ရက်ရှောင်၍ အတူနေနည်း

အမြဲလည်း ရာဘာမသုံးချင် ၊ မည်သည့်ဆေးများ ၊ ပစ္စည်းများလည်း အသုံးမပြုလိုခြင်း ၊ သူများသိမှာ (အထူးသဖြင့် ဆရာဝန်နှင့် တိုင်ပင်ရမှာ) ရှက်ရွံ့တတ်သော သူများအတွက် အောက်ပါနည်းကို မိတ်ဆက်ပေးလိုက်သည်။ စိတ်ချရသောရက်များနှင့် ရာသီခွင်တွက်ချက်နည်း အမျိုးသား၏သုတ်သည် အမျိုးသမီး၏ မမျိုးဥနှင့် တွေ့ပါမှ သန္ဓေအောင်ခြင်း (ကလေးရခြင်း)ဖြစ်နိုင်ရာ မမျိုးဥ ကြွေနိုင်သည့် အချိန်များကို တွက်ချက်နိုင်သည်။ ရာသီသွေး မှန်မှန်ပေါ်သော အမျိုးသမီးများတွင် မမျိုးဥကြွေခြင်းသည် ရာသီစလာပြီးနောက် ၁၅ရက်နှင့် ၁၉ရက်အကြားတွင် ဖြစ်ပွားသည်ဟု မှတ်ယူနိုင်သည်။ ထိုရက်များအတွင်း အမျိုးသားနှင့်အတူနေပြီး အိမ်ထောင်မှုပြုပါက ကလေးရနိုင်သည်။ ထိုရက်များကို ရှောင်ကြဉ်ပါလျက် ကလေးရသူများလည်း ရှိသည်။ ထိုသူများမှာ ထိုရက်များမတိုင်မီ သုံးရက်လောက်က အမျိုးသားနှင့် အတူနေခဲ့ကြသူများဖြစ်သည်။ အမျိုးသား၏သုတ်သည် သုံးရက်ကြာ အသက်ရှင်နေနိုင်သောကြောင့် မမျိုးဥ မကြွေသေးသည့်အချိန်ဟု စိတ်ချပြီးအတူနေခဲ့ပါက အမျိုးသား၏သုတ်သည် သားအိမ်တွင်း ကပ်ငြိအသက်ရှင်နေပြီး နောင်သုံးရက်အတွင်း မမျိုးဥကြွေသည့်အချိန်တွင် [...]

Lesson tags: Myanmar video, ချစ်ကြိုက်တွဲသွား, လိင်ကိစ္စ, လိင်ပညာပေး သင်ခန်းစာ
Back to: အရွယ်ရောက်သူများအတွက် လိင်သဘာဝ မှတ်ဖွယ်မှတ်ရာ