ကိုယ်ဝန် ရက်သတ္တပတ် (၂၈)ပတ်မှ (၃၁)ပတ်အတွင်း

0

8th month

ကိုယ်ဝန် ရက်သတ္တပတ် (၂၈)ပတ်မှ (၃၁)ပတ်အတွင်းမှာ ဗိုက်ထဲက ကလေးလှုပ်ရှားတာ အကြမ်းဆုံးလို့ ဆိုနိုင်ပါတယ်။ တခါတရံ မိခင်လောင်းတောင် နာကျင်သွားတဲ့အထိ ဗိုက်ထဲက ကလေးလှုပ်ရှားနိုင်ပါတယ်။ သန္ဓေသားရဲ့ ဒီလို ကြမ်းကြမ်းတမ်းလှုပ်ရှားမှုတွေကြောင့် မိခင်မှာ မသက်မသာခံစားချက်မျိုးလည်း ဖြစ်ပေါ်စေတယ်။

တချိန်တည်းမှာပဲ မိခင်ဟာ ဗိုက်က အဆီတွေတက်လာပါတယ်။ ဒါဟာ သန္ဓေသားကို အကာအကွယ်ပေးဖို့ဖြစ်ပါတယ်။ ဒီလို ဗိုက်အဆီတွေတက်လာတာကြောင့် ဗိုက်ကြောပြတ်တာတွေကိုလည်း တိုးပြီးဖြစ်ပေါ်စေနိုင်တယ်။

ကိုယ်ဝန် ရက်သတ္တပတ် (၂၈)ပတ်မှ (၃၁)ပတ်အတွင်း လက်မောင်းတွေ ၊ ခြေထောက်တွေ ခဏ ၊ ခဏ ယောင်လာနိုင်တယ်။ မနက်ကအကောင်း ညနေမှာ ယောင်နေတာမျိုးလည်း ကြုံတွေ့နိုင်ပါတယ်။ ဒါဟာ တခဏတာဖြစ်တာပါ။ ကိုယ်နေရ ၊ ထိုင်ရ ပေါ့ပေါ့ပါးပါးနဲ့ နေထိုင်ကောင်းတယ်လို့ ခံစားရရင် ကိုယ်ဝန်ဟာ စိုးရိမ်စရာမရှိပါဘူး။

တနေကုန် ခြေ ၊ လက်တွေဟာ ယောင်သထက် ယောင်လာပြီဆိုရင်ဖြင့် ကိုယ်ဝန်ဆိပ်တက်တာမျိုး ဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ အမြန်ဆုံးဆွေးနွေးသင့်ပါတယ်။

ကိုယ်ဝန်ရက်သတ္တပတ်(၃၀)မှာတော့ သန္ဓေသားဟာ (၄၀)စင်တီမီတာ ပတ်ဝန်းကျင် အရွယ်အစား ရှိနေပါပြီ။အလေးချိန်ကတော့ (၁.၅)ကီလိုဂရမ် အလေးချိန်ရှိနေပါပြီ။ ထိုကာလအတွင်းကစလို့ သန္ဓေသားဟာ မွေးဖွားမယ့် ပုံစံအနေအထားကို သားအိမ်အတွင်း စတင်ယူလာပါပြီ။

ကလေးဟာ အရေပြားအောက်မှာ အဆီများတဲ့တစ်ရှူးတွေကို စတင်လုပ်ဆောင်နေပါပြီ။ ဒီအချိန်မှာ ကလေးရဲ့လိင်အမျိုးအစား (သားလား ၊ သမီးလားဆိုတာ)ကို Ultrasound ကတဆင့် သိရှိနိုင်ပါပြီ။

ရတု (Burmesehearts.com)

You might also like