ကိုယ်ဝန်ရှိကြောင်း စမ်းသပ်ရရှိချက်တွေ ဘာကြောင့် မတူရသလဲ?

0

ကိုယ်ဝန်က သားအိမ်ပြင်ပမှာတည်နေရင်၊ ပျက်ရင်၊ ဟော်မုန်းအနည်းအများက ပုံမှန်မဟုတ်နိုင်ဘူး။ အမွှာကိုယ်ဝန်ဆိုလဲ မတူနိုင်ဘူး။

ကိုယ်ဝန်တော့ ရှိနေပြီ၊ ဒါပေမဲ့ ဟော်မုန်းက နည်းနေသေးရင်လဲ စမ်းလို့ မသိနိုင်သေးဘူး။ သွေးထဲမှာ အနည်းဆုံး HCG 25-50 mIU/mL ရှိလာမှသာ အပေါင်းပြလိမ့်မယ်။ ဒါကြောင့် ရာသီလာရမဲ့ရက်ထက် တပါတ်နေလို့မှ ရာသီမလာရင် စစ်ပါ။

စစ်ဆေးကိရိယာတချို့က HCG 20 mIU ဆိုရင် အပေါင်းပြမယ်။ တချို့က 100 mIU ရှိမှသာပြတယ်။

You might also like
Leave a comment