Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
Pregnancy Test ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း – BurmeseHearts

Pregnancy Test ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း

0

ဆရာ ကိုယ်ဝန်ရှိ /မရှိ စစ်တဲ့အခါ၊ ရာသီရက်ကျော်တဲ့အခါ၊ ဆီးစစ်တဲ့နည်းအပြင် တီဗီဓာတ်မှန်မဟုတ်ပဲ သွေးစစ်တဲ့နည်းနဲ့ စစ်လို့ရတယ်လို့ ဖတ်ဖူးလို့ပါ။ ဘယ်နှစ်ရက်နေမှ စစ်ရင်သိရပါသလဲ။ ဘယ်လိုပြောစစ်ရမလဲဆရာ။

Pregnancy_test_result

ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်တာကို အိမ်မှာတင် အလွယ်လုပ်နိုင်ကြပါတယ်။ ဆီးစစ်တယ်လဲ ခေါ်ကြတယ်။ ဆီးထဲမှာ ကလေး-သန္ဓေသားနဲ့ဆိုင်တာ ရှိနေ-မနေကို စမ်းတာ မဟုတ်ဘူး။ အချင်းနဲ့ ဆိုင်တဲ့ ဟော်မုန်း ရှိ-မရှိကို စမ်းတာပါ။ Human Chorionic Gonadotropin (hCG) ခေါ်တယ်။

စမ်းသပ်နည်း ၂ နည်းရှိတယ်။ ဆီးစစ်နည်း Urine Pregnancy test နဲ့ သွေးစစ်နည်း Blood Pregnancy test ဖြစ်တယ်။ ဆီးစစ်နည်းက အများဆုံးသုံးဖြစ်တယ်။ အိမ်မှာတင် ကိုယ့်ဖါသာစမ်းလို့ ရတယ်။ ဒီနည်းမှာလဲ ဝယ်လို့ရတာ အမျိုးမျိုး ရှိသေးတယ်။ ဆီးထဲမှာ hCG 25 mIU/ml ရှိရင် သေခြာပြတယ်။ တချို့က သိပ်နည်းနည်းလေး 15 ml/u ရှိနေရင်တောင်မှ စမ်းလို့ရတယ်။

ဘာမှ မစားသေးခင် မနက်ခင်းသွားတဲ့ဆီးကို ပုလင်းသန့်သန့်နဲ့ခံပါ။ မနက်ခင်းသွားတဲ့ဆီး မဟုတ်ရင် ဆီးမသွားဘဲ ၄ နာရီ ကြာ အောင့်ထားပါ။ ဆီးအတင်းသွားအောင် ရေတဝကြီးတော့ မသောက်ပါနဲ့။ ဟော်မုန်း ရေရောသလို ဖြစ်နိုင်တယ်။ ဆေးညွှန်းကို သေသေခြာခြာ ဖတ်ပါ။ Test strip စမ်းသပ်တံလေး ပါမယ်။ ဆီးပုလင်း-ခွက်ထဲကို Strip စမ်းတံကို နှစ်စိမ်လိုက်ပါ။ သတ်မှတ်ပေးထားတဲ့ အမှတ်ကို ဆီးကလွန်ပြီး မထိစေနဲ့။ ၁-၂ မိနစ်စောင့်ပါ။ တချို့က ၄ဝ စက္ကန့်ဘဲ အစောင့်ခိုင်းတယ်။ အရောင် (အနီ-အပြာ) မျဉ်း တွေ့လာလိမ့်မယ်။ ၂ ကြောင်း တွေ့ရင် ဆီးပိုင်ရှင်မှာ ကိုယ်ဝန်ရှိတယ်။ ၁ ကြောင်းက ခပ်မှိန်မှိန်ပေါ်နေတာကိုလဲ အပေါင်းပြတယ်လို့ မှတ်ရမယ်။

