Tag Archives | စိတ်ဒဏ်ရာ

စိတ်ဒဏ်ရာ

အတ္တနှစ်ခုတိုက်မိတဲ့အခါ စိန်ခေါ်သံတို့ကျယ်လောင်လာ ပြင်းအားကြီးတဲ့မာန နှစ်ယောက်အကြားဝင်က ချောင်းကြည့်တဲ့မျက်ဝန်းတစုံ မျက်ရည်မြစ်များဖိတ်လို့စို ကြောက်ရွံ့မှုနဲ့တုန် မလုံခြုံပါဘူးစိတ်ထဲ စိုးရိမ်စိတ်တို့လွန်ကဲ ဒီအဖြစ်ဟာရင်ထဲစွဲ မကျေနပ်ပါဘူး …. အရာရာပဲ။ ဇူဇူးစံ (Burmesehearts.com)

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
bad child

ကလေးတွေဘာကြောင့်ဆိုးကြသလဲ

ဒီလောက်သင်တာတောင် နားမလည်ဘူးလား။ ဒီလောက်ဆိုးရသလား။ နားမပါဘူးလား ။ မှတ်ဥာဏ်မရှိဘူးလား စသဖြင့် မိဘဘိုးဘွား ၊ ဆရာသမားတွေနဲ့ လူကြီးတွေက ကလေးတွေကို ဆူပူငေါက်ငမ်းကြတယ်။ ကလေးဘာကြောင့်ဆိုးရသလဲဆိုတာကိုတော့ အသေအချာ ပြန်သုံးသပ် အဖြေရှာကြတဲ့သူတွေတော့ နည်းတယ်။ ကလေးတွေဘာကြောင့်ဆိုးရသလဲဆိုတာကို လွယ်လွယ်လေး အဖြေပေးရရင် ကျေနပ်မှုမရှိလို့ဆိုးတာပါ။ ဘာကိုမကျေနပ်တာလဲဆိုတာတော့ သူတို့ကိုယ်တိုင် အသိဆုံးပဲဖြစ်မှာပါ။ သူတို့မိဘနဲ့ ခွဲခွါနေရတာကို မကျေနပ်တာလား ၊ မိရင်းဖရင်းမဟုတ်သူကို အမိအဖခေါ်နေရတာကို မကျေနပ်တာလား ၊ နေချင်သူနဲ့မနေရ မနေချင်သူနဲ့ နေရတဲ့ဘဝကို မကျေနပ်တာလား ၊ သိတတ်ကတည်းက ခါးသည်းတဲ့ခံစားမှုတွေကြောင့် မကျေနပ်ချက်တွေနဲ့ စိတ်ဓါတ်ပါ ကြမ်းတမ်းလာခဲ့တာလား ၊ လူကြီးမိဘဆရာသမားတွေရဲ့ ဆိုဆုံးမ မတတ်မှု ၊ လိုရင်လိုသလို မလိုရင်မလိုသလို မျက်နှာသာပေးမှု စတာတွေကို မကျေနပ်တာ စသဖြင့်သော မကျေနပ်ချက်တွေ ကြီးထွားလာလေလေ ကလေးဟာ ဆိုဆုံးမရခက်လေလေ ၊ […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
unhappy child and parents

