Tag Archives | ခံစားချက်

ရိုးစင်းသော သီအိုရီ

ရိုးစင်းသော သီအိုရီ

ခံစားချက်တွေကတဆင့် ဖြစ်တည်ခဲ့တဲ့သန္ဓေ အဖေ ၊ အမေတို့သာ ကိုးယွယ်ရာပါ ထားမသွားပါနဲ့ လူမမယ်အရွယ်လေး စိတ်ခံစားချက်ကယ်က နုနယ်သေး ….။   လက်ဦးဆရာ မိဘဟာ ချစ်မေတ္တာနဲ့ လူ့ကျင့်ဝတ် ဖြန့်ဝေပေးရမှာ ….. အလိုအပ်ဆုံးက မေတ္တာ အတောင့်တဆုံးက နားလည်မှု နေချင်တာ မိခင်အနား နွေးထွေးမှုပေးမှ ရရှိလာမယ့်တုန့်ပြန်မှု နောက်ဆုံးတော့ ….. မေတ္တာပေးမှ မေတ္တာရတာပါ။ ဇူဇူးစံ (Burmesehearts.com)

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
ကလေးငယ်တွေရဲ့ စိတ်ထဲမှာဘာရှိ မြင်အောင်ကြည့်ဖို့လို

သမီးရေးတဲ့စာ

မေမေရေ ………… နို့မှုန့်ကအားဖြစ်စေမှာယုံပါတယ်။ ဒါပေမယ့် မေမေ့နို့ချိုလောက် သမီးကို ခွန်အားမပေးဘူး မေမေ။ တခြားသူတွေ ချီပိုးဂရုစိုက်ပေမယ့် မေမေ့ရင်ခွင်လောက် နွေးထွေးလုံခြုံမှုမရှိပါဘူး။ မေမေဝယ်ပေးတဲ့ကစားစရာတွေ သမီးမက်ကောင်းမက်မှာပါ။ ဒါပေမယ့် မေမေနဲ့တူတူပုန်းတမ်းကစားရတာလောက် သမီးစိတ်မလှုပ်ရှားပါဘူး။ အိပ်ရာဝင်ပုံပြင် မပြောရင်နေပါ။ ဆိုတေးချို  ချော့မသိပ်ရင်နေပါ။ မေမေနဲ့တော့ အတူတူအိပ်ခွင့်ပေးပါ မေမေ။ မေမေဝယ်ပေးတဲ့ အဝတ်သစ်တွေ သမီးကြိုက်ရင် ကြိုက်မှာပါ။ မေမေနဲ့အတူ ဈေးဝယ်ထွက်ရတာလောက် သမီးမပျော်ပါဘူး။ သူများတွေ တရှုံ့ ရှုံ့ နမ်းတယ်ဆိုတာ မေမေ့လောက် မေတ္တာမပါသလိုပဲ။ သမီးစိတ်ကူးထဲမှာ အမြဲပုံဖော်မိတာက မေမေနို့ချိုစို့ပြီး မေမေ့မျက်နှာငေးကြည့်ချင်တာပါ။ မေမေ့ရင်ခွင်မှာ မေမေ့နို့ချိုသောက်စို့ရင်း မေမေကို ဟိုဒီထိတွေ့ ဆော့ကစားချင်တာပါ။ ဘာကစားစရာပစ္စည်းမှ မရှိရင်နေ မေမေနဲ့ တူတူရေဝါး ကစားချင်တာပါ။ မေမေနဲ့အတူတူနိုးထလို့ မေမေ့နဲ့တနေကုန် အချိန်တွေ […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
ဒီအရွယ်မှာ ခံစားမှုတွေ ပျက်စီးသွားခဲ့ရင်လည်း တသက်တာ ပြန်ပြု ပြင်သွားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးပေါ့။

