ကိုယ်ဝန်ဆောင်ကာလ (၄)ပတ်မှ (၇)ပတ်အတွင်း

0

2nd mth

ကိုယ်ဝန်ဆောင်ကာလ (၄)ပတ်မှ (၇)ပတ်အတွင်း ကာလရောက်လာပြီဆိုရင်ဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ ပုံမှန်ရာသီပေါ်ရမယ့်အချိန်မှာ ရာသီသွေးမပေါ်တော့ပါဘူး။

ကိုယ်ဝန်ဆောင်အမျိုးသမီးအများစုဟာ ကိုယ်ဝန်ဆောင်ကာလ (၄)ပတ်မှ (၇)ပတ်အတွင်းရောက်လို့ ရာသီသွေးမပေါ်မှ မိမိမှာ ကိုယ်ဝန်ရှိနေတယ်လို့ သိကြတာများပါတယ်။ ဒီ့ထက် စောသိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ရှားပါးပါတယ်။

ဒီအခြေအနေမှာဖြင့် ကိုယ်ဝန်ဆောင်နေရသူ အမျိုးသမီးရဲ့ ကိုယ်တွင်းအပူချိန်ဟာ မြင့်တက်လာနိုင်ပြီး အားနည်းသလိုလည်း ခံစားရပါမယ်။ ဒီခံစားရမှုတွေဟာ အအေးမိလို့ မအီမသာ ဖျားနာချင်တာနဲ့ ဆင်တူနေပါတယ်။

ဒါပေမယ့် သတိထားတတ်ရင်တော့ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးဟာ ကိုယ်တွင်းက ဟော်မုန်းအပြောင်းအလဲကြောင့် နို့သီးခေါင်းပတ်လည်တဝိုက်က အရောင်ဟာ ရင့်လာတတ်ပြီး ရင်သားဟာ ရောင်နေသကဲ့သို့လည်း ခံစားရနိုင်ပါတယ်။

သန္ဓေသားကြီးထွားလာတဲ့အတွက် ဗိုက်အောက်ပိုင်း နဲ့ နောက်ကျောဘက်မှနေ မအီမသာခံစားမှုတွေကိုလည်း တခါတရံ ခံစားရနိုင်ပါတယ်။

တချို့သော ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကတော့ ကိုယ်ဝန်ဆောင်ကာလ (၄)ပတ်မှ (၇)ပတ်အတွင်းမှာ Morning Sick လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင် အော့အန်ခြင်းတွေကို စတင်ခံစားရနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ကာလ (၄)ပတ်မှ (၇)ပတ်အတွင်းမှာ ဗိုက်ထဲက ကလေးဟာ ၂စင်တီမီတာ အရွယ်အစားဖြစ်လာပါပြီ။ ပြီးတော့ သူ့ရဲ့ နှလုံးသားပုံစံလေး စတင်ပေါ်လာပြီး နှလုံးစခုန်လာပြီပေါ့။ ဒါကို ဆရာဝန်တွေက စမ်းသပ်ပြီး အသိပေးပါလိမ့်မယ်။

ဒါဆိုရင်ဖြင့် “ဗိုက်ထဲကကလေးဟာ နှစ်လ ၊ သုံးလနဲ့ လူမဖြစ်သေးဘူး သွေးခဲအဆင့်ဘဲ ရှိသေးတယ်” လို့ အများပြော မမှန်တဲ့ အယူအဆတွေကို စွန့်လွှတ်သင့်ပြီလို့ ထင်ပါတယ်။

ရတု (Burmesehearts.com)

 

You might also like