကောင်းတာပါ။ ကျွမ်းကျင်သူ iOS Developerတွေရဲ့ဝင်ငွေဟာ တခြားသူတွေလိုအပ်တဲ့  iOS Application တွေဖန်တီးရင်း ၊ ကိုယ်ပိုင် Application တွေကို ဖန်တီးရောင်းချရင်းနဲ့ အတော် ဝင်ငွေဖြောင့်တယ်။

ပြည်တွင်းအလုပ်အကိုင်ဈေးကွက်မှာ iOS Developer သစ်တစ်ယောက်ဟာ အနည်းဆုံး (၃)သိန်းကနေ (၅)သိန်းနီးပါး လစာဝင်ငွေရှိပြီး လုပ်သက်အတွေ့အကြုံရှိလာတဲ့ iOS Developer တစ်ယောက်ဟာ လစာဝင်ငွေ (၆)သိန်းကနေ (၉)သိန်းခွဲကျော်အထိ ဝင်ငွေရရှိတာပါ။ အဖွဲ့ခေါင်းဆောင်ဆိုရင်တော့ (၉)သိန်းခွဲကျော်ကျော်ကနေ (၁၈)သိန်းကျော်အထိ ဝင်ငွေရရှိတာပါ။

ဒီလိုဝင်ငွေကောင်းတဲ့ ios developer တစ်ယောက်ဖြစ်လာချင်ရင် ပြည်တွင်း ၊ ပြည်ပ အလုပ်အတွေ့အကြုံလည်းရှိ ၊ သင်ကြားမှုအတွေ့အကြုံလည်းရှိတဲ့ ဆရာကောင်းနဲ့ သင်ယူရင်း အတူတကွ ဖန်တီးလုပ်ကိုင်ကြည့်ရင်း အခြေခံသင်တန်း(Foundation Course)  ၊ အဆင့်မြင့်သင်တန်း (Advanced Course)တွေကို Burmese Hearts ရဲ့ ပညာရေးဝန်ဆောင်မှုကတဆင့် သင်ယူနိုင်ပါပြီ။

iOS Developer ( Foundation Course) ကို သင်တန်းကြေးတစ်သိန်းကျပ်နဲ့သော်လည်းကောင်း ၊ iOS Developer Course (Advanced Course)အတွက် သင်တန်းကြေးနှစ်သိန်းကျပ်နဲ့သော်လည်းကောင်း ရန်ကုန်မြို့၌ တက်ရောက်သင်ကြားနိုင်ပါပြီ။ ဘာတွေသင်ပေးမှာလဲ ၊ သင်တန်းကာလ ဘယ်လောက်ကြာမလဲ ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို အောက်ကလင့်ခ်မှာ ကလစ်နှိပ်ပြီး လေ့လာနိုင်ပါပြီ။

iOS Developer Course (Advanced Course)

iOS Developer ( Foundation Course)

iOS Developer သင်တန်းတွေတက်ချင်ရင် learn@burmesehearts.com ကို တက်ချင်တဲ့သင်တန်းအမည်နဲ့ အီးမေးလ်ပို့ရုံပါပဲ။

 

 

Android ဆိုတာ Google ရဲ့ mobile operating system ဖြစ်ပါတယ်။ ဒီ system က Apple ဖုန်းတွေမဟုတ်တဲ့ Touch Screen ပါ အဆင့်မြင့်ဖုန်းတွေမှာ အသုံးပြုတာပါ။ Android Apps ဆိုတာ Google Play  ကနေ Download လုပ်ပြီသုံးရတဲ့ Application တွေဖြစ်ပါတယ်။ တချို့ Application တွေက အခမဲ့ဒေါင်းလို့ရပြီး တချို့တွေက ငွေပေးပြီးတော့မှ ဒေါင်းလို့ရတာပါ။

လူအသုံးများပြီး စိတ်ဝင်စားစရာ Android Application ကိုယ်ပိုင်ဖန်တီးခဲ့သူရဲ့ဝင်ငွေဟာ သူ့ Apps လူသုံးများရင် သုံးသလောက် ဝင်ငွေကောင်းတာပါ။ ကျွမ်းကျင်သူ Android Developer တွေရဲ့ဝင်ငွေဟာ တခြားသူတွေလိုအပ်တဲ့ Android Application တွေဖန်တီးရင်း ၊ ကိုယ်ပိုင် Application တွေကို ဖန်တီးရောင်းချရင်းနဲ့ အတော် ဝင်ငွေဖြောင့်တယ်။

Android Developer လစာငွေဟာ iOS Developer လိုပဲ အနည်းဆုံး (၇)သိန်းကနေ (၁၀)သိန်းအထိ ဝင်ငွေရှိတာပါ။ အခုလို ဝင်ငွေကောင်းတဲ့ Android Developer တစ်ယောက်ဖြစ်လာဖို့ လိုအပ်တဲ့အရည်အချင်းတွေကို သင်ကြားပို့ချပေးမယ့် Professional Android Development Course (PADC) သင်တန်းကို သင်တန်းကြေး နှစ်သိန်းခုနှစ်သောင်းကျပ်နဲ့ Burmese Hearts ရဲ့ ပညာရေးဝန်ဆောင်မှုကတဆင့် သင်ယူနိုင်ပါပြီ။

 

Professional Android Development Course

Android Developer သင်တန်းတွေတက်ချင်ရင် learn@burmesehearts.com ကို အီးမေးလ်ပို့ရုံပါပဲ။

 

 

