Tag Archives | ဖွံ့ဖြိုးမှု

ကလေးငယ်တို့ ဖွံ့ဖြိုးတိုးတက်လာမှု အဆင့်ဆင့်

ကလေးငယ်တို့ ဖွံ့ဖြိုးတိုးတက်လာမှု အဆင့်ဆင့်

အမိဝမ်းကကျွတ်ကာစအချိန်ကနေစပြီး ကလေးငယ်တွေဟာ အဆင့်ဆင့် ဖွံ့ဖြိုးလာကြတာပါ။ ကလေးငယ်တွေရဲ့ ပင်ကိုယ်ဗီဇအရသော်လည်းကောင်း ၊ မိဘတွေရဲ့မျိုးရိုးဗီဇအရသော်လည်းကောင်း ၊ ကလေးငယ်၏ ကျန်းမာရေးအရသော်လည်းကောင်း အရွယ်တူ ၊ နေ့တူ ကလေးတစ်ဦးနဲ့တစ်ဦး ဖွံ့ဖြိုးမှုချင်း မတူညီတာလည်း ရှိတတ်ပါတယ်။ ကလေးတွေရဲ့ဖွံ့ဖြိုးမှုဟာ တစ်ဦးနဲ့တစ်ဦး ဘယ်လိုပင် မတူညီငြားလည်း စောတာနဲ့ နောက်ကျတာလောက်သာ ရှိတာပါ။ ဖွံ့ဖြိုးမှုအဆင့်တွေကို လုံးဝကျော်လွန်ပြီး ဖွံ့ဖြိုးသွားတယ်ရယ်လို့ မရှိတတ်ပါဘူး။ ဥပမာ ဇက်မခိုင်သေးဘဲနဲ့ ကလေးဟာ အဆင့်ကျော်လို့ ထိုင်နိုင်တာမျိုး မရှိပါဘူး။ မထိုင်နိုင်သေးတဲ့ကလေးတစ်ဦးဟာ မတ်တပ်ထ ၊ လမ်းလျှောက်တာမျိုး မလုပ်နိုင်ပါဘူး။ ဒါကို တဆင့်ပြီးမှတဆင့် ဖွံ့ဖြိုးတိုးတက်တယ်လို့ခေါ်တာပါ။ ကလေးတွေရဲ့ တိုးတက်ဖွံ့ဖြိုးမှုနှုန်းအား သတိထားမိစေရန် အပိုင်း(၁) နှင့် ကလေးရဲ့ တိုးတက်ဖွံ့ဖြိုးမှုနှုန်းအား သတိထားမိစေရန် အပိုင်း(၂) တို့တွင် ဖော်ပြပြီးဖြစ်သကဲ့သို့ ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးမှုဟာ သူ့အရွယ်နဲ့သူ ဖွံ့ဖြိုးတိုးတက်တာမျိုး ဖြစ်ပါတယ်။ ဒါတွေကို မသိရှိသေးပါက အရောင်ကွဲသော […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading

