ကိုယ်ဝန်ရက်သတ္တပတ် (၂၀)ပတ်မှ (၂၃)ပတ်အတွင်း ကိုယ်ဝန်ဆောင်နေတဲ့ ဇနီးကို ဖခင်လောင်းတွေက ဘယ်လို နားလည်ပြုစုမှုမျိုး ပေးသင့်သလဲ?

0

ကိုယ်ဝန် ရက်သတ္တပတ် (၂၀)မှ (၂၃)ပတ်အတွင်း ရောက်လာရင်ဖြင့် သင့်ဇနီးဟာ ဗိုက်သိသိသာသာထွက်လာပြီမို့  ကိုယ်ဝန်ရင့်မာလာပြီလို့ ဆိုနိုင်ပါတယ်။ အလေးအပင်မတဲ့ အလုပ်တွေ လုပ်မိတဲ့အခါ ခါးနာခြင်း ၊ ခြေလက်ယောင်ကိုင်ခြင်းတွေကို ကိုယ်ဝန်ဆောင်သည်ဇနီး ကြုံနိုင်တဲ့အတွက် မိမိနေအိမ်တွင် ဇနီးမလုပ်ခင် ကိုယ်က လုပ်ပေးရပါမယ်။

ကိုယ်ဝန်ရင့်မာလာတဲ့ဇနီးရဲ့ ကျောနဲ့ပုခုံးတွေကို ညင်ညင်သာသာလေး နှိပ်ပေးရင်ဖြင့် သူမ ခါးနာတာ ၊ အကြောတက်တာတွေ သက်သာလာနိုင်ပြီး သူမအပေါ် မိမိရဲ့ဂရုစိုက်မှုကိုလည်း သူမခံစားပျော်ရွှင်ရမှာပါ။ ကိုယ်ဝန်ရင့်လာတဲ့ ဒီအချိန်ကစပြီး သူမ စိတ်သက်သာ ၊ ပျော်ရွှင်စေမယ့်စကားတွေကို ရွေးပြောပေးတာဟာ သူမအတွက် စိတ်ရောလူပါ အနားရစေတယ်။ ဒါဟာ အရေးအကြီးဆုံးဖြစ်ပါတယ်။

ယခုအချိန်ကစပြီး ဖခင်လောင်းက မိခင်လောင်းကို တိုးလို့ကြင်နာပြီး ၊ မိခင်လောင်းကတော့ မိမိနဲ့ ဗိုက်ထဲက ကလေး ပျော်ရွှင်ကျန်းမာဖို့ အထူးဂရုစိုက် နေထိုင်စားသောက်ပေးရပါမယ်။

You might also like
Leave a comment