Java ဆိုတာကတော့ Programmer ဖြစ်ဖို့ စိတ်ဝင်စားသူတွေ ကောင်းကောင်းသိမှာပါ။ Java Programming Language နဲ့ code တွေဖော်မယ်။ Software Engineer တစ်ယောက်ဖြစ်ဖို့ အတွက် Design/Coding/Testing အကြောင်းတွေ သိဖို့တော့ လိုအပ်တာပေါ့။ ဒါတွေသိနားလည်ပြီး လက်တွေ့လုပ်ကိုင်ရင်း ကျွမ်းကျင်လာတဲ့အခါ Programmer ကြီးတစ်ယောက်ဖြစ်ပြီပေါ့။

ကျွမ်းကျင်လာတဲ့အခါ Programmer ကြီးတစ်ယောက်ဖြစ်လာပြီဆိုရင် လစာငွေ အနည်းဆုံး (၇)သိန်းကနေ (၁၀)သိန်းအထိ ဝင်ငွေရှိပြီး အသင်းခေါင်းဆောင်ဆို Project များရင်များသလောက် ၊ တာဝန်ကြီးရင်ကြီးသလောက် လစာလည်း အလွန်ကောင်းပါတယ်။ ဒီလိုလစာကောင်းတဲ့ Programmer ကြီးတစ်ယောက်ဖြစ်လာဖို့ Java Saturday Enterprise Course (JSEC) သင်တန်း နဲ့ Practical Advanced Java(PAJ) သင်တန်းတွေကို Burmese Hearts ရဲ့ ပညာရေးဝန်ဆောင်မှုကတဆင့် သင်ယူနိုင်ပါပြီ။

Java Saturday Enterprise Course (JSEC) သင်တန်းကို နှစ်သိန်းနှစ်သောင်းကျပ်ဖြင့်လည်းကောင်း ၊ Advanced Java(PAJ) သင်တန်းကို နှစ်သိန်းခုနှစ်သောင်းကျပ်ဖြင့်လည်းကောင်း ရန်ကုန်မြို့၌ တက်ရောက်သင်ကြားနိုင်ပါပြီ။ ဘာတွေသင်ပေးမှာလဲ ၊ သင်တန်းကာလ ဘယ်လောက်ကြာမလဲ ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို အောက်ကလင့်ခ်မှာ ကလစ်နှိပ်ပြီး လေ့လာနိုင်ပါပြီ။

Java Saturday Enterprise Course (JSEC)

Practical Advanced Java(PAJ)

Java Programming သင်တန်းတွေတက်ချင်ရင် learn@burmesehearts.com ကို တက်ချင်တဲ့သင်တန်းအမည်နဲ့ အီးမေးလ်ပို့ရုံပါပဲ။

 

 

အောင်မြင်သွားတဲ့သူတွေဟာ ကိုယ့်ကိုယ်ကို အောင်မြင်ရမယ်လို့ ရည်ရွယ်ဆုံးဖြတ်ပြီး မလျှော့သော ဇွဲ ၊ လုံ့လနဲ့ ကြိုးစားခဲ့သူတွေဖြစ်ပါတယ်။ လူတိုင်းဟာ ကောင်းတဲ့အရည်အချင်းတွေရှိတယ်။ မိမိရဲ့အရည်အချင်းအပေါ် ယုံကြည်ချက်ရှိရှိနဲ့ တစိုက်မတ်မတ် လုပ်ကိုင်ဆောင်ရွက်တတ်တဲ့ စိတ်စွမ်းအားမျိုးရှိမှသာ တနေ့မှာ အောင်မြင်တဲ့သူအဖြစ် ရပ်တည်နေထိုင်နိုင်မှာဖြစ်ပါတယ်။

မိမိကိုယ်ကို ယုံကြည်မှုရှိပြီး မိမိထံမှာ ကိန်းအောင်းနေတဲ့ စိတ်စွမ်းအားတွေမြှင့်တင်ဖို့ ဆရာကောင်းတွေ့ရင် ကျနေတဲ့စိတ်ဓါတ်တွေတက်ကြွလာပြီး အင်အားတွေ ပိုမိုတိုးတက်လို့ လုပ်အားတွေလည်း အရှိန်အဟုန်မြင့်လာနိုင်မှာဖြစ်ပါတယ်။ ဒီလိုဆရာကောင်းနဲ့တွေ့ဖို့ စိတ်စွမ်းအားမြှင့်တင်မှုသင်တန်းတွေကို Burmese Hearts ရဲ့ ပညာရေးဝန်ဆောင်မှုကတဆင့် သင်ယူနိုင်ပါပြီ။

သင်တန်းသားတစ်ဦးကို သုံးသောင်းရှစ်ထောင်ကျပ်သာ ကျသင့်မယ့် စိတ်စွမ်းအားမြှင့်တင်မှုသင်တန်းဟာ သင့်ဘဝတခုလုံးအတွက်အကျိုးရှိမှာပါ။ ဘာတွေသင်ပေးမှာလဲ ၊ သင်တန်းကာလ ဘယ်လောက်ကြာမလဲ ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို အောက်ကလင့်ခ်မှာ ကလစ်နှိပ်ပြီး လေ့လာနိုင်ပါပြီ။

 

ISAT စွမ်းဆောင်ရည်မြှင့်တင်ရေး အောင်မြင်မှုပညာ 

စိတ်စွမ်းအားမြှင့်တင်ရေးသင်တန်းတွေတက်ချင်ရင် learn@burmesehearts.com ကို အီးမေးလ်ပို့ရုံပါပဲ။

ပညာ (Burmesehearts.com)

You might also like