ခြောက်လမှ ခှုနှစ်လအရွယ် ကလေး၏ ဖွံ့ဖြိုးတိုးတက်မှု

ခြောက်လကျော်လို့ ခုနှစ်လအတွင်း ရောက်လာတဲ့ကလေးဟာ အမူအရာ ၊ အပြုံးအရယ် ပိုတတ်ပြီး ပိုပြလာရုံမက စကားပြောချင်လာသလို အာ ၊ အ စသဖြင့်လည်း ပြောလာတာပေါ့။ တွေ့မြင်သမျှကို ပါးစပ်ထဲထည့်တတ်ပြီဖြစ်တာမို့ ရှေ့ မှာ ဆိုခဲ့သလို တစ်ရှူးခေါင်းပေါက်ထဲ ဝင်နိုင်တဲ့ပစ္စည်း အသေး ၊ အကြီးမှန်သမျှကို သူလက်လှမ်းမီရာမှာ မထားမိဖို့ သူ သုံးနှစ်အရွယ်အထိ သတိထားရဦးမှာပဲ။ သူ့လက်ထဲရောက်သွားရင် ကောင်းမှန်းဆိုးမှန်း ၊ အန္တရာယ်ရှိမှန်း မရှိမှန်း မသိသေးတော့ ပါးစပ်ထဲ ထည့်မှာပဲ။ ပစ္စည်းပျက်သွားရင် အသစ်ထပ်ဝယ်လို့ရပေမယ့် ကလေး လည်မြိုတစ်သွားလို့ အချိန်မီ မသိရှိ ၊ မထုတ်ပေးနိုင်ခဲ့ရင် အသက်ပါဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တယ်လေ။ ဒါကြောင့် ကလေးထိန်းသူနဲ့ ကလေးအမေတွေ (ကလေးအနားရှိသူတွေဟာ )မျက်စိလျှင်ဖို့လိုပါတယ်။ ကလေးကို လုံးဝမျက်ခြည်ပြတ်လို့မရဘူး။ ကလေးကို […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
ဒီအရွယ်မှာ သူသိတာ ခြေဟာလည်းကိုက်ငုံချင်စရာ ၊ လက်ဟာလည်း ကိုက်ငုံချင်စရာပါ။

ငါးလမှ ခြောက်လအရွယ် ကလေး၏ ဖွံ့ဖြိုးတိုးတက်မှု

လှိမ့်သထက် ခပ်မြန်မြန်လေးလှိမ့်တတ်တဲ့ အခုလိုအရွယ်မှာ လက်တွေခြေထောက်တွေ လှုပ်ရှားမှုဟာလည်း များသထက်များလာပြီပေါ့။ လက်မြန် ၊ ခြေမြန်ဆိုတာ ဒီအရွယ်ကစတာပဲ။ လူကြီးစားနေတဲ့ပန်းကန်ထဲက ဆတ်ခနဲနှိုက် ၊ ဒီ့ထက်မြန်နိုင်ရင် ပါးစပ်ထဲ ကောက်ထည့်ပစ်လိုက်တတ်တာပါ။ သူ့လက်ထဲရောက်သွားတဲ့ပစ္စည်းကို ခပ်မြဲမြဲ ဆုပ်ကိုင်ထားနိုင်ပြီး လက်ဆုပ်ဖြည်ကြည့်ဖို့တောင် အတော်အားထုတ်ရတာ မိဘလူကြီးတွေ သတိထားမိလာမှာပါ။ ဒါကြောင့် သူ့လက်ဆုပ်ထဲ ဘာပါသွားလဲဆိုတာကို သူလှမ်းဆွဲလိုက်တိုင်း သတိထားကြည့်ရမှာပါ။ ကြယ်သီး ၊ နှိပ်စေ့ပြုတ်တွေ သူ့လက်ထဲပါသွားခဲ့လို့ သူ့ပါးစပ်ထဲထည့်လိုက်ရင် ပါးစပ်ထဲက ပြန်နှိုက်ကလော်ယူဖို့ ခက်တယ်လေ။ အခန့်မသင့်ရင် လည်မျိုမှာ တစ်နေ ၊ သီးနေနိုင်တယ်။ ဒီလိုလက်မြန် ၊ ခြေမြန်နဲ့ ပစ္စည်းတွေကို မြဲမြဲဆုပ်ကိုင်ပြီး လက်တဖက်ကတဖက် ပြောင်းလွှဲကိုင်နိုင်လာတဲ့သူ့ကို ယခင်လတွေက အစာသစ်မိတ်ဆက်ခဲ့တဲ့ လူကြီးမိဘတွေဟာ ဆန်ကွဲစေ့အရွယ်အစား ကောင်းစွာချက်ပြုတ်ထားတဲ့ ထမင်းကို ပန်းကန်ပက်ပက်ထဲ […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
food masher

