
ကိုယ်ဝန် ရက်သတ္တပတ် (၂၈)ပတ်မှ (၃၁)ပတ်အတွင်း ခြေ ၊ လက်တွေ ယောင်လာတတ်သလား?
ကိုယ်ဝန် ရက်သတ္တပတ် (၂၈)ပတ်မှ (၃၁)ပတ်အတွင်း လက်မောင်းတွေ ၊ ခြေထောက်တွေ ခဏ ၊ ခဏ ယောင်လာနိုင်တယ်။ မနက်ကအကောင်း ညနေမှာ ယောင်နေတာမျိုးလည်း ကြုံတွေ့နိုင်ပါတယ်။ ဒါဟာ တခဏတာဖြစ်တာပါ။ ကိုယ်နေရ ၊ ထိုင်ရ ပေါ့ပေါ့ပါးပါးနဲ့ နေထိုင်ကောင်းတယ်လို့ ခံစားရရင် ကိုယ်ဝန်ဟာ စိုးရိမ်စရာမရှိပါဘူး။
တနေကုန် ခြေ ၊ လက်တွေဟာ ယောင်သထက် ယောင်လာပြီဆိုရင်ဖြင့် ကိုယ်ဝန်ဆိပ်တက်တာမျိုး ဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ အမြန်ဆုံးဆွေးနွေးသင့်ပါတယ်။