ကိုယ်ဝန်ဆောင်စမှာ ဘာကြောင့် ပျို့အန်ချင်စိတ်တွေ ဖြစ်ပေါ်နေရသလဲ?

0

ဒီလိုပျို့အန်ခြင်းဖြစ်နေရတာဟာ မိခင်လောင်းရဲ့ ကိုယ်ခန္ဓာအတွင်း ကိုယ်ဝန်ကြောင့် ဟော်မုန်းတွေ မညီမမျှဖြစ်နေတဲ့အတွက် ဖြစ်လာတာပါ။ ပျို့အန်ချင်တဲ့စိတ်ကြောင့် စားချင်စိတ်မရှိဘဲ အစာမစားပေမယ့်လည်း ဗိုက်ထဲကကလေးဟာ ယခုကာလအထိ အာဟာရဓါတ်မှီတင်းဖို့ မလိုအပ်သေးတဲ့အတွက် သန္ဓေသား ထိခိုက်နိုင်တယ်လို့ စိတ်ပူစရာမလိုပါဘူး။ မိခင်လောင်းက စားနိုင်နိုင် ၊ မစားနိုင်နိုင် ဘယ်လိုပဲဖြစ်ဖြစ် ကလေးကတော့ စိုးရိမ်စရာမရှိပါဘူး။

You might also like
Leave a comment