လေးလမှ ငါးလအရွယ် ကလေး၏ ဖွံ့ဖြိုးတိုးတက်မှု

လူကြီးကကိုင်ပေးရင် ပထမခပ်ကုန်းကုန်းလေး ထိုင်နိုင်ရာကနေ နောက်ပိုင်း ခပ်မတ်မတ်လေး ထိုင်လာနိုင်မယ့် ဒီအရွယ်မှာ လူကြီးမကိုင်ထားရင် ခဏလောက်တော့ လက်လွှတ်ထိုင်နိုင်ပါပြီ။ သူ့ဘာသာ ထိုင်နိုင်သေးတဲ့အရွယ် မဟုတ်တာမို့ ကလေးကို အထိုင်သင်ပေးမယ်ဆိုရင် ကလေးခြေထောက်တွေကို “V” ပုံစံ ကားပေးထားပြီး ထိုင်စေတဲ့အခါ ကလေးဟာ သူ့ကိုယ်သူ အနည်းငယ် ပိုထိန်းလာနိုင်တာ တွေ့ရမှာဖြစ်ပါတယ်။ သူ့ရှေ့မှာကစားစရာလေးတွေ ချပေးထားလိုက်ပြီး ကိုယ်လဲကျရင် မနာရလေအောင် သူ့အနားပတ်လည်မှာ ခေါင်းအုန်းလို ကူရှင်လိုတွေ ခံထားပေးရမှာဖြစ်ပါတယ်။ အနားမှာ သူ့ကိုကြည့်မယ့် တစ်ယောက်ယောက် ရှိနေသင့်တာမို့ သူ့တစ်ယောက်တည်း ပစ်ထားလို့တော့ မရပါ။ သူချစ်တဲ့သူတွေကို ဖက်ဟယ် ၊ နမ်းဟယ် လုပ်တတ်လာတဲ့အရွယ်ဟာလည်း ဒီအရွယ်ပါပဲ။ သူ့ကိုချီပါလို့ လက်ဆန့်မြှောက်ပြီးတော့လည်း ချီခိုင်းတတ်လာပါတယ်။ လူကြီးတွေ စနောက်တဲ့ အရွှတ် ၊ အနောက်စကားတွေကို သူကပါ […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
ကလေးရဲ့ ပထမဆုံးအပြုံးကို မြင်တွေ့ရသူဟာ ဘယ်သူဖြစ်နိုင်မလဲ။

တစ်လမှ နှစ်လအရွယ်အတွင်း ကလေး၏ ဖွံ့ဖြိုးတိုးတက်မှု

မွေးကင်းစအရွယ်မှ ရက်သတ္တပတ်ခြောက်ပတ် (တစ်လခွဲနီးပါး) အရွယ်ရောက်လာလျှင် ကလေးဟာ စပြုံးပြတတ်လာပါတယ်။ ကလေးရဲ့ ပထမဆုံးအပြုံးကို မြင်တွေ့နိုင်သူဟာ ကလေးကို အမြဲတမ်း အချိန်ပြည့်နီးပါး ဂရုစိုက်ပြုစုစောင့်ရှောက်နေသူ ဖြစ်မှာပါ။ ကလေးဘဝရဲ့ ပထမဆုံးအပြုံးကို ထိုက်ထိုက်တန်တန် ရရှိသူအများစုဟာ မိခင်ပဲ မဟုတ်လား။ ကလေးဟာ ရက်သတ္တပတ်ခြောက်ပတ် (တစ်လခွဲနီးပါး) အရွယ်မှာ မိခင်ရဲ့ပြောစကား ၊ လူကြီးမိဘတွေက သူ့ကို စကားပြောရင် နားထောင်နေတတ်ပါပြီ။ သူကိုယ်တိုင်ကလည်း အား ၊ အိုး စသဖြင့် ပြောနိုင်လာပြီပေါ့။ ကလေးဟာ သူ့ခြေ ၊ လက်တွေကို လေထဲမှာ လွတ်လွတ်လပ်လပ် ဝှေ့ရမ်းလို့နေပါပြီ။ ဒီအရွယ်ကစပြီး သူ့လက်မကလေးကို သူစုပ်နိုင်လာပြီပေါ့။ဒီအရွယ်မှာ အရောင်စုံ ကစားစရာပစ္စည်းလေးတွေကို သူ့လက်နဲ့ထိတွေ့စေတဲ့အခါ စူးစမ်းမှုအပြည့်နဲ့ သူပျော်မှာဖြစ်ပါတယ်။ ဒီအရွယ်မှာ လှဲနေတဲ့ကလေးကို လက်ကနေဆွဲထူရင် ကိုယ်ပါလာပေမယ့် […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
ကလေးဘဝတသက်စာအတွက် ဘယ်လိုလက်ဆောင်မျိုး ထည့်ပေးလိုက်မလဲ။