လက်နှစ်ဖက်ပါဝင်မှဖြစ်ပေါ်လာမယ့် လက်ခုပ်သံ

လက်ခုပ်သံလို့ဆိုလိုက်ရင် လက်နှစ်ဖက်ပါဝင်မှဖြစ်မှာပေါ့။ လက်တဖက်တည်းနဲ့ဖြစ်လာတဲ့အသံဟာ လက်ခုပ်သံဖြစ်လာမှာမဟုတ်ဘဲ ရိုက်ခတ်သံတခုအဖြစ်သာ ဖြစ်နေမှာပါ။ လူနှစ်ဦးပေါင်းစည်းခြင်းနဲ့ လမ်းခွဲခြင်းဆိုတဲ့အရာတွေမှာလည်း တစ်ဦးတစ်ယောက်တည်းက ဇွတ်ဖန်တီးသွားတာဆို ရိုက်ခတ်သံတခုအဖြစ်သာ ကျန်ခဲ့မှာဖြစ်ပါတယ်။ ပီပြင်တဲ့လက်ခုပ်သံတခုဖြစ်လာဖို့ လက်နှစ်ဖက်ပါဝင်ရမှာဖြစ်သလို ပီပြင်တဲ့ချစ်ခြင်းမေတ္တာကိုခံစားဖို့ဆိုတာလည်း နှစ်ဦးနှစ်ဖက်ပူးပေါင်းလုပ်ကိုင်ရမှာဖြစ်ပါတယ်။ တဖက်သတ်အချစ်ဆိုတာ နှစ်ဦးနှစ်ဖက် ရည်မျှစွာချစ်တဲ့ ချစ်ခြင်းမေတ္တာလောက် အဓိပ္ပါယ်မရှိဘူးရယ်။ တဖက်ကချည်းပဲ အမြဲတမ်းလိုက်လျောချစ်နေရတယ်ဆိုတာ ခံစားချက်တွေ ၊ သည်းခံနိုင်ရည်တွေ ကုန်ခမ်းလာတဲ့တနေ့မှာ ကိုယ်တွေနှစ်ဦးပြတ်စဲတဲ့နေ့လည်း ဖြစ်နိုင်တယ်မဟုတ်လား။ တစ်ဦးကလိုက်လျောရင် ကျန်တဲ့တဦးကလည်း ကိုယ်လိုက်လျောပေးနိုင်သမျှ လိုက်လျောရမှာတွေရှိတယ်။ တဦးက နားလည်မှုပေးရင် ကျန်တဦးက လိုအပ်တာလေးတွေကို နားလည်မှုပေးနိုင်ရမယ်။ တဦးကကြင်နာမှုပေးရင် ကျန်တဦးကလည်း ပြန်ကြင်နာမှဖြစ်မယ်။ ချစ်ခြင်းမေတ္တာဆိုတာ နှစ်ဦးနှစ်ဖက် အဆင်ပြေပြေ လိုက်ဖက်ညီနေမှ ပြီးပြည့်စုံနိုင်တာပါ။ အချစ်ရေး ဖြောင့်ဖြူးဖို့ဆိုတာ တဦးတယောက်တည်းက ကောင်းနေရုံနဲ့ မဖြစ်နိုင်ပါဘူး။ အိမ်ထောင်ရေး ပျော်ရွှင်စွာ တည်မြဲဖို့ဆိုတာကလည်း တဦးတယောက်တည်းက ဆန္ဒရှိနေရုံနဲ့ ဖြစ်လာမှာမဟုတ်ဘူး။ နှစ်ဦးနှစ်ဘက်လုံးက လိုက်လျောညီထွေရှိပါမှ ၊ တဦးတင်းရင် တဦးလျှော့ပါမှ […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading

လူကြီးမိဘတွေရဲ့ စကားနောက်ကွယ်မှ ကလေးများ၏ခံစားချက်

ကလေးဖြစ်ဖြစ် ၊ အရွယ်ရောက်သူဖြစ်ဖြစ် “တိုင်ပြောမယ်”လို့ အဆိုခံလိုက်ရပြီဆိုရင် နောက်ကွယ်မှာ ကြောက်ရတဲ့သူတစ်ဦးရှိနေတဲ့သဘောကို ဆောင်နေပါတယ်။ ဘယ်လောက်အထိ ကြောက်ရသလဲဆိုတဲ့ အနေအထားအပေါ်မူတည်ပြီး ဒီစကားလုံးရဲ့ ထိန်းချုပ်နိုင်မှုဟာလည်း တာသွားပါတယ်။ သူ့အကြောက်တရားကြီးမားလေ ဒီစကားလုံးနဲ့ ထိန်းချုပ်ရလွယ်လေပေါ့။ ဘယ်သူနဲ့ ပြန်တိုင်ပြောမယ်လို့ဆိုလိုက်ရင် အဲဒီဘယ်သူဆိုတာဟာ သူ့အပေါ်ဘယ်လောက်လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသလဲ ဆိုတာအပေါ်မူတည်ပြီး သူသာသိသွားခဲ့ရင်ဆိုတဲ့ စိုးရိမ်ကြောင့်ကြစိတ်တွေ ၊ ပူပန်မှုတွေလည်း ဝင်လာပါတယ်။ ကိုယ်ကသာ ဒီလူမကြိုက်တဲ့ (တားမြစ်ကောင်းတားမြစ်ထားတဲ့) အဖြစ်အပျက် ကြီးကြီးမားမားကို ပြောမိ ၊ လုပ်မိခဲ့ပြီဆို “တိုင်ပြောမယ်”လို့ ဆိုတဲ့သူကိုလည်း တိုင်ပြောခဲ့ရင်လို့ တွေးပြီးစိုးကြောက်ရ ၊ အတိုင်ခံခဲ့ရရင် ငါဘယ်လိုဖြေရှင်းရပါ့ဆိုတဲ့ ကြိုတင်စိတ်ပူပန် ဖိစီးမှုတွေကို အတိုင်မခံရသေးတဲ့ ကာလမှာတင် ခံစားနေရပါပြီ။ ကလေးတွေအဖို့ “တိုင်ပြောမယ်”လို့ အဆိုခံလိုက်ရရင် မျက်စိမျက်နှာပျက်သွားတဲ့အထိ ကြောက်လန့်တတ်ပါတယ်။ တချို့ဆို အော်ဟစ်ငိုကြတဲ့အထိ စိတ်ဖိစီးမှုကို […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
မှန်ကွဲကို မှန်သစ်နဲ့ အစားထိုးနိုင်ပေမယ့် စိတ်ဒဏ်ရာဒဏ်ချက်တွေကို ဘာနဲ့ အစားထိုးရပါ့။

