ဓမ္မတာ သွေးဆုံးတယ်ဆိုတာ စိတ်ဓါတ်ကျစရာမဟုတ်ပါ

0

ရိုးမြေကျ နားလည်ကြင်နာစွာ ပေါင်းဖက်ကြမယ်။
ရိုးမြေကျ နားလည်ကြင်နာစွာ ပေါင်းဖက်ကြမယ်။

အသက်ကြီးလို့ ရာသီလာရပ်ဆိုင်းသွားတာကို သွေးဆုံးတာလို့ ခေါ်ပါတယ်။ အများအားဖြင့် (၄၀)ကျော် (၅၀)ဝန်းကျင် အမျိုးသမီးအများစုဟာ သွေးဆုံးလေ့ရှိတဲ့ အရွယ်တွေ ဖြစ်ပါတယ်။ ဘာကြောင့်သွေးဆုံးတာလဲဆိုရင် မမျိုးဥအင်္ဂါက ဥကြွေတာ ရပ်ဆိုင်းသွားတဲ့အတွက် သွေးဆုံးသွားခြင်း (တနည်း ရာသီမပေါ်တော့ခြင်း) ဖြစ်ပါတယ်။

မမျိုးဥမကြွေလို့ ရာသီမပေါ်တော့ ကလေးမရနိုင်တော့ဘူးပေါ့။ သွေးဆုံးတဲ့အချိန်မှာ အမျိုးသမီးအများစုဟာ စိတ်ဓါတ်ကျလေ့ရှိတယ်လို့ ပြောစမှတ်ရှိကြတယ်။ ဒါဟာ ဘာဖြစ်လို့လဲဆိုတော့ “မ” သဘာဝဖြစ်တဲ့ ရာသီပေါ်ခြင်း ၊ ကိုယ်ဝန်ဆောင်ခြင်း ၊ ကလေးရနိုင်ခြင်းတွေ မရှိတော့ဘဲ တနည်းအားဖြင့် အိုလာပြီလို့ ကိုယ့်ကိုယ်ကို သတိထားမိလာလို့ ဖြစ်ပါတယ်။

သွေးဆုံးတဲ့လက္ခဏာတွေကတော့ ၄၀ ကနေ ၅၀ ဝန်းကျင်အရွယ်မှာ ရာသီလာစောတာ ၊ နောက်ကျတာ ၊ လုံးဝမပေါ်တာ ၊ အိပ်မပျော်တာ ၊ စိတ်တိုတာ ၊ စိတ်ဓါတ်ကျတာ ၊ စိတ်ပူပင်တာ စတဲ့ စိတ်အပြောင်းအလဲတွေ ဖြစ်လာတာ ၊ ခေါင်းကိုက်တာ ၊ နှလုံးခုန်မမှန်တာ ၊ မေ့လျော့တတ်လာတာနဲ့ ကောင်းကောင်းမတွေးတောနိုင်တော့တာ ၊ မိန်းမကိုယ်က ခြောက်သွေ့ခြင်းကို ခံစားလာရတာတွေ ဖြစ်ပါတယ်။ သွေးဆုံးတဲ့ မိခင်ရဲ့ ဝမ်းနည်းမှု ၊ စိတ်ပူပန်မှု ၊ စိတ်ဖိစီးမှုတွေကို စိတ်အပြောင်းအလဲဖြစ်အောင် ဖြေဖျောက်ပေးရမယ့်တာဝန်က သူမရဲ့ခင်ပွန်းနဲ့ သားသမီးတွေမှာ ရှိနေပါတယ်။

BurmeseHearts Blog
သွေးဆုံးခြင်းဟာ အမျိုးသမီးတွေ လက်ခံထားတဲ့ အိုခြင်းသင်္ကေတဆိုပေမယ့် ဘဝနိဂုံးတစ်ခုတော့ မဟုတ်ပါဘူး။ မမျိုးဥမကြွေလို့ ရာသီမပေါ်တော့ပေမယ့် (ကလေးမရနိုင်တော့ပေမယ့်) မိမိရဲ့ သွေးသားဆန္ဒဟာ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။

ဒါကို မသိ နားမလည်ဘဲ သဘာဝအရ သွေးဆုံးတာကို စိတ်တည်တည်ငြိမ်ငြိမ် မထားနိုင်သူတွေကတော့ စိတ်ဓါတ်ကျတော့တာပါပဲ။ တချို့တွေကျတော့ သွေးဆုံးနေတာကို သွေးမဆုံးအောင်ဆိုပြီး လူပြောသူပြောများတဲ့ ၊ ကြော်ငြာအားကောင်းတဲ့ မဟော်မုန်းဆေးတွေစား ၊ လိမ်း စသဖြင့် အမျိုးသမီးရဲ့ ဆုံးနေတဲ့ ဓမ္မတာကို ဆက်ထိန်းဖို့ ကြိုးစာကြပြန်ပါတယ်။ ဒါကိုတော့ အထူးရှောင်ကြဉ်သင့်ပါတယ်။ သွေးဆုံးမယ့်အရွယ်ရောက်ရင် အနှေးနဲ့အမြန် သွေးဆုံးမှာဖြစ်ပြီး သွေးမဆုံးအောင် ရာသက်ပန် တားထားလို့မရပါဘူး။ တချို့ဆေးတွေက သုံးသူကို ဥပါဒ်ပါပေးနိုင်ပါသေးတယ်။

ကလေးရမှာစိုးလို့ သွေးမဆုံးခင်က လိင်ကိစ္စမှာ သိပ်တက်တက်ကြွကြွမရှိခဲ့တဲ့ အမျိုးသမီးတွေက သွေးဆုံးသွားချိန်မှာ ကလေးမရနိုင်တော့တာမို့ အဲဒီဘက်မှာ တက်ကြွလာခဲ့တာကို ငယ်မူပြန်တယ်ဆိုပြီး ရှက်ကြောက်နေတတ်ပါသေးတယ်။

တကယ်ဆို သွေးဆုံးတယ်ဆိုတာ မမျိုးဥမကြွေလို့ ရာသီမပေါ်တော့တာကလွဲရင် ယခင်အတိုင်း လိင်ဆန္ဒ ရှိမြဲရှိနေမှာ ဖြစ်ပါတယ်။ ဇနီးရော ၊ ခင်ပွန်းရော ဆန္ဒရှိနေရင် ကလေးရမှာ မပူရ ၊ တားဆေးက ဒုက္ခပေးမှာမပူရတော့တဲ့ ကောင်းကျိုးတောင် ရှိနိုင်ပါသေးတယ်။ ဒါကို ခင်ပွန်းရော ၊ ဇနီးပါ နားလည်ထားတဲ့အခါ ဇနီးသွေးဆုံးလို့ စိတ်ဓါတ်ကျစရာလားနော်။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like