
ကိုယ်ဝန်ရက်သတ္တပတ် (၂၀)ပတ်မှ (၂၃)ပတ်အတွင်းရောက်လာတဲ့ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ ဘာတွေ ပြင်ဆင်သင့်သလဲ?
ကိုယ်ဝန်ရင့်လာတဲ့မိခင်လောင်းဟာ စိတ်ကြည်သာပျော်ရွှင်နိုင်မယ့် သီချင်းခပ်အေးအေးလေးတွေ နားထောင်ခြင်း ၊ ကလေးအတွက် ဗဟုသုတရစရာ စာအုပ်အထွေထွေ ကြိုဖတ်ခြင်း စသဖြင့်တို့ ပြုလုပ်ပေးသင့်ပါတယ်။
တစ်ယောက်တည်းရှိချိန်မှာ ကလေးလှုပ်တိုင်း ဗိုက်ထဲကကလေးနဲ့ စကားတွေများများပြောပေးပါ။ ဒါဟာ မိမိနဲ့ကလေးအကြား စတင်၍ ဆက်သွယ်ဖလှယ်ခြင်း ၊ နားလည်မှုတည်ဆောက်ခြင်း တစ်မျိုးလည်းဖြစ်ပါတယ်။