ကလေးအမေဖြစ်သူ သရက်သီးစားလို့ ၊ မုန့်ဟင်းခါးစားလို့ နို့စို့ကလေး ဝမ်းသွားတတ်ပါသလား?

0

ကလေးအမေဖြစ်သူ သရက်သီးစားလို့ ၊ မုန့်ဟင်းခါးစားလို့ နို့စို့ကလေး ဝမ်းသွားသည်ဆိုခြင်းမှာ မမှန်ပါ။ ဒီအစာတွေကြောင့်ဝမ်းသွားရင် အစားတွေကို တိုက်ရိုက်စားသုံးခဲ့တဲ့ မိခင်က ဝမ်းသွားရမှာပါ။ မိခင်က ဝမ်းမသွားပဲ ကလေးဝမ်းသွားတယ်ဆိုရင် ကလေးဟာ အခြားအကြောင်းကြောင့် ၊ ပါးစပ်ထဲ ဝမ်းသွားစေတဲ့ ရောဂါပိုးကပ်ငြိနေတဲ့ အရာတစ်ခုခု ထည့်မိလို့ ဝမ်းသွားတာပါ။ နောက်ဆုံး ဒီအစာတွေစားပြီး အမေ ဝမ်းသွားမယ်ဆိုရင်တောင် အမေ့နို့စို့တဲ့ ကလေးဟာ ဒီအစာတွေကြောင့် ဝမ်းသွားတာမဟုတ်ဘဲ ရေအိမ်ထဲကထွက်လာတဲ့အမေက လက်ကို ဆပ်ပြာနဲ့ စင်စင် မဆေးခဲ့လို့ ကလေးကိုနို့တိုက်တဲ့အခါ ဒီလက်မှာ ကပ်ငြိနေတဲ့ ရောဂါပိုးတွေက ကလေးပါးစပ်ထဲ ရောက်သွားရာကတဆင့် ကလေးဝမ်းသွားတာပဲ ဖြစ်မှာပါ။

You might also like
Leave a comment