One Step Pregnancy Test ကတော့ တမျိုး။ စမ်းသပ်တံအပြားလေးမှာ သတ်မှတ်ပေးထားတဲ့ အကွက်လေးပေါ်ကို ဆီး ၃ စက် ချရတယ်။ ၅ မိနစ်စောင့်ပြီး၊ အနီမျဉ်း ၂ ကြောင်း ပေါ်လာတာကို ကြည့်ရတယ်။ ၁ ကြောင်းက ခပ်မှိန်မှိန် ပေါ်နေတာကိုလဲ အပေါင်းပြတယ်လို့ မှတ်ရမယ်။ ၁ ကြောင်းထဲသာ ဘယ်နေမှာ ပြနေနေ ကိုယ်ဝန်မရှိတာနဲ့ ဘာမှမပြရင် ကရိယာ မမှန်တာဖြစ်တယ်။

Dipstick test ဆိုတာ စမ်းသပ်တံ အချောင်းလေးက်ု တဖက်မှာ လက်နဲ့ကိုင်ထားပြီး ကျန်ဖက်ကို ဆီးထဲ နှစ်စိမ်လိုက်ရတယ်။ ဆီးကို တခါတည်း အဲဒီအဖျားပေါ်မှာ သွားချလိုက်လို့လဲရတယ်။ ၅-၁ဝ စက္ကန့်စောင့်ပါ။ ကိုယ်ဝန်ရှိနေရင် Color change အရောင်ပြောင်းသွားတာ၊ ဒါမှမဟုတ် Symbol အရုပ်ပြတာကို တွေ့ရမယ်။

Digital tests အသစ်ပေးတဲ့ (ဒစ်ဂျစ်တယ်လ်) နည်းမှာ Pregnant ကိုယ်ဝန်ရှိတယ်၊ Not pregnant ကိုယ်ဝန်မရှိဘူးလို့ စာနဲ့ပြမယ်။
Collection cup test နည်းဆိုတာ စမ်းသပ်ကရိယာထဲမှာ ဆီးခွက်တခါတည်းပါတယ်။ ဆီး ၅-၆ စက်ထည့်ပါ။ ကိုယ်ဝန်ရှိနေရင် အရောင်ပြောင်းသွားမယ်။

Blood Test သွေးစစ်တာကို ဓါတ်ခွဲစမ်းမှာ စမ်းရတယ်။ သွေးထဲက hCG levels ကို စမ်းတာပါဘဲ။ ၂ နည်းရှိတယ်။ Quantitative Blood Test အရေအတွက်နည်းနဲ့ Qualitative Blood Test အရည်အသွေး စစ်နည်းတွေ ဖြစ်တယ်။

ဘယ်လောက် တိကျသလဲ
နောက်ပေါ်တွေက အရင်ပေါ်တာတွေထက် ပိုပြီး တိကျလာတယ်။ ဆီးစစ်တာက ၉၇% သွေးစစ်တာက ၉၉% တိကျတယ်လို့ ပြောနိုင်တယ်။

ဘယ်လောက်စောစော စမ်းလို့ရလဲ
• ဆီးစစ်တာကို ရာသီသွေး လာရမဲ့ရက်ထက် တပါတ်နောက်ကျချိန် စမ်းရင်သေခြာတယ်။ ၁ ရက်နောက်ကျချိန် စမ်းတာတောင်မှ ရနိုင်တာလဲသေးတယ်။ တပါတ်သာစောင့်ပါ။ တပ်သေချာချင်သေးရင် တခါစမ်းပြီးနောက် တပါတ်နေရင် ပြန်စမ်းပါ။
• သွေးစစ်တာကို ရာသီလာရမဲ့ရက်အထိတောင် စောင့်စရာ မလိုပါ။ လလည်ရက်နောက် တပါတ်၊ ဆိုလိုတာက မျိုးဥ ထွက်ချိန်နောက် တပါတ် တနည်းပြောရရင် သွေးဆင်းရမဲ့ရက်ထက် တပါတ်စောချိန်မှာ စမ်းရင်တောင်မှ ပြမယ်။

