Tag Archives | ဖခင်

ဖခင်နှင့် သားသမီးများ ဘာကြောင့် စိတ်ချင်းဝေးနေလဲ

မိသားစု အတော်များများမှာ ကလေးနဲ့ဖခင်ရဲ့ ဆက်ဆံရေးဟာ ကလေးနဲ့မိခင်ရဲ့ ဆက်ဆံရေးလောက် ရင်းနှီးမှုမရှိကြဘူး။ ခပ်တန်းတန်းဖြစ်နေကြတယ်။ မိခင်နဲ့ ဆက်ဆံတာလောက် ပွင့်လင်းမှုမရှိဘူး။ နောက်ပြီး မိခင်ထက် ဖခင်ကို ပိုကြောက်ကြတယ်။ ကလေးဘဝကတည်းက ဒီလိုမျိုးဖြစ်နေခဲ့တာ သားသမီးအရွယ်ရောက်တဲ့အထိ ဒီလိုခပ်တန်းတန်း ဖြစ်သွားတဲ့ မိသားစုတွေကိုလည်း တွေ့ရပါတယ်။ မိနဲ့ဘဆိုတဲ့ မိဘနှစ်ဦးမှာ ဖခင်ဟာ သားသမီးရဲ့မေတ္တာနဲ့ နွေးထွေးမှုကို မိခင်လောက် မခံစားရဘူး။ တကယ်ဆို မိနဲ့ဘမှာ ဖခင်ဟာ အမိုးနဲ့တူပြီး မိခင်ကတော့ အကာနဲ့တူပါတယ်။ နေပူ ၊ မိုးရွာ ရာသီဥတုဒဏ်ကို အမိုးကအရင်ခံရတာပါ။ မုန်တိုင်းဒဏ်ကြံ့ကြံ့ခံမိုးပေးထားတဲ့ အမိုးဟာ လေနုအေးတိုက်ချိန်နဲ့ လရောင်သာချိန်မှာ ထီးထီး ရှိနေမယ် ၊ မိသားစုအတွက် လောကဒဏ်ခံ ရှာပေးထားတဲ့ဖခင်ဟာ မိသားစုမေတ္တာကို ခံစားသင့်သလောက် မခံစားရဘူးဆိုရင် ဘာများမှားနေသလဲနော်။ တကယ်ဆို […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading

နှစ်လ မှ သုံးလအရွယ်အတွင်း ကလေး၏ ဖွံ့ဖြိုးတိုးတက်မှု

ကလေးဟာ မွေးကင်းစမှနေ ရက်သတ္တပတ် ရှစ်ပတ်ထဲရောက်လာရင် ဝူးဝူးဝါးဝါး စကားစတင်ပြောတတ်လာပါတယ်။ မိခင်က သူ့စကားပြောရင် သူကလည်း ဝူးဝူးဝါးဝါးပြန်ပြောတတ်ပြီး သူကြိုက်တာတွေ့ရင် ပြုံးတတ်လာပါတယ်။ တခါတရံမှာ မိခင်စကားပြောတာကို ငြိမ်ပြီးတော့လည်း နားထောင်တတ်ပါသေးတယ်။ ကလေးရဲ့ခေါင်းဟာ အနည်းငယ်ထောင်လာနိုင်ပေမယ့် မေးတော့ မလွတ်သေးပါဘူး။ နှစ်လကနေ သုံးလအရွယ်အတွင်းမှာ ကလေးဟာ ဝမ်းသွားတဲ့ အကြိမ်အရေအတွက် လျော့နည်းလာပါမယ်။ ဒါပေမယ့် သူဟာ ကျန်းကျန်းမာမာပဲ ဆိုလို့ကတော့ စားမြဲသောက်မြဲပါပဲ။ သုံး ၊ လေးရက်နေလို့ ဝမ်းမသွားလဲ မစိုးရိမ်ပါနဲ့။ ကလေးဟာ ပုံမှန်စားသောက်နေတယ်ဆိုရင် စိတ်ပူစရာမရှိပါဘူး။ ကလေးဝမ်းမသွားလို့ ဝမ်းချူချင်တယ် ၊ သန့်သန့်ရှင်းရှင်း လုပ်နိုင်တယ်ဆိုတဲ့သူတွေအတွက် စင်္ကာပူက ဆရာဝန်တွေ ကျွန်မကို သင်ပေးလိုက်တဲ့နည်းလေး ပြန်ဝေမျှပေးပါရစေ ။ ချည်သားသန့်သန့်လေးကို ထိပ်မှာ ကလေးလိမ်းဆီ (Baby Oil)  […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
မိသားစုအတွင်း နွေးထွေးကြင်နာမှုဟာ ပျော်ရွှင်တဲ့မိသားစုအတွက် မရှိမဖြစ်ပါ။