ကလေးသူငယ်များအား ဆုံးမခြင်း

မိဘတွေရဲ့စိတ်ထဲမှာ ကလေးကို ရိုက်ပြီးဆုံးမမှ ကလေးဟာ သင်ယူမယ်လို့ တွေးထင်နေရင် အမှားကြီးမှားနေပါပြီ။ ကလေးကိုရိုက်တာဟာ ကလေးအသားကို နာကျင်စေရုံတင်မဟုတ်ဘူး။ စိတ်ကိုလည်း နာကျင်စေပါတယ်။ ကလေးကို ရိုက်ဆုံးမလိုက်မှ ကလေးဟာ ကိုယ်ပြုစေချင်တာကို တကယ်ပြုမှာလား။ တစ်ကြိမ်ကနေ နှစ်ကြိမ် ၊ နှစ်ကြိမ်ကနေ အကြိမ်ကြိမ် အချက်ရေထပ်တိုးရိုက်မယ် ၊ ခပ်ကြမ်းကြမ်း ဆုံးမရင်းကနေ ခြေလွန်လက်လွန်တွေဖြစ်ပြီး ကလေးဟာ အရိုးအဆစ်ပြုတ် ၊ ကျိုးပဲ့တာတွေနဲ့ ဆေးရုံဆေးခန်းပြေးကြရတာတွေကိုလည်း ကျွန်မမြင်တွေ့ဖူးပါတယ်။ သူ့သားသမီးသူ ဘယ်လိုဆုံးမ ဆုံးမ ကိုယ်နဲ့မဆိုင်ဘူးလို့ မျက်နှာလွှဲလိုက်လို့ရပေမယ့် ကျွန်မစိတ်ထဲမှာတော့ အဲဒီအခြင်းအရာကြီးက စွဲထင်ကျန်ရစ်စေပါတယ်။ ကျွန်မကလေ စိတ်ဒဏ်ရာရစွာ ကြီးပြင်းခဲ့ရတဲ့သူအရေအတွက် နည်းစေချင်တယ်။ ဒီလိုနည်းဖို့ဆို ကလေးသူငယ်တွေ စိတ်ဒဏ်ရာနဲ့ မကြီးပြင်းလာဖို့ အာရုံထားရမှာပါပဲ။ ကလေးသူငယ်တွေ စိတ်ဒဏ်ရာနဲ့ မကြီးပြင်းလာဖို့ဆိုရင် ကလေးသူငယ်တွေကို ကြည့်ရှုစောင့်ရှောက်လို့ […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
မပြောပြရဲတဲ့ ကလေးတွေရဲ့ မျက်ဝန်းက သူတို့ရဲ့ကြောက်ရွံ့မှု စိတ်အခြေအနေကို ဖော်ပြနေပါတယ်။

