Tag Archives | ဖွံ့ဖြိုးတိုးတက်မှု

(၁၅)လအရွယ်ကလေး၏ ဖွံ့ဖြိုးတိုးတက်မှု

တချို့ကလေးတွေဟာ (၁၇)လ ၊ (၁၈)လအထိ လမ်းလျှောက်နောက်ကျတတ်ပေမယ့် ကလေးအများစုဟာ ဒီအရွယ်မှာ လမ်းလျှောက်တတ်နေပါပြီ။ သူတို့ဟာ လက်ကလေးပိုက်လို့ပဲဖြစ်ဖြစ် ၊ သူ့လက်မောင်းသူ ပြန်ကိုင်လို့ပဲဖြစ်ဖြစ် ကျကျနန ဟန်ချက်ညီညီ လမ်းလျှောက်တတ်ဖို့ ကြိုးစားရင်း လမ်းကောင်းကောင်းလျှောက်တတ်လာပါတယ်။ ပြီးတော့ ခပ်သွက်သွက် လျှောက်နိုင်အောင်လည်း သူတို့ ကြိုးစားနေပါပြီ။ ဒီလိုခပ်သွက်သွက် လျှောက်တတ်လာတဲ့နောက်တဆင့်မှာ ပြေးတော့မှာပေါ့။ သူခပ်သွက်သွက် လမ်းလျှောက်တတ်အောင် ကျင့်ပေးမယ်ဆိုရင် လဲကျရင်မနာတဲ့ပတ်ဝန်းကျင်မှာ သူ့နောက်လိုက်ဖမ်းတဲ့သူအဖြစ် ဟန်ဆောင်ကစားနိုင်ပါတယ်။ သူ့နောက်လိုက်ဆွဲတဲ့ သူနှစ်သက်ရာသတ္တဝါ (ခွေး ၊ ကြောင် အစရှိသဖြင့်) ဟန်ဆောင်ပြီး လိုက်ဖမ်းမယ်ဆို သူဟာ စိတ်လှုပ်ရှားစွာ ခြေလှမ်းတွေ ခပ်သွက်သွက် လှုပ်ရှားဖို့ ကြိုးစားမှာဖြစ်ပါတယ်။ ဒီကတဆင့် ခြေချောင်းတွေ ၊ ခြေဖဝါးတွေ ပိုမိုသန်မာလာပြီး ခပ်မြန်မြန်လှုပ်ရှားလာမယ် ၊ ပြေးလွှားကစားလာနိုင်မှာဖြစ်ပါတယ်။ ဒီအရွယ်မှာ […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading

(၁၄)လအရွယ် ကလေး၏ ဖွံ့ဖြိုးတိုးတက်မှု

ဒီအရွယ်မှာကလေးဟာ ခွက်ထဲကအရည်တွေနဲ့ ရေကို သူ့ဘာသာ ထိန်းထိန်းသိမ်းသိမ်း သောက်တတ်လာပါပြီ။ ဒါပေမယ့် တချို့ကလေးတွေကတော့ ဗူးနဲ့သောက်ရတာကိုမှ အာသီသရှိနေတာလဲ ဖြစ်နိုင်ပါသေးတယ်။ ရေကို ခွက်နဲ့အလွတ် သောက်တတ်လာဖို့ နည်းနည်းချင်း ကျင့်ယူပေးရမှာဖြစ်ပါတယ်။ ပထမအစပိုင်းမှာ နို့သီးခေါင်းတပ်ဗူးနဲ့ သောက်လေ့ရှိရင် နောက်ပိုင်းမှာ ထိပ်ဝ အပေါက်ကလေးတွေပါတဲ့ ဗူးပုံစံမျိုးနဲ့ ပြောင်းတိုက်ပါ။ စုပ်သောက်ရတာချင်းတူပေမယ့် နို့သီးခေါင်းတပ်က တပေါက်တည်းပါပြီး ဗူးထိပ်ဝ အပေါက်ကလေးတွေပါတာက နှစ်ပေါက်ကနေ သုံးပေါက်ဖြစ်လာတဲ့အတွက် စုပ်အားနဲ့ စီးဝင်တဲ့ ရေအလျင်ကို သူ့ဘာသာ ထိန်းထိန်းသိမ်းသိမ်း သောက်တတ်လာမှာပါ။ ဒါနဲ့အသားကျလာရင် ပိုက်တပ်ဗူးလေးတွေ ၊ ထိပ်ဝ အပေါက်ကြီးကြီးပါတဲ့ဗူးလေးတွေနဲ့ ရေကို ကျင့်တိုက်ပြီး ခွက်နဲ့ (သို့မဟုတ်) ဗူးလိုက် မော့သောက်တတ်ဖို့ ကျင့်ပေးရမှာပါ။ ဒါက ကလေးရေမသီးအောင် လေ့ကျင့်ပေးတာပါ။ ရေမသီးရုံတင်မဟုတ်ဘူး။ အတိုင်းအတာကို စိတ်နဲ့ကိုယ် […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading

(၁၃)လအရွယ် ကလေးငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှု

ဒီအရွယ်မှာ သူတို့ရဲ့ ပထမခြေလှမ်းဆိုတာကို စလှမ်းကောင်း လှမ်းနေပါပြီ။ သူ့ဘဝရဲ့ ပထမဆုံးခြေလှမ်းတွေကို စမြင်ရတယ်ဆို လက်ခုပ်သြဘာပေးလို့ သူ့အောင်မြင်မှုကို အားပေးပါ။ ဒါမှလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ နောက်ထပ်ခြေလှမ်းတွေ သွက်သွက် ဆက်လှမ်းဖို့ အားရှိမှာဖြစ်ပါတယ်။ ကလေးဟာ ခြေလျှပ်တိုက် လျှောက်လေ့ရှိတယ်ဆိုရင် သူ့ဘာသာလျှောက်လှမ်းမယ့် ခြေလှမ်းတွေဟာ နောက်ကျကောင်း နောက်ကျနိုင်ပါတယ်။ လေးဘက်ထောက်လိုက် လျှောက်လိုက် လုပ်တတ်တဲ့ကလေးတွေထက် ခြေလျှပ်တိုက် လျှောက်လေ့ရှိတဲ့ကလေးတွေဟာ လမ်းလျှောက်နောက်ကျတတ်ပါတယ်။ လမ်းလျှောက်နောက်ကျလို့ စိတ်မပူပါနဲ့ တချို့ကလေးတွေဟာ (၁၇)လ (၁၈)လနောက်ပိုင်းမှ လမ်းလျှောက်တတ်တာလည်းရှိပါတယ်။ လမ်းလျှောက်မြန်မြန်တတ်စေချင်လို့ဆိုပြီး ကလေးကို ဖိအားပေး လမ်းလျှောက်ခိုင်းတာမျိုးတော့ မလုပ်ပါနဲ့။ ကစားရင်းဆော့ရင်း သူသတိမထားမိချိန်မှာ သူ့ကို သူ့ဘာသာသူ လမ်းလျှောက်တတ်ဖို့ အခွင့်အရေးပေးဖို့ လိုပါတယ်။ လူကြီးက ဆန္ဒစောလွန်းရင် လမ်းလျှောက်နောက်ကျတတ်သလို လူကြီးက စိုးရိမ်လွန်း ၊ […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading

ကိုးလမှဆယ်လအရွယ် ကလေးငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှု

အခုအရွယ်မှာ ကလေးပြောတဲ့စကားလုံးတွေဟာ ဗလုံးဗထွေးပြောရာကနေ ပီပီသသဖြစ်လာပါမယ်။ ဥပမာ- ပေ ၊ မေ ၊ ဖေ မပီရာကနေ ပီလာတာမျိုးတွေပါ။ ဒီလိုအရွယ်မှာ သူအပြောမှားတာတွေကို မဟုတ်ဘူးပြောမယ့်အစား မှန်ကန်တဲ့စကားလုံးတွေကိုသာ ကိုယ်က ဦးစားပေးပြောရမှာပါ။ အစိမ်းကို နီလို့ ပြောပေမယ့် အနီမဟုတ်ဘူးလို့ မပြောဘဲ အစိမ်းလို့ ပြောရမှာဖြစ်ပါတယ်။ ဒီလိုဆို သူဒွိဟဖြစ်တာကို ဖြေရှင်းပြီးသားဖြစ်သွားတယ်။ အခုအရွယ်မှာ သူက တစုံတခုကို အသေအချာ မှတ်သားနိုင်အောင် ကြိုးစားနေမှာဖြစ်ပြီး ဒါမှားတယ် ၊ ဒါမှန်တယ်ဆိုရင် ဒီအမှန်နဲ့အမှား စကားလုံးနှစ်ခုမှာတင် သူဟာ ဒွိဟဖြစ်ပြီး ဘယ်ဟာ အမှန် ၊ အမှားရယ်လို့ ခွဲခြားရ ခက်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီအရွယ်မှာ ကလေးကို အမှန်စကားလုံးတွေ ဦးစားပေး ပြောပေးရမှာပါ။ ဒီအရွယ်ဟာ တရွတ်ဆွဲအရွယ်လို့ […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
BurmeseHearts Blog