အဖြေအမှားများ
အမှား အပေါင်းလက္ခဏာပြရော၊ အမှားအနုတ်လက္ခဏာပြရော ရှိနိုင်တယ်။ စမ်းသပ်ပစ္စည်း ညံ့တာကြောင့် နှစ်မျိုးလုံး ဖြစ်စေနိုင်တယ်။ ကလေးရအောင်လို့ ပေးရတဲ့ဆေးထဲမှာ HCG ပါတဲ့အတွက် မမှန်တဲ့ အပေါင်းလက္ခဏာ ပြစေမယ်။ စမ်းသပ်ချိန်ထက် သိပ်စောရင် မမှန်တဲ့ အနုတ်လက္ခဏာ ပြစေမယ်။ ဒါမျိုးဆိုရင် ရက်ခြာပြီး ထပ်စမ်းပါ။
ဆရာ တချို့အမျိုးသမီးတွေ ကိုယ်ဝန်ရှိကာစမှာ သွေးဆင်းတယ်လို့ ကြားဖူးပါတယ်။ သမီးက ရာသီလည်းလာပါတယ်။ ကိုယ်ဝန် ရှိမရှိစစ်တာလည်း တစ်ကြောင်းပဲပေါ်ပါတယ် ခြောက်ပတ်အတွင်းမှာ အကြိမ်ကြိမ်စစ်ကြည့်ပြီးပါပြီ၊ တစ်ကြောင်းပဲ ပေါ်ပါတယ်။ ကိုယ်ဝန် ဖြစ်နိုင်သေးပါသလားဆရာ။
• ကိုယ်ဝန်ရှိပြီဆိုတာနဲ့ အဲဒီအမျိုးသမီး-မိန်းကလေးမှာ စပြီးထွက်လာတဲ့ Human Chorionic Gonadotropin (HCG) ဟော်မုန်းကို သွေးထဲမှာဖြစ်ဖြစ်၊ ဆီးထဲမှာဖြစ်ဖြစ် ရှိနေ-မနေစမ်းသပ်တာကို ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်နည်းလို့ ခေါ်တယ်။
• သွေးကိုစမ်းသပ်နည်းနဲ့ ဆီးကိုစမ်းသပ်နည်းဆိုပြီး ၂ နည်းရှိပါတယ်။
• သွေးစမ်းသပ်နည်းအတွက် အဖြေကို နောက်တရက်အထိ စောင့်ရမယ်။ ဆီးစစ်နည်းကတော့ ၁-၂ မိနစ်သာ စောင့်ရမယ်။
• မ-မျိုးဥနဲ့ ကျားသုက်ပိုးတို့ ပေါင်းစပ်ပြီးနောက် ၆ ရက်အကြာမှာ သန္ဓေက သားအိမ်အတွင်းဆုံးအလွှာမှာ လာကပ်မယ်။ အဲဒီအချိန်ကစပြီး HCG ဟော်မုန်း ထွက်လာပြီ။ သန္ဓေကပ်ပြီးနောက် ၁ဝ ရက်ဆိုရင် စမ်းလို့ရပါပြီ။
• HCG ဟော်မုန်းက ကိုယ်ဝန် ပဌမ ၃ လအတွင်းမှာ တရက်ပြီးတရက် များများလာတယ်။ နောက်တော့ ကျသွားတယ်။
• ဆေးသောက်ပြီး ကိုယ်ဝန်ဖျက်ဖြစ်ဖြစ်၊ သားအိမ်ခြစ်လို့ဖြစ်ဖြစ် ကိုယ်ဝန်ပျက်သွားရင်လဲ ဒီဟော်မုန်းက သွေးထဲ-ဆီးထဲမှာ ဆက်ရှိနေလို့ ဆီးစစ်ရင် အပေါင်းသာပြနေအုံးမယ်။ စမ်းလို့မရလောက်အောင် နည်းသွားတော့မှ အနုတ်ပြလိမ့်မယ်။ ဒီမေးခွန်းကို ခဏခဏမေးကြပါတယ်။ ပျက်သွားတာ ကျန်နေအုံးမလား စိုးရိမ်လို့ဖြစ်တယ်။ ကျန်-မကျန်ဆိုတာ (အာလ်ထွာဆောင်း) ရိုက်မှ သေချာတယ်။
• အရေအသွေး (ရှိ-မရှိ) စမ်းသပ်နည်းနဲ့ အရေအတွက် (ဟော်မုန်းအနည်း-အများ) စမ်းသပ်နည်းဆိုပြီး ရှိသေးတယ်။
