ခဲထားတဲ့နို့ရည်ကို ပြန်နွေးတယ်ဆိုတာ ဘယ်လိုမျိုးလဲ?

0

ခဲထားတဲ့နို့ရည်ကို ပြန်နွေးတယ်ဆိုပေမယ့် မီးနဲ့တိုက်ရိုက်ထိပြီး နွေးရတာမျိုးမဟုတ်ဘဲ ခဲနေသည့်မိခင်နို့ကို ဖန်ခွက်သန့်သန့်ထဲ ပြောင်းထည့်ပြီး ရေနွေးပူထည့်ထားတဲ့ ဇလုံထဲ ထည့်ထားလိုက်ရုံပါ။ တခဏအတွင်း နို့ဟာ အခဲပျော်ပြီး နွေးလာမှာဖြစ်ပေမယ့် ထိုခဏတာကို စောင့်မကြည့်နိုင်ဘူးဆိုရင် ဖန်ခွက်ကို ယင် ၊ ပုရွတ်ဆိတ် ၊ ပိုးဟတ်စတဲ့အကောင်တွေ မတက်နိုင်အောင် ၊ မနားနိုင်အောင် အဖုံးသန့်သန့် ဖုံးပေးထားရမှာဖြစ်ပါတယ်။ အကောင်းဆုံးက ချက်ချင်းနွေး ၊ စောင့်ကြည့် ၊ ကြက်သီးထရုံနွေးလာတဲ့ မိခင်နို့ကို ချက်ချင်းကလေးကို တိုက်ကျွေးပါ။
You might also like
Leave a comment