ယုံကြည်မှုကန့်လန်ကာနောက်ကွယ်မှ စိတ်ဒဏ်ရာရ ကလေးငယ်များ

ကျွန်မတို့ မြန်မာလူမျိုးတွေဟာ ဖော်ရွေတယ် ၊ အားနာတတ်တယ် ၊ ယုံကြည်မိတယ်ဆိုရင် အားကိုးတတ်တယ်။ မိဘတွေဟာ ကိုယ့်သားသမီးကို ချစ်စရာလေး ၊ ချစ်လိုက်တာလို့ပြောရင် အလိုလိုကျေနပ်နေရော။ နောက်တဆင့် ချီပါရစေဆို “ရော့ -အင့်- ချီလေ” ဖြစ်သွားတယ်။ လူမှုအဆင့်အတန်း တိုးတက်တဲ့နိုင်ငံတွေမှာ ကိုယ့်ကလေးကို တစိမ်းပေးချီလေ့ မြင်ရခဲပါတယ်။ ကိုယ့်ကလေး တစိမ်းပေးထိန်းဖို့ဆိုတာ ကလေးထိန်းနဲ့ အိမ်ဖော်တွေအလုပ်ပဲလို့ သတ်မှတ်ကြတယ်။ ဆိုလိုတာက အခကြေးငွေပေးပြီး ကလေးထိန်းဖို့ တာဝန်ယူခိုင်းတာပေါ့။ မြန်မာနိုင်ငံမှာ ရရှိတဲ့ဝင်ငွေ နိမ့်ပါးလို့ ကလေးထိန်းသီးသန့်ငှါးဖို့ ၊ အိမ်ဖော်ခေါ်ထိန်းခိုင်းဖို့ မတတ်နိုင်ကြတာမို့ မိဘဆွေမျိုး ၊ ဘေးအိမ် ၊ အပေါ်ထပ် ၊ အောက်ထပ် စသဖြင့် ကလေးချစ်တတ်တဲ့ အိမ်နီးပါးချင်းတွေကို ကလေးပေးပြီး ထိန်းခိုင်းတဲ့ဓလေ့ကို တွေ့ကြရပါတယ်။ ဒီလိုထိန်းပေးတဲ့သူရှိပါမှ […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
မတူညီမှုတွေ ညှိယူပြီး နားလည်မှုပေးမယ်။

တဖက်လိင်ကို နားလည်မှုပေးမယ်

အမျိုးသမီး နဲ့ အမျိုးသားဟာ လိင်ကွဲရုံတင်မဟုတ်ပါဘူး။ လူချင်းတူပေမယ့် ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ထားပုံ ၊ တွေးတောခံစားပုံတွေဟာလည်း ကွဲပြားလို့နေပါတယ်။ ဒါကို နားလည်အောင် သတိမထားမိတဲ့အခါ ၊ မတူညီမှုတွေကြောင့် ထိပ်တိုက်တွေ့ကြတဲ့အခါ စကားများတာ ၊ အငြင်းပွားတာ ၊ ရန်ဖြစ်တာတွေ ဖြစ်လာတော့တာပါပဲ။ ချစ်တဲ့သူအချင်းချင်း ရန်ဖြစ်ရင်း ဘာလို့ အမုန်းပွားကြမလဲ။ ဒီတော့ အချင်းချင်း နားလည်သထက် နားလည်အောင် လေ့ကျင့်ယူသွားကြရင် မကောင်းဘူးလားနော်။ အမျိုးသမီးရဲ့  ဦးနှောက်ထဲက ဆက်ဆံပြောဆိုရေး ဦးနှောက်အခန်းဟာ အမျိုးသားတွေထက် ကျယ်ပြန့်ကြောင်းကို သိပ္ပံပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်မို့လို့ အမျိုးသမီးတွေဟာ ဝေါဟာရကြွယ်ပြီး အမျိုးသားတွေထက် စကားပြောဆိုဆက်ဆံမှုများတဲ့ သဘာဝရှိပါတယ်။ အမျိုးသားတွေက ချက်နဲ့လက်နဲ့ ပြန်ပြောတဲ့အခါမှာ အမျိုးသမီးတွေက “အမလေး ပြောတတ်လိုက်တာ … မိန်းမကြီးကျနေတာပဲ”လို့ ခနဲ့တဲ့တဲ့ ဆိုတတ်တာဖြစ်ပါတယ်။ […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
အနာဂါတ်ကောင်းချင်တယ်ဆို ပစ္စုပ္ပန်မှာ ကောင်းဖို့တော့လိုမယ်။