ဇနီးမီးဖွားပြီးစ ကလေးဖခင်များအတွက်

မီးဖွားပြီးစဇနီးရှိတဲ့ ကလေးဖခင်တွေဟာ ဒီအချိန်မှာ ဇနီးကို နားလည်မှု အပေးသင့်ဆုံးအချိန်ဖြစ်ပါတယ်။ ဘာကြောင့် မိမိဇနီးကို ယခုအချိန်မှာ တိုးလို့နားလည် ကြင်နာဂရုစိုက်မှုပေးပြီး အကူအညီပေးသင့်တယ်ဆိုတာ လေ့လာရအောင်နော်။ ဆယ်လတာနီးပါး လွယ်လာတုန်းက တရိပ်ရိပ်ပြောင်းလဲခဲ့တဲ့ ဇနီးရဲ့ကိုယ်တွင်းက ဟော်မုန်းတွေဟာ မီးဖွားပြီးတာနဲ့ တမဟုတ်ချင်းပြောင်းလဲသွားပါတယ်။ ဒါကြောင့်မို့လို့ သူမဟာ စိတ်ပြောင်းလဲမှုတွေ ဖြစ်လာပါမယ်။ မလိုအပ်ဘဲလည်း ဝမ်းနည်းငိုကြွေးနေနိုင်သလို စိတ်ဓါတ်ကျ စိတ်ဖိစီးမှုတွေလည်း ဖြစ်နေနိုင်ပါတယ်။ ဒါဟာ သူမကိုယ်တိုင် ဖြစ်ချင်လို့ဖြစ်နေတာမဟုတ်ဘဲ သူမကိုယ်တွင်း ဟော်မုန်းပြောင်းလဲမှုတွေကြောင့် ထိလွယ်ရှလွယ် ခံစားမှုတွေ ဖြစ်နေတာပါ။ သူမဟာ ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်အပြောင်းအလဲမှာ စိတ်ခက်ထန်ကြမ်းတမ်းမှုတွေလည်း ဖြစ်နေနိုင်ပါတယ်။ သူမရဲ့ စိတ်ပြောင်းလဲ ခံစားမှုတွေကို နားလည်မှုပေးသင့်တယ်။ ပုံမှန်အားဖြင့် မီးဖွားပြီးနောက် စိတ်ပြောင်းလဲခံစားမှုတွေဟာ တစ်လကျော်လာရင် နဂိုပုံမှန်အတိုင်း ပြန်ဖြစ်သွားပါတယ်။ မဖြစ်ရင် တတ်ကျွမ်းနားလည်တဲ့ အထူးကုနဲ့ […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
ဂရုစိုက်တတ်အောင် သင်ယူလို့ရပါတယ်။ ဂရုစိုက်ချင်စိတ်ပဲ လိုတာပါ။