ကလေးသူငယ်ဦးနှောက်ဖွံ့ဖြိုးမှု နှင့် သင်ယူမှုပိုင်းဆိုင်ရာ

ကလေးငယ်တွေ ဘယ်အချိန်ကတည်းက စတင်သင်ယူသလဲဆိုတာ စိတ်ဝင်စားစရာပါ။ သုတေသနပညာရှင်များ အပြောအရ ကလေးငယ်များရဲ့ သင်ယူမှုဟာ မိခင်ကိုယ်ဝန်ဆောင်စဉ် အချိန်ကတည်းကလို့ သိရပါတယ်။ အဲဒီအချိန်မှာ ကိုယ်ဝန်ဆောင်မိခင် ခံစားရတဲ့ ပျော်ရွှင်မှု ၊ ဝမ်းနည်းမှု ၊ စိတ်သောကစတဲ့ မိခင်ရဲ့ခံစားမှုအချက်အလက်တွေကို ဟော်မုန်းအဖြစ် အချင်းကနေပြီး ကလေးဆီ ပို့လွှတ်ပါသတဲ့။ ဒါကြောင့် အိမ်မက်ဆိုးမက်တဲ့ မိခင်နိုးထလာတဲ့အခါ ဗိုက်ထဲက ကလေးရဲ့ နှလုံးခုန်သံ မြန်နေသလိုမျိုး ၊ လန့်သွားတဲ့ ကိုယ်ဝန်ဆောင်မိခင်ဟာ ကလေးနှလုံးခုန်သံ မြန်နေတာကို သိရှိနိုင်သလိုမျိုးတွေက သက်သေပြနေပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ရဲ့ တုန့်ပြန်ခံစားမှုများအပေါ် မူတည်ပြီး မွေးဖွားလာခဲ့တဲ့ မွေးကင်းစ ကလေးငယ်များဟာ တုန့်ပြန်မှုတွေ ကွဲပြားသွားတတ်ကြတာကိုလည်း တွေ့ရှိရပါတယ်။ တချို့ကလေးငယ်တွေဟာ ခြောက်လအရွယ်ကစလို့ ခဏ ခဏ လန့်နေတတ်ပေမယ့် တချို့ကလေးတွေကတော့ ဒီလိုမဖြစ်တတ်ကြပါဘူး။ ချစ်ခြင်းမေတ္တာမရှိရင် […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
newborn and mother

ဇက်မခိုင်သေးတဲ့ကလေး ချီပိုးခြင်း

ဗိုက်ခွဲမွေးလို့ပဲဖြစ်ဖြစ် သဘာဝအတိုင်း မွေးလို့ပဲဖြစ်ဖြစ် မိမိ၏ကလေး အောင်မြင်စွာ ကျန်းကျန်းမာမာ မွေးဖွားလာပြီဆိုပါစို့ ။ မိခင်ရော ကလေးပါ ကျန်းမာရေးကောင်းတယ်ဆိုရင် ချက်ကြိုးဖြတ် သန့်စင်ပြီးတဲ့ကလေးကို မိခင်ရဲ့ ရင်ဘတ်ပေါ်မှာ မိခင်အသားနဲ့ ကလေးအသား ထိတွေ့လို့ (Skin to Skin) မိနစ်အနည်းငယ်ကြာ ပွေ့ဖက်ထားခိုင်းပါတယ်။ ဒါဟာ မိခင်ဝမ်းထဲကနေ လူ့လောကထဲ အခုမှရောက်ရှိလာတဲ့ နေရာသစ် ၊ လောကသစ်ရဲ့ တွေ့ထိခံစားမှုတွေကြောင့် ကလေးစိတ်ဖိစီးမှု မဖြစ်သွားစေဖို့လည်း ဖြစ်ပါတယ်။ ခဏကြာရင်တော့ အမေ့ရဲ့ နို့ချိုမွှေးမွှေးနဲ့ ကလေးကို စပြီး မိတ်ဆက်ပေးပါတော့တယ်။ ကလေးလက်ပြောင်းလက်လွှဲ နှင့် အိပ်ယာထက်မှ သယ်ချီမပုံ တံတောင့်ခွက်တွင် ကလေးဦးခေါင်းထား၍ ကလေးအား ပိုက်ပြီးချီပိုးထားခြင်းဟာ မခက်ခဲလှပေမယ့် ကလေးကို အိပ်ယာထဲမှ ချီပိုးခြင်း ၊ အိပ်ယာထက်သို့ ချခြင်း […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading

အုံဖွ

အသည်းကိုချေ နှလုံးကိုထုတ် ခံစားချက်တွေစုတ်ပြီး လှည့်မကြည့်တမ်း ပစ်ပြေးသွားသူရေ နောက်ဆုံးအသက်ရှူချိန်လေး ခဏတော့ဖြင့် အုံဖွလုပ်ပေး။ ဇူဇူးစံ  (Burmesehearts.com)

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
facebookဖြင့်ဝင်ရန်