ကလေးမလှုပ်တာလား ၊ ကလေးလှုပ်တာကို သတိမထားမိတာလား?

0

ကိုယ်ဝန် ရက်သတ္တပတ် (၂၄)ပတ်မှ (၂၇)ပတ်အတွင်း ကလေးကာ ပိုသန်သန်မာမာ ခပ်ကြမ်းကြမ်းလေး လှုပ်ရှားလာနိုင်ပြီး ခဏ ၊ ခဏဆိုသလို လှုပ်တတ်ပါတယ်။

ကိုယ်အိပ်နေချိန် အထူးသဖြင့် ညပိုင်းတွေမှာ ဗိုက်ထဲက ကလေးလည်း အိပ်ပျော်နေတတ်ပါတယ်။ ကိုယ်အိပ်ပေမယ့် သူနိုးပြီး လှုပ်ရှားလို့ ကိုယ်လန့်နိုးရတာတွေလည်း ရှိနိုင်ပါတယ်။

ဒါပေမယ့် မနက်ပိုင်း ၊ နေ့လည်ပိုင်းတွေမှာတော့ ဗိုက်ထဲက ကလေးလည်းနိုး ၊ ကိုယ်လည်းနိုးဖြစ်ပြီး သူလည်းလှုပ်လှုပ်ရှားရှား ၊ ကိုယ်လည်း လှုပ်လှုပ်ရှားရှားပေါ့။ ဒီနေရာမှာ အလုပ်လုပ်နေတဲ့ မိခင်တွေကတော့ အလုပ်ဇောကြောင့် ၊ အလုပ်မအားလပ်တာကြောင့် ဗိုက်ထဲက ကလေးကို အာရုံမထားမိဘဲ သူ့လှုပ်ရှားမှု သတိမထားမိတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

တကယ်တော့ ကလေးဟာ ဒီကာလအတွင်းမှာ သန်သန်မာမာလှုပ်ရှားနိုင်ပြီဖြစ်တဲ့အတွက် ဗိုက်ထဲမှာ(ရေမြွှာအတွင်းမှာ) သူ့ဘာသာသူ လှုပ်ရှားနေထိုင်တတ်ပါတယ်။ ဒါကို ကလေးမလှုပ်ဘူးလို့ သံသယရှိရင်ဖြင့် ကလေးအိပ်ပျော်နေချိန်လည်း ဖြစ်ကောင်း ၊ ဖြစ်နိုင်ပါတယ်။

You might also like
Leave a comment