
ကိုယ်ဝန် ရက်သတ္တပတ်(၄)ပတ်နဲ့ (၇)ပတ်အတွင်းမှာ ဘာတွေ ဖြစ်တတ်သလဲ?
ကိုယ်ဝန် ရက်သတ္တပတ်(၄)ပတ်နဲ့ (၇)ပတ်အတွင်းမှာ ကိုယ်ဝန်ဆောင်နေရသူ အမျိုးသမီးရဲ့ ကိုယ်တွင်းအပူချိန်ဟာ မြင့်တက်လာနိုင်ပြီး အားနည်းသလိုလည်း ခံစားရပါမယ်။ ဒီခံစားရမှုတွေဟာ အအေးမိလို့ မအီမသာ ဖျားနာချင်တာနဲ့ ဆင်တူနေပါတယ်။
ဒါပေမယ့် သတိထားတတ်ရင်တော့ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးဟာ ကိုယ်တွင်းက ဟော်မုန်းအပြောင်းအလဲကြောင့် နို့သီးခေါင်းပတ်လည်တဝိုက်က အရောင်ဟာ ရင့်လာတတ်ပြီး ရင်သားဟာ ရောင်နေသကဲ့သို့လည်း ခံစားရနိုင်ပါတယ်။
သန္ဓေသားကြီးထွားလာတဲ့အတွက် ဗိုက်အောက်ပိုင်း နဲ့ နောက်ကျောဘက်မှနေ မအီမသာခံစားမှုတွေကိုလည်း တခါတရံ ခံစားရနိုင်ပါတယ်။