• ကိုယ်ဝန်က သားအိမ်ပြင်ပမှာတည်နေရင်၊ ပျက်ရင်၊ ဟော်မုန်းအနည်းအများက ပုံမှန်မဟုတ်နိုင်ဘူး။ အမွှာကိုယ်ဝန်ဆိုလဲ မတူနိုင်ဘူး။
• ကိုယ်ဝန်တော့ ရှိနေပြီ၊ ဒါပေမဲ့ ဟော်မုန်းက နည်းနေသေးရင်လဲ စမ်းလို့ မသိနိုင်သေးဘူး။ သွေးထဲမှာ အနည်းဆုံး HCG 25-50 mIU/mL ရှိလာမှသာ အပေါင်းပြလိမ့်မယ်။ ဒါကြောင့် ရာသီလာရမဲ့ရက်ထက် တပါတ်နေလို့မှ ရာသီမလာရင် စစ်ပါ။
• စစ်ဆေးကိရိယာတချို့က HCG 20 mIU ဆိုရင် အပေါင်းပြမယ်။ တချို့က 100 mIU ရှိမှသာပြတယ်။
• ဆီးကိုစမ်းရင်လဲ မနက်ခင်းသွားတဲ့ဆီးက ပိုသေချာစေနိုင်တယ်။
• ရာသီလာရမဲ့ရက်ထက် တချို့က တရက်နောက်ကျရင်တောင်မှ စမ်းနိုင်တယ်ဆိုပေမဲ့၊ တပါတ်နောက်ျချိန်မှာ စမ်းသင့်တယ်။
• ကိုယ်ဝန်ရှိတယ်လို့ သံသယရှိနေပြီး စမ်းတော့ အနုတ်သာပြတယ်ဆိုရင် သေချာဘို့အတွက် နောက် ရက်အနည်းငယ် (၇ ရက်) နေရင် တခါထပ်စမ်းသင့်တယ်။
• ဒီစမ်းသပ်နည်းကို အရက်သောက်ထားထား၊ မူးယစ်ဆေးသေုံးထားထား အဖြေကို သက်ရောက်မှုမရှိပါ။
• ဆီးစစ်နည်းဟာ အနည်းဆုံး ၉၇% မှန်ကန်တိကျတယ်။
• အိမ်မှာတင် စမ်းသပ်နည်းကိရိယာ အမျိုးမျိုးလာတယ်။ အချောင်းလေးနဲ့ရှိသလို အပြားလေးရှိတယ်။ အားလုံး လွယ်ကူတယ်။ အဖြေပေးတာလဲ အမျိုးမျိုး။ အရောင်လိုင်းလေး ၂ ကြောင်းပေါ်မယ်။ တမျိုးက အပေါင်း-အနုတ် လို့ ပြမယ်။ တချို့မှာ ကိုယ်ဝန်ရှိ-မရှိလို့ အင်္ဂလိပ်စာပေါ်လာမယ်။
• အများသုံးနည်းမှာ အရောင်နဲ့ မျဉ်း ၂ ကြောင်းပြရင် အပေါင်း (ကိုယ်ဝန်ရှိတယ်) လို့ ဖတ်တယ်။
• တကြောင်းက မှိန်မှိန်သာပေါ်နေရင်လဲ အပေါင်းပဲဖတ်ပါ။ ဟော်မုန်းထွက်နေတာက နည်းသေးလို့ဖြစ်တယ်။ သေချာချင်ရင် နောက် ၅-၆-၇ ရက်အကြာမှာ တခါ ထပ်စစ်ပါ။ ဘာလို့အဲလိုဖြစ်သလဲဆိုတော့ ရက်စောနေလို့၊ ဆီးက ကျဲနေလို့ဖြစ်မယ်။ စမ်းသပ်ကိရိယာ ရက်စွဲ လွန်တာသတိပြုပါ။ မနက်ခင်းဆီးကိုသာစစ်ပါ။
• Thorazine ဆေးနဲ့ Fertility medications ကလေးမရသေးတာကို ရစေအောင်ပေးတဲ့ဆေးတချို့ကြောင့်လဲ တကယ်ကိုယ်ဝန်မရှိပဲ အပေါင်းပြနိုင်တယ်။

ဒေါက်တာတင့်ဆွေ

ရတု (Burmesehearts.com)

You might also like