ကလေးဘဝတသက်စာ ပါသွားမယ့် ခံစားချက်နှင့် သင်ယူမှု

ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု သုံးပုံနှစ်ပုံဟာ မွေးဖွားပြီးလို့ အပြင်ရောက်လာမှ ဖွံ့ဖြိုးတိုးတက်လာတာပါဆိုရင် ယုံနိုင်ပါ့မလား။ မယုံမရှိပါနဲ့ ကလေးသူငယ်များဆိုင်ရာ စိတ်ပညာရှင် Steve Biddulph  ကိုယ်တိုင် သုတေသနပြုလုပ်ရရှိလာခဲ့တဲ့ ရလဒ်တွေအပါအဝင် ကျွမ်းကျင်သူတွေရဲ့ရလဒ်က ဒီလိုပဲ ဆိုထားပါတယ်။ ကလေးတွေဟာ မွေးဖွားလာခဲ့ပြီးပါမှ သူတို့အပေါ် လူကြီးမိဘ ပတ်ဝန်းကျင်က သူတို့ဦးနှောက်ထဲ ဘာတွေထည့်ပေးသလဲ ၊ ဘယ်လိုသွန်သင်ဆုံးမ နားလည်ပေးမှုမျိုးနဲ့ ဖွံ့ဖြိုးစေသလဲအပေါ် မူတည်ပြီးတော့ သူတို့တွေရဲ့ တွေးခေါ်မှုစွမ်းအား ၊ တီထွင်မှုစွမ်းအား ၊ အခက်အခဲဖြေရှင်းနိုင်မှု ၊ အရည်အသွေး တိုးတက်ထွန်းပြောင်လာမှုဆိုတာတွေဟာ  ဆက်ဖြစ်လာတာပါ။ မွေးကင်းစကလေးလေးပဲ ဘာသိဦးမှာလဲ။ ကလေးပဲရှိသေးတာ ဘာသိဦးမှာလဲလို့ ကိုယ်တွေ ထင်မြင်ယူဆနေတာတွေဟာ မှားယွင်းနေပါတယ်။ တကယ်ဆို မွေးကင်းစကနေ တစ်နှစ်အောက် ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု သင်ယူနိုင်စွမ်းဟာ ဘဝတလျောက်လုံးမှာ အမြင့်ဆုံးဖြစ်လို့နေပါတယ်။ ဘယ်လောက်အထိ သင်ယူနိုင်စွမ်း […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading

