Browsing Tag

ဘဝ

လွဲမှားတဲ့ဆင်ခြေ

တဒင်္ဂသာယာမှုနောက်ငါလိုက်ရင်း တဘဝစာ လုံးပါး ပါး ငါမလုပ်မိခဲ့တာတွေအတွက် ငါလုပ်မိခဲ့တာတွေအတွက် နောင်တတွေပဲပြေးမြင် ဆင်ခြင်ဥာဏ်နည်းပါးခဲ့တဲ့အကျိုး ခုပြင်လိုက်မယ်ဆို နောက်ကျခဲ့ပြီးသား ဒီလိုနဲ့ပဲ အဆုံးထိမှား။ ဇူဇူးစံ (Burmesehearts.com)

ဘဝဒဿ န

မလဲဖူးရင် ပြန်ထတတ်ပါ့မလား မမှားဖူးရင် အမှန်ဆိုတာဒွိဟ မရှုံးဖူးရင် အနိုင်ရဲ့တန်ဖိုးဟာမမြင့်မား လွမ်းဖူးမှ အချစ်ဟာလေးနက်လာ နာဖူးမှသိ တန်ဖိုးထားမှတန်ဖိုးရှိတာပါ။ ပြီးဆုံးသွားမှ ပြန်တမ်းတရင် နောင်တဟာ ..... ဘဝမှာအသုံးမဝင်တဲ့အရာပဲ။ ဇူဇူးစံ…

ရှင်သန်ခြင်းရဲ့အဓိပ္ပါယ်တော့ ရှိသင့်တာပေါ့

ကိုယ့်ရဲ့နေ့ရက်တွေဟာ အဓိပ္ပါယ်မရှိသလိုဖြစ်နေတယ် ၊ မပျော်ရွှင်နိုင်သလိုဖြစ်နေမယ် ၊ စိတ်ဖိစီးစရာတွေချည်းပဲ ကြုံနေရတယ်ဆို ကိုယ်ဘာဖြစ်ချင်သလဲဆိုတာကို ကိုယ့်ဘာသာသေချာအောင် အရင်လုပ်ပါ။ ကိုယ်ဘာဖြစ်သလဲဆိုတာသေချာရင် ဒီလိုဖြစ်လာဖို့…

ဘဝအဓိပ္ပါယ် နှင့် ရှင်သန်ခြင်း၏အဓိပ္ပါယ်

ဘဝဆိုတဲ့အဓိပ္ပါယ်ကို အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ကြမှာပါ။ လူအမျိုးမျိုးဆိုတော့ စိတ်အမျိုးမျိုးလေ။ ခံယူချက်တွေ အမျိုးမျိုး ကွဲပြားသွားတာမို့ မိမိလိုလားချက် ၊ တောင့်တချက် ၊ ဆန္ဒတွေ ၊ အထင်ကြီးမှုတွေ ၊ ငတ်မွတ်မှုတွေ စသဖြင့်ကို အခြေတည်ပြီးတော့ လူတွေဟာ…

အမျိုးသမီးများ၏ဘဝ

အမျိုးသမီးတွေဖြစ်တဲ့ မိခင်တွေကိုယ်တိုင်က ကိုယ်ဝန်လွယ်ထားရရင် သားကလေးမွေးချင်ကြတယ်။ ခင်ပွန်းနဲ့ မိသားစုတွေကလည်း သားကလေး မွေးလာရင်ကောင်းမယ်လို့ မျှော်လင့်စောင့်စားကြသူများတယ်။ ဘာရရ ချစ်ရမှာပေါ့ဆိုကြပေမယ့် သားကလေးဆို ကောင်းတာပေါ့ဆိုတဲ့…

ဘဝနဲ့ထပ်တူမကျတဲ့အချစ်

ရင်ဘတ်ထဲကဒဏ်ရာတွေ ဆေးထည့်ရဦးမယ် ဦးနှောက်ထဲကမှတ်ဥာဏ်အချို့  ဖျောက်ဖျက်လိုက်ချင်တယ် အချစ်ဆိုတဲ့အရာဟာ ဘဝထဲကငါနဲ့ ဓါတ်မတည့်တဲ့အခါ နှုတ်ဆက်ထွက်သွားဦးပေါ့ချစ်သူ။ ဇူဇူးစံ (Burmesehearts.com)

နေဝင်ချိန်များအား နှိုင်းယှဉ်ခြင်း

နေ့တစ်နေ့မှာ အရုဏ်ဦးအလှရှိသလို ဆည်းဆာအလှလည်း ရှိသင့်တာပေါ့နော်။ သစ်ပင်အကိုင်း ၊ အခက် ၊ အရွက်တွေတောင်မှ နုသစ်ချိန် နဲ့ ရင့်ရော်ချိန်ဆိုတာရှိပါတယ်။ သတ္တဝါတွေမှာလည်း ငယ်နုချိန် နဲ့ အိုမင်းချိန်ဆိုတာ ရှိပါတယ်။ နေဝင်ချိန်ဆိုလို့…

ဂရုစိုက်လိုတဲ့ ဆန္ဒသာလျှင် အရေးအကြီးဆုံးဖြစ်သည်

နှစ်နှစ်အောက်ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုဟာ မေတ္တာတုန့်ပြန်ပေးစွမ်းမှု နဲ့ ဘယ်လိုပြုစုစောင့်ရှောက်မှု ခံရတယ်ဆိုတာအပေါ် မူတည်ပြီး တန်ပြန် တိုးတက်ဖွံ့ဖြိုးလာတာပါလို့ ဗြိတိန်နိုင်ငံက ကလေးသူငယ်ဆိုင်ရာ စိတ်ပညာရှင် Steve Biddulph က…

မိမိက မပြောင်းလဲချင်သရွေ့ ဘယ်သူမှ မိမိအား မပြောင်းလဲနိုင်ပါ

မိခင်ကပဲ သားသမီးကို စောင့်ရှောက်သွားရမယ်ဆိုတဲ့ အတွေအခေါ်ကြီးဟာ ရာနှုန်းပြည့်မှန်တယ်ရယ်လို့ မဟုတ်ပါဘူး ။ မိသားစု စားဝတ်နေရေးအတွက် ဘယ်သူ့ဝင်ငွေဟာ ပိုအရေးပါနေသလဲ။ ဥပမာ- မိခင်ရဲ့ဝင်ငွေက ဖခင်ရဲ့ဝင်ငွေထက် များနေပါတယ်ဆိုပါစို့ ။ အဲဒီအိမ်ထောင်က…