Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
နို့မှုန့် ဘယ်ကလာတယ် – BurmeseHearts

နို့မှုန့် ဘယ်ကလာတယ်

0

မျက်မှောက်ခေတ် ကလေးအများစု ဘဝအစတွင် အဖော်လုပ်ရသောအရာ
မျက်မှောက်ခေတ် ကလေးအများစု ဘဝအစတွင် အဖော်လုပ်ရသောအရာ

ဘယ်လိုပဲ ကြော်ငြာအားကောင်းကောင်းနဲ့ ချစ်စရာကောင်းတဲ့ ကလေးပုံတွေအသုံးပြု ကြော်ငြာပြီး ကလေးတွေကို အင်အားတိုးစေတယ်ဆိုဆို တံဆိပ်အမျိုးမျိုးကပ်ထားတဲ့ နို့မှုန့်တွေဟာ နွားနို့ ၊ ဆိတ်နို့ စတဲ့ တရိစ္ဆာန်နို့တွေကို တာရှည်ခံအောင်စီစဉ်ပြီး ထုတ်လုပ်ထားတာပါ။

လတ်လတ်ဆတ်ဆတ်သောက်တဲ့နို့ထက် တာရှည်ခံစေတဲ့နို့ ဘယ်ဟာက ကျန်းမာရေးပိုကောင်းစေသလဲ လူတိုင်းသိပါတယ်။ လတ်လတ်ဆတ်ဆတ်ထွက်တဲ့ မိခင်ရဲ့နို့ကို မတိုက်နိုင်ဘဲ တာရှည်ခံအောင် စီမံထားတဲ့ တရိစ္ဆာန်တွေရဲ့နို့ကို တိုက်ကျွေးကြတာ ကလေးအတွက် တကယ်ကျန်းမာစေပါ့မလား။ မိခင်နို့ထက်ပဲ ပိုကောင်းပါ့မလား။

နွားနို့ ၊ ဆိတ်နို့တွေကို လူနို့နဲ့ အာဟာရဓါတ်တူအောင် ပြုလုပ်ထားပေမယ့်လည်း တရိစ္ဆာန်နို့ဟာ တရိစ္ဆာန်နို့ပဲ မဟုတ်လား။ တရိစ္ဆာန်နို့ဟာ လူနို့တော့ ဖြစ်လာမှာ မဟုတ်ဘူးလေ။ ဒါကြောင့်လည်း နို့မှုန့်ဗူးတွေမှာ “မိခင်နို့နှင့် အတတ်နိုင်ဆုံးတူအောင် ပြုလုပ်ထားပါသည်”လို့ မထင်မရှားပါရှိနေတာ ဖြစ်ပါတယ်။ ဒါကိုက တရိစ္ဆာန်နို့တွေကို သောက်စို့ကြပါလို့ သွယ်ဝိုက်အသိပေးထားရတာပါ။

BurmeseHearts Blog

လူနို့သာ လူသား ကလေးတွေအတွက် အကောင်းဆုံးဖြစ်ပြီး တရိစ္ဆာန်နို့ဟာ တရိစ္ဆာန်လေးတွေအတွက် အကောင်းဆုံးဖြစ်ပါတယ်။ လူနို့သောက်စို့ခွင့်မရတော့တဲ့ (၃)နှစ်နဲ့အထက် အရွယ်တွေအတွက် အားဖြစ်အောင် အခြားနို့သောက်သုံးကြတာကိုတော့ မဆိုလိုပါ။ မိခင်နို့ သောက်စို့ခွင့်ရှိရက် သောက်စို့ခွင့်မရတဲ့ ကလေးအရွယ်တွေကို ဆိုလိုတာဖြစ်ပါတယ်။

နို့စို့အရွယ် ကလေးမိခင်က ကူးစက်ရောဂါအခံကြောင့်ဖြစ်စေ ၊ အခြားရောဂါကြောင့်ဖြစ်စေ ၊ တိမ်းပါးသွားခဲ့လို့ဖြစ်စေ အကြောင်းကြောင်းကြောင့် ကလေးကို နို့မတိုက်နိုင်ဘူးဆိုရင် ကလေးအတွက် အကောင်းဆုံးမှာ အခြား နို့ထွက်မိခင်တစ်ဦးရဲ့ နို့သောက်စို့ခွင့်ရဖို့ အရင်ကြိုးပမ်းကြည့်ရမှာပါ။ ဒါဟာ ကလေးအတွက် နို့မှုန့်ဖျော်တိုက်တာထက် ပိုကောင်းတယ်လို့လည်း လေ့လာတွေ့ရှိရပါတယ်။

တရိစ္ဆာန်နို့ဟာ တိရိစ္ဆာန်လေးတွေအတွက် အသင့်တော်ဆုံးဖြစ်ပြီး လူသားကလေးတွေအတွက် လူသားမိခင်နို့ကတော့ အသင့်တော်ဆုံးပါ။

နို့စို့ကလေးငယ်တွေရဲ့ အပျော်ရွှင်ဆုံးအချိန်ဟာ မိခင်ရင်ခွင်ထဲ နို့ချိုသောက်စို့ခွင့်ပါ။ ဒါကြောင့်လည်း အကြောင်းကြောင်းကြောင့် နို့ဗူးတိုက်ကျွေးသူတွေအနေနဲ့ ကလေးကို ရင်ခွင်ထဲထားပြီး နို့ဗူးတိုက်ကျွေးကြဖို့ တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေက အကြံပေးထားတယ်။ မိခင်ရင်ခွင်ထဲ နို့ချိုသောက်ဆို့ခွင့်ရတဲ့ကလေးဟာ မိခင်မျက်နှာကို မော့ကြည့်ရင်း ၊ မိခင်ကို ကိုင်တွယ်ပွတ်သပ်ရင်းနဲ့ ငြိမ်းချမ်းလုံခြုံမှုဆိုတာကို ခံစားရတယ်။

မိခင်နို့ သောက်စို့ခွင့်ရတဲ့ကလေးတွေကတော့ ဘဝမှာရွေးချယ်မှုရှိတယ်ဆိုတဲ့ အသိရယ် ၊ မပူမပင်စိတ်အေးရတဲ့ အခြေအနေရယ် ပိုမိုရရှိစေပါတယ်။ ဘာကြောင့်လဲဆိုတော့ မိခင်နို့ သောက်စို့ခွင့်ရတဲ့ကလေးဟာ မိခင်ရဲ့ နို့တစ်ဘက်သောက်စို့နေချိန်မှာ နောက်တဖက်ကို ကိုင်ထားလေ့ရှိတယ်။

သူ့အသိစိတ်ထဲမှာ ဒါကုန်ရင် နောက်တစ်ခုရှိတယ် ၊ ဒါရိုးရင် နောက်တစ်ခုပြောင်းစို့လို့ရတယ်ဆိုတာ ဒီလိုကိုင်နေရင်းနဲ့ ခံစားနိုင်တယ်။ ဒီလိုယုံကြည်မှုမျိုး အခြေခံထားတဲ့ ကလေးဟာ ဘဝကို အကောင်းမြင်တတ်တဲ့ ကလေးဖြစ်ဖို့ ရာခိုင်နှုန်းများတယ်။ ဘဝတလျောက်လုံး သူ့ရဲ့ အကောင်းမြင်စိတ်ဟာ သူ့ကို လူကြီးမိဘတွေ ဘယ်လိုဆက်ဆံလဲ ၊ ဘယ်သူက ဘယ်လို သင်ကြားပေးသလဲဆိုတာနဲ့လဲ သက်ဆိုင်နေပါတယ်။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like