ကိုယ်ဝန် ရက်သတ္တပတ် (၂၀)ပတ်မှ (၂၃)ပတ်အတွင်း ကိုယ်ဝန်ဆောင်မိခင်လောင်းဟာ ဘာတွေ ခံစားရတတ်သလဲ?

0

ကိုယ်ဝန်ရင့်လာတာနဲ့အမျှ သွေးအားမြင့်တက်လာတတ်ပါတယ်။ နှလုံးခုန်နှုန်းမြန်လာပြီး အမောအပန်းမခံနိုင်တာတွေ ၊ မောဟိုက်မှုတွေလည်း ဖြစ်လာပါတယ်။

အလေးချိန်မြင့်လာတဲ့ ဗိုက်ကြောင့် ခါးနာနိုင်စေမယ့် အလေးအပင်ပစ္စည်း မတာမျိုးတွေ ၊ အကုန်းအကွများတဲ့ အလုပ်မျိုး လုပ်ကိုင်တာမျိုးတွေကို စိတ်လိုက်မာန်ပါ မလုပ်မိအောင် သတိထားရပါမယ်။ အလေးအပင်မတဲ့အခါ ခြေထောက်ယောင်တာမျိုးတွေ ၊ ခါးနာတာမျိုးတွေအပြင် တခြား ပြဿနာတွေကိုလည်း ကြုံတွေ့ရနိုင်ပါတယ်။

ကိုယ်တွင်းဟော်မုန်း မမျှတတာကြောင့် မိခင်လောင်းဟာ ခေါင်းက ဆံပင်ကျွတ်တာမျိုး ကြုံတွေနိုင်ပါတယ်။ ကိုယ်ပေါ်က အမွှေးအမျှင်တွေကတော့ ထူထဲလာတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါဟာ ကိုယ်ဝန်ဆောင်တုန်း တခဏတာဖြစ်တဲ့အတွက် စိုးရိမ်စရာမရှိပါဘူး။ကလေးမွေးပြီးလို့ ရာသီပြန်ပေါ်လျှင်ဖြင့် ယခင်အတိုင်း သူ့အလိုလို ပြန်ဖြစ်သွားမှာပါ။

ဘာဆက်လုပ်ရမလဲ?

ဆွေးနွေးမယ်ဆိုရင်တော့ အဆင့်(၁)နဲ့အဆင့်(၂)ကို လုပ်ဖို့လိုပါတယ်။

အဆင့်(၁)

  • BurmeseApp on Google Play ကနေ BurmeseApp ကို ဒေါင်းလုတ် လုပ်ရင်လုပ် ၊ ဒါမှမဟုတ်    ဒီမှာ    ဒေါင်းလုတ်လုပ်ရပါမယ်။ 
  • ပြီးရင် ကိုယ်ဝန်ဆောင်ကာလအဆင့်ဆင့် နဲ့ပတ်သက်လို့ အဖွဲ့လိုက်ဆွေးနွေးဖို့ ဒီပေ့ခ်ျကို ပြန်လာရပါမယ်။ 

အဆင့်(၂)

ဝက်ဘ်ဆိုဒ်ကနေ တိုက်ရိုက် ဆွေးနွေးချင်တယ်ဆိုရင်တော့   ဒီမှာ    ကလစ်နှိပ်ပြီး အဆင့်လိုက် လုပ်ဆောင်ရပါမယ်။

( PREGNANTTOBIRTH)

You might also like