ကိုယ်ဝန် ရက်သတ္တပတ် (၃၂)ပတ်မှ (၃၅)ပတ်အတွင်း မိခင်လောင်းဟာ ဘာတွေခံစားရတတ်သလဲ?

0

ကိုယ်ဝန် ရက်သတ္တပတ် (၃၂)ပတ်မှ (၃၅)ပတ်အတွင်း ကိုယ်ဝန်ဆောင်မိခင်လောင်းဟာ သားအိမ်အောက်ရောက်လာတဲ့အတွက် ရင်ပူတာတွေ ၊ အစာမကျေသလိုဖြစ်တာတွေကိုလည်း ခံစားရနိုင်ပါတယ်။

နှလုံးနဲ့ အဆုတ်ဟာလည်း ဖိအားကြောင့် အသက်မရှူနိုင်အောင် ဖြစ်တာတွေ ၊ နှလုံးတုန်တာ ၊ ရင်တုန်ပန်းတုန်ဖြစ်တာတွေ ၊ နှလုံးခုန်မြန်တာတွေကိုလည်း မကြာခဏဆိုသလို ကြုံတွေ့ရနိုင်ပါတယ်။

လမ်းလျှောက်တဲ့အခါမှာ ဆီးခုံရိုးနဲ့  ခြေထောက်အထက်ပိုင်း အစစ်တွေက နာကျင်မှုတချို့ကိုလည်း ခံစားရနိုင်ပါတယ်။ မွေးဖွားချိန်နီးကပ်လာတဲ့အတွက် သန္ဓေသားရဲ့ဦးခေါင်းက ဆီးခုံရိုးကို ရောက်ရှိနေလို့ ဒီလိုခံစားရတာပါ။

စိတ်ဖိစီးနိုင်မယ့် ကိစ္စတွေ ၊ အတွေးတွေကို တတ်နိုင်သမျှရှောင်ပြီး နေ့စဉ် သက်တောင့်သက်သာနဲ့ နေသာထိုင်သာရှိအောင် ကြိုးစားရပါမယ်။

You might also like
Leave a comment