(၁၁)လမှ (၁၂)လအရွယ် ကလေးငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှု

(၁၁)ကနေ (၁၂)လအရွယ်အတွင်း ရောက်လာတဲ့ ကလေးငယ်တွေဟာ ပိုသွက်လက်လာပါတယ်။ လူကြီးတွေအပြောများတဲ့ စပ်စုတယ်ဆိုတာမျိုး သူ့မှာ တွေ့လာပြီပေါ့။ တကယ်ဆို သူက အခုမှစ လူ့လောကကအရာတွေ တွေ့ရှိခံစားရသူမို့ သင်ယူနိုင်သမျှ သင်ယူနိုင်ဖို့ အားထုတ်နေရင်း အရာရာကို စူးစမ်းလေ့လာနေတာပါ။ဆူဆူညံညံသံကြားရင် ဘာရယ်မဟုတ် သူပါချင်ပြီလေ။ သူများရယ်ရင် သူပါလိုက်ရယ် ၊ သူများအော်ရင် သူကလန့်ငိုနဲ့ သူနဲ့ရှိနေချိန်တွေမှာ အတော်ပျော်ဖို့ကောင်းလာပါတယ်။ ကလေးတစ်ဦးနဲ့ တစ်ဦး ဖွံ့ဖြိုးမှုချင်း မတူညီတတ်တာမို့ လူခပ်များများနဲ့ စုစုရုံးရုံး ကြီးပြင်းရတဲ့ကလေးတွေဟာ တသီးတသန့် ကြီးပြင်းလာရတဲ့ ကလေးတွေထက် ဘာသာစကားမှာ ၊ အတုမြင်အတတ်သင်ဆိုတာတွေမှာ ပိုပြီး တတ်လွယ်နေပါတယ်။ ပတ်ဝန်းကျင်မှာ လူအများကြီးနဲ့ ကြီးပြင်းလာရတဲ့ကလေးတွေ ကောင်းတဲ့အချက်က လူတွေရဲ့ ဓလေ့ ၊ သဘာဝ ၊ စရိုက်အထွေထွေ ၊ အပြုအမူအမျိုးမျိုး […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading

(၁၀)လမှ (၁၁)လအရွယ် ကလေးငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှု

(၁၀)လကျော်လာပြီဆိုရင် အများစုသော ကလေးတွေဟာ နံရံကိုင်လို့ပဲဖြစ်ဖြစ် ၊ ပရိဘောဂပစ္စည်းတွေ ကိုင်လို့ပဲဖြစ်ဖြစ် ကိုင်စရာတစခုကို ကိုင်တွယ်ရင်း လမ်းလျှောက်ကျင့်နေပါပြီ။ လျှောက်ပါများလို့ ကျင့်သားရလာတဲ့ကလေးဟာ ခြေလွှတ် ၊ လက်လွှတ် ဘာမှမကိုင်ဘဲ အလွတ်လျှောက်နိုင်ဖို့ ကြိုးစားမှာပါ။ ကလေးကို လမ်းမြန်မြန်လျှောက်တတ်စေချင်တယ်ဆိုရင် လမ်းများများလျှောက်ခွင့် ကိုယ်ကပေးရမှာပါ။ ဒီလိုလျှောက်ရင်း တဖုတ်ဖုတ်နဲ့ လဲကျနိုင်ပါတယ်။ ဒါပေမယ့် လူကြီးမိဘတွေက သူလဲကျမှာကို စိတ်ပူနေစရာမလိုဘဲ သူလဲကျရင် မနာရအောင် ငါဘာလုပ်ပေးထားနိုင်မလဲလို့ ကြိုတွေးရမှာပါ။ ပြုတ်ကျလို့ ညိုမဲစွဲကွက်လေးတွေ ပေါ်လာမယ် ၊ အသားပွန်းသွားမယ်ဆိုရင်လည်း မစိုးရိမ်ပါနဲ့ ။ ဒီလိုအကြိမ်ကြိမ်လဲကျပြီးပါမှ လဲမကျအောင် ဘယ်လိုဟန်ချက်ထိန်းရမလဲလို့ သူတို့ဟာ သင်ယူလာတာဖြစ်ပါတယ်။ ဒီနေရာမှာ ကလေးသူငယ်တွေ လမ်းလျှောက်ကျင့်ပုံကို ကျွန်မပြောပါရစေ။ လူကြီးတွေ ခြေလှမ်းရင် တပြားလိုက်ပြီး ခြေဖဝါးကြွ လှမ်းတတ်ပေမယ့် ဒီအရွယ် […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
9 month old