မိမိက မပြောင်းလဲချင်သရွေ့ ဘယ်သူမှ မိမိအား မပြောင်းလဲနိုင်ပါ

မိခင်ကပဲ သားသမီးကို စောင့်ရှောက်သွားရမယ်ဆိုတဲ့ အတွေအခေါ်ကြီးဟာ ရာနှုန်းပြည့်မှန်တယ်ရယ်လို့ မဟုတ်ပါဘူး ။ မိသားစု စားဝတ်နေရေးအတွက် ဘယ်သူ့ဝင်ငွေဟာ ပိုအရေးပါနေသလဲ။ ဥပမာ- မိခင်ရဲ့ဝင်ငွေက ဖခင်ရဲ့ဝင်ငွေထက် များနေပါတယ်ဆိုပါစို့ ။ အဲဒီအိမ်ထောင်က ရခဲ့တဲ့ကလေးကို အနီးကပ်ပြုစုစောင့်ရှောက်ဖို့ ကလေးထိန်းလည်းငှါးဖို့ မတတ်နိုင်တဲ့အခြေအနေမှာ ကလေးကို ဖခင်ကအနီးကပ် ပြုစုစောင့်ရှောက်တာ ပိုမသင့်တော်ဘူးလား။ (နို့တိုက်ဖို့ကို မိခင်က အလုပ်သွားချိန်ကလွဲပြီး တာဝန်ယူမယ်ဆိုရင်ပေါ့။) မိမိတို့သားသမီး ကိုယ်တိုင်ပြုစုစောင့်ရှောက်ကြဖို့အတွက် မိဘကိုယ်တိုင်က ပြုစုစောင့်ရှောက်ချင်စိတ် ရှိရမယ့်အပြင် အစိုးရက အလုပ်လုပ်ကိုင်သော မိဘတွေရသင့်တဲ့ ကလေးမီးဖွားခွင့်ကြာကြာ ပေးထားခြင်း ၊ အလုပ်ချိန်ကို ညှိနှိုင်းပေးခြင်း ၊ ကလေးမီးဖွားခွင့်ရက်ပြည့်လို့ အလုပ်ကိုပြန်လာလုပ်ရင်လဲ ကိုယ့်ရာထူး နေရာနဲ့ လစာကို ကိုယ်ပြန်ရဖို ဥပဒေအရ တင်းတင်းကြပ်ကြပ် ပြဌာန်းထားဖို့လည်း လိုပါတယ်။ ပိုက်ဆံနဲ့ ဝယ်ယူလို့ရတဲ့ […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
မိသားစုရဲ့ ဆည်းလည်းလေး အိမ်ရောက်ရှိလို့လာ

မီးဖွားပြီးစမိခင်သည် အကူအညီလိုသောသူဖြစ်သည်

ဆေးရုံကဆင်းလို့ အိမ်ပြန်ရောက်လာတဲ့ ကလေးမီးဖွားပြီးစမိခင်ဟာ မိသားစု ၊ ဆွေမျိုး ၊ မိတ်ဆွေများရဲ့ အကူအညီများစွာ လိုအပ်ပါတယ်။ သားဦးမီးဖွားလာသည့် မိခင်တွေအဖို့ မိမိကောင်းစွာ ထူထူထောင်ထောင်ဖြစ်လာဖိုနဲ့ ဒီအတောအတွင်း ကလေး နဲ့ မိမိရဲ့ ဝေယျာဝစတွေအတွက် မိသားစုရဲ့ အထောက်အပံ့များစွာ လိုအပ်သည်။ မွေးကင်းစကလေးငယ်အတွက် မိခင်ရဲ့  သဘာဝနို့ချိုက အကောင်းဆုံးဖြစ်ရာ မွေးကင်းစကလေးအတွက် မိခင်နို့ထက် ပို၍ကောင်းမွန်သော အစာအာဟာရ မရှိပါ။ မိခင်တစ်ဦးရဲ့ စိတ်ရှည်သည်းခံနိုင်မှု ၊ သားသမီးအပေါ် ထားရှိသော ချစ်ခြင်းမေတ္တာ ၊ မိမိဆန္ဒထက် သားသမီးအတွက် ဖြည့်ဆည်းပေးနိုင်မှု စတာတွေဟာ ကလေးမွေးကင်းစအချိန်မှာ ပေါ်လာပါတော့တယ်။ ဒါ့အပြင် ဖခင်တစ်ဦး၏ ချစ်ခြင်းမေတ္တာဆိုတာကိုလည်း ဇနီးကို နားလည် ၊ အားပေးကူညီမှု ၊ အိမ်မှုကိစ္စနှင့် သန့်ရှင်းရေးကိစ္စကူနိုင်မှု (ကူညီနိုင်သူအား […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
facebookဖြင့်ဝင်ရန်