
ကိုယ်ဝန် ရက်သတ္တပတ် (၂၈)ပတ်မှ (၃၁)ပတ်အတွင်း ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ဘယ်လိုလဲ?
ကိုယ်ဝန်ရက်သတ္တပတ်(၃၀)မှာတော့ သန္ဓေသားဟာ (၄၀)စင်တီမီတာ ပတ်ဝန်းကျင် အရွယ်အစား ရှိနေပါပြီ။အလေးချိန်ကတော့ (၁.၅)ကီလိုဂရမ် အလေးချိန်ရှိနေပါပြီ။ ထိုကာလအတွင်းကစလို့ သန္ဓေသားဟာ မွေးဖွားမယ့် ပုံစံအနေအထားကို သားအိမ်အတွင်း စတင်ယူလာပါပြီ။
ကလေးဟာ အရေပြားအောက်မှာ အဆီများတဲ့တစ်ရှူးတွေကို စတင်လုပ်ဆောင်နေပါပြီ။ ဒီအချိန်မှာ ကလေးရဲ့လိင်အမျိုးအစား (သားလား ၊ သမီးလားဆိုတာ)ကို Ultrasound ကတဆင့် သိရှိနိုင်ပါပြီ။