ရှစ်လမှကိုးလအရွယ် ကလေးငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှု

ရှစ်လကျော်လို့ ကိုးလထဲဝင်လာပြီဆိုရင် ကလေးဟာ ကုလားထိုင် ၊ ဆိုဖာ စသဖြင့် ကိုင်စရာရှိတာတွေကိုကိုင်ပြီး သူ့ဘာသာ မတ်တပ်ရပ်နိုင်လာဖို့ သင်ယူနေပါပြီ။ ပထမတော့ ဒီလိုကိုင်ရင်းနဲ့ မတ်တပ်ရပ်ရင် ပြုတ်မကျအောင် ကိုယ့်ကိုယ်ကို ဘယ်လိုထိန်းရမလဲဆိုတာကို သူ့ဘာသာလေ့လာနေပါတယ်။ ပြီးရင် လက်လွှတ်ကြည့်လိုက် ဖင်ထိုင်လျက်ပြုတ်ကျလိုက် ကိုင်ရင်းပြန်ရပ်လိုက်နဲ့ မတ်တပ်ရပ်နိုင်ဖို့ သူ့ဘာသာ ကြိုးစားသင်ယူနေပါတယ်။ သူ့ဘာသာ ဘယ်လိုထိန်းရမလဲဆိုတာ သူနားလည်သွားရင်တော့ မတ်တပ်ရပ်နိုင်လာမှာပါ။ ကလေးဟာ တခုခုကိုင်ပြီး မတ်တပ်ရပ်တပ်လာပြီဆိုတာနဲ့ သူအမြင့်က ပြုတ်ကျနိုင်တာ ၊ သူ့ကိုအမြင့်မှာ သတိလက်လွတ် တင်ထားမိတာ စတဲ့ ကလေးအမြင့်ကပြုတ်ကျနိုင်တဲ့ အခြေအနေအရပ်ရပ်ကို ကြိုကာကွယ်ရမှာပါ။ လူကြီးသတိလွတ်တာ တချက်တည်း ၊ ကလေးကတော့ တသက်လုံး သေရာပါ အမာရွတ်နဲ့ ထိခိုက်မှုတွေ ဖြစ်သွားနိုင်တယ်လေ။ ဒီအချိန်မှာ ကလေးကို သတိလက်လွတ် မရှိသင့်တော့ပါဘူး။ […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading

မွေးကင်းစမှ တစ်လသားအရွယ် ကလေး၏ ဖွံ့ဖြိုးတိုးတက်မှု

ရက်သတ္တပတ် လေးပတ်သား ရလာတဲ့ကလေးဟာ အမေကို လိုက်ကြည့်တတ်လာပါပြီ။ တစ်လသားကလေးတွေဟာ မိဘနှစ်ဦးစလုံး သူ့အနားမှာ ရှိပေးခဲ့မယ်ဆို မိနဲ့ဖကို ကောင်းကောင်း သတိထားမိလာပါပြီ။ အမြင်အာရုံရော ၊ အကြားအာရုံရော မွေးကင်းစကထက် ပိုတိုးတက်ဖွံ့ဖြိုးလာခဲ့ပြီး ပတ်ဝန်းကျင်ကိုလည်း ပိုသတိထားမိလာမှာပါ။ အသိပိုရှိလာတဲ့တစ်လသားအရွယ်မှာ ခြေဆန့်လက်ဆန့်လာနိုင်ပြီး ခြေလှုပ် ၊ လက်လှုပ်လေး လုပ်နိုင်လာပြီပေါ့။ ကလေးဟာ မွေးကင်းစကလိုမဟုတ်ဘဲ သူ့ခံစားမှုတွေကို ကလေးမျက်နှာပေါ်မှာ သတိထားမိရင် မြင်လာနိုင်ပါပြီ။ တစ်လသားအရွယ်မို့ အများကြီး မပြတတ်သေးပေမယ့် ကလေးကို မကြာမကြာ စကားချိုချို ပြောဆိုပေးဖို့ လိုအပ်ပါတယ်။ ကိုယ်ကစကားပြောပေးတဲ့အခါ ကိုယ့်ကို စိုက်ကြည့်တတ်လာပြီး ဂူးဂူးဂဲဂဲ အသံလေး ပေးနိုင်ပါလိမ့်မယ်။ သူပြောတာနားမလည်ပေမယ့် သူပြောသလို စနောက်ရင်း လိုက်ပြောပေးပါ။ အဲဒါကို ကလေးတွေက သဘောကျပါတယ်။ ဒီတစ်လသားအရွယ်မှာ အရောင်စုံတဲ့ အရုပ်ကလေးတွေ […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
facebookဖြင့်ဝင်ရန်