ကလေးငယ်တို့၏ ကိုယ်စိတ်အမှန်ဖွံ့ဖြိုးမှု

နောက်ပိုင်းပို့စ်တွေမှာ ကလေးငယ်တွေရဲ့  ဖွံ့ဖြိုးမှုအခြေအနေကို အဆင့်ဆင့် ရေးသားသွားမှာဖြစ်တဲ့အတွက် ကလေးငယ်တို့ရဲ့ ကိုယ်စိတ်ဖွံ့ဖြိုးမှု အမှန်ကို နားလည်ထားဖို့ အရေးကြီးတာမို့ ဒီပို့စ်ကို ရှေ့ပြေးအနေနဲ့ ရေးသား ဖော်ပြလိုက်ပါတယ်။ ယခုရေးသားမည့်ပို့စ်ဟာ ကလေးအထူးကုသမားတော်ကြီး ဦးတင်ဦး M.B.B.S., F.R.C.P.(E), D.C.H. မှတ်တမ်းလုပ်ပြီး ရေးသားဖော်ပြခဲ့တဲ့ ကလေးနှင့်အာဟာရစာအုပ်မှ ကလေးငယ်တို့၏ ကိုယ်စိတ်အမှန်ဖွံ့ဖြိုးမှုကို ဆရာကြီးရဲ့ အာဘော်အတိုင်း ကောက်နှုတ်ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။ ကလေးတွေ ဘယ်အချိန်ကတည်းက စတင်ဖွံ့ဖြိုးလာခဲ့သလဲဆိုရင် မိခင်ဝမ်းထဲမှာ သန္ဓေတည်တဲ့အချိန်ကစပြီး တဆင့်ပြီးတဆင့် ဖွံ့ဖြိုးတိုးတက်လာတာဖြစ်ပါတယ်။ ကလေးတွေ ဖွံ့ဖြိုးကြီးထွားလာတာဟာ အစီအစဉ်အားဖြင့်တူပေမယ့် ကလေး တစ်ဦးနဲ့တစ်ဦး ဖွံ့ဖြိုးတိုးတက်မှုနှုန်းကတော့ မတူညီကြပါဘူး။ ဘာကြောင့် ကလေးဖွံ့ဖြိုးမှုတွေဟာ အစီအစဉ်အားဖြင့် တူသလဲဆိုရင် ကလေးတိုင်း ခေါင်းထောင်ပြီးမှ ထိုင်နိုင်လာကြတာဖြစ်ပါတယ်။ ခေါင်းမထောင်နိုင်သေးဘဲနဲ့ ကလေးဟာ မထိုင်နိုင်သေးပါဘူး။ တနည်းအားဖြင့် ဇက်မခိုင်သေးတဲ့ကလေးဟာ ခေါင်းထောင်တဲ့အဆင့်ကိုကျော်ပြီး ထိုင်နိုင်တဲ့အဆင့်ကို […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
4 month

ကိုယ်ဝန်(၁၂)ပတ်မှ (၁၅)ပတ်အတွင်း

ကိုယ်ဝန်ဆောင်မိခင်လောင်းများဟာ ကိုယ်ဝန်(၁၂)ပတ်မှ (၁၅)ပတ် ကာလအတွင်းတွင် စားချင်သောက်ချင်စိတ်တွေ ပြန်ဝင်လာပြီး Morning Sick လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင် ပျို့အန်ခြင်းတွေဟာလည်း ပါးလာတာ တွေ့ရပါတယ်။ ကိုယ်ဝန်(၁၂)ပတ်မှ (၁၅)ပတ်ကာလကနေစပြီးတော့ ပူစပြုလာတဲ့ဗိုက်ကလေးကို စတင် မြင်တွေ့ရပြီပေါ့။ ထိုကာလအတွင်းမှာ ဗိုက်ပူတာကို မြင်ရရုံတင်မဟုတ်ပါဘူး။ ဗိုက်ထဲက ကလေးဖွံ့ဖြိုးမှုကြောင့် သားအိမ်အရွယ်အစားကလည်း ကြီးလာတဲ့အတွက် ခြေထောက်အပေါ်ပိုင်း အဆစ်အမြစ်တွေ နာကျင်တတ်တာမျိုး (သို့မဟုတ်) ကြွက်တက်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်(၁၄)ပတ်နောက်ပိုင်းမှာ အချင်းဖြစ်ပေါ်လာပြီဖြစ်တဲ့အတွက် ကိုယ်ဝန်ပျက်ကျနိုင်ချေဟာလည်း ပိုနည်းသထက် နည်းလာပြီပေါ့။ ကိုယ်ဝန်(၁၂)ပတ်မှ (၁၅)ပတ်အတွင်း၌ သန္ဓေသားဟာ (၁၅)စင်တီမီတာ အရွယ်အစားရှိလာပြီး အလေးချိန်ကတော့ (၁၀၀)ဂရမ်ဖြစ်လာပြီပေါ့။ သန္ဓေသားရဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေဟာ ထိုကာလအတွင်းမှာ စတင်ဖွံ့ဖြိုးလာပါပြီ။ လက်မောင်းတွေ ၊ လက်တွေကတော့ လုံးဝပုံပေါ်လာခဲ့ပါပြီ။ ကိုယ်ဝန်(၁၂)ပတ်မှ (၁၅)ပတ်အတွင်း သန္ဓေသားရဲ့ အရိုးတွေနဲ့ […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
facebookဖြင့်ဝင်ရန်