ကိုယ့်ကြမ္မာ ကိုယ်မပိုင်တဲ့ ကလေးဘဝဟာ အပူအပင်ကင်းသလား

ကလေးလေးတွေဟာ သူတို့နဂိုမူရင်းစိတ်ထားက ဖြူစင်တယ်ဆိုတဲ့ပြောစကား ကျွန်မအကြွင်းမဲ့ လက်ခံပါတယ်။ လူကြီးတွေက သူတို့ရဲ့ မွေးရာပါဖြူစင်နေတဲ့ စိတ်ထားလေးကို လာပြီးလွှမ်းမိုး အရောင်မဆိုးသရွေ့ သူတို့လေးတွေဟာ ဖြူစင်နေခဲ့တာပါ။ ကလေးတွေ အပူအပင်ကင်းတယ်ဆိုတဲ့စကားကိုတော့ နက်နက်နဲနဲ တွေးကြည့်လေ လုံးဝလက်မခံနိုင်လေပါပဲ။ ဒီလိုပြောဆိုသူတွေဟာ ကလေးတွေရဲ့ စိတ်ဖိစီးမှု ၊ အတိဒုက္ခတွေကို မျှဝေ မခံစားကြည့်မိသူတွေလို့တောင် ကျွန်မတွေးမိတယ်။ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်တဲ့ ကျွန်မဟာ ကံအကျိုးကြောင့် ကလေးတွေ သက်ဝင်မွေးဖွားလာခဲ့ရတာကို ယုံကြည်ပါတယ်။ အဲဒီကစလို့ တွေးကြည့်ကြရအောင်။ ပဋိသန္ဓေဝင်စားလာရတဲ့ ကလေးတွေမှာ ဘယ်မိဘထဲဝင်စားမယ်ရယ်လို့ ရွေးချယ်ခွင့် မရလာခဲ့ပါဘူး။ (ဗုဒ္ဓဘာသာအယူအဆအရ ကောင်းတဲ့ အတိတ်ဘဝက အကျိုးကြောင့် ကောင်းတဲ့မိဘဆီမှာ လူဖြစ်လာရပြီး မကောင်းတဲ့ အတိတ်ကံကြောင့် မကောင်းတဲ့မိဘဆီ ဝင်စားရတယ် ထားပါတော့။) မိမိကိုအလိုမရှိဘဲ ဗိုက်ထဲမှာကတည်းက ငြိုငြင်နေတဲ့ မိခင်ဆီမှာ ၊ […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
ဖောက်ပြန်တတ်သူဟာ ဖောက်ပြန်ရတာကိုမှ အရသာတွေ့သူပါ။

ကိုယ့်ဘဝတသက်စာ ယုံကြည်စိတ်ချရသူလား

ဒီမေးခွန်းလေးကတော့ ဆီးစစ်ချက်အဖြေမှာ Positive လို့ သိလိုက်ရတဲ့ လက်မထပ်ရသေးသော မိန်းကလေးများအတွက် ဒုတိယမေးခွန်းဖြစ်ပါတယ်။ ဒါ့အပြင် အိမ်ထောင်ရေးအဆင်မပြေတဲ့ အိမ်ထောင်ရှင်မများဟာလည်း ကလေးယူဖို့ကို ဒီအချက် အလေးအနက် စဉ်းစားရမှာဖြစ်ပါတယ်။ ကိုယ်လူကြီးနှစ်ယောက် စိတ်အခန့်မသင့်လို့ ကွဲသွားရင် ကိုယ့်လမ်းကိုယ်ဆက်လျှောက်ရုံပေါ့။ ကလေးရပြီးမှဆို ကလေးမှာ မိဘတွေရဲ့ အိမ်ထောင်ရေးပြိုကွဲမှုကြောင့် (ဒါမှမဟုတ်) အိမ်ထောင်ရေး မငြိမ်သက်မှုကြောင့် စိတ်ဒဏ်ရာအကြီးအကျယ် ရသွားနိုင်တယ်လေ။ ဘဝတသက်စာ ယုံကြည်စိတ်ချရသူဆိုတာ အပြောတိမ်သလောက် အဓိပ္ပါယ်နက်ရှိုင်းလှတယ်။ ဘာကိုယုံကြည်ရမလဲဆိုတာကနေ စရမှာပဲ။ ကလေးအဖေ ဖြစ်တော့မယ့်သူဟာ ကိုယ့်တစ်ယောက်ကိုပဲ သတ်သတ်မှတ်မှတ်တွဲသလား ၊ ကိုယ့်နောက်မှာ ဇတ်လမ်းလေးတွေရှိနေလားဆိုတာကနေ စရမယ်။ ကလေးမရခင် ပြင်ပြင်ဆင်ဆင်နေနိုင်တဲ့ကိုယ့်ကို ၊ သူ့ကိုလည်း ဂရုစိုက်ဖို့အချိန် အများအပြားပေးနိုင်တဲ့ ကိုယ့်နောက်ကွယ်မှာ ဇတ်လမ်းလေးတွေ မရှုပ်မရှင်း ရှိနေပြီဆိုရင်ဖြင့် ကိုယ်ဝန်ယူသင့် ၊ မယူသင့် […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
facebookဖြင့်ဝင်ရန်