Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
မွေးကင်းစအရွယ် – BurmeseHearts

မွေးကင်းစအရွယ်

0

အပြစ်မဲ့ဆုံးလူသားသည် ကလေးသူငယ်များဖြစ်သည်။
အပြစ်မဲ့ဆုံးလူသားသည် ကလေးသူငယ်များဖြစ်သည်။

နားကောင်းကောင်းကြားနိုင်ပေမယ့် အမြင်အာရုံဝေဝါးနေပါမယ်။ ခြေလက်တွေဟာ မဖြောင့်သေးဘဲ ကောက်ကောက်လေးရှိနေမှာပါ။ သူ့တနေ့တာရဲ့ သုံးပုံ နှစ်ပုံကို အိပ်စက်ရင်း သူဟာ ကုန်ဆုံးစေမှာဖြစ်ပါတယ်။

မွေးကင်းစကလေး၏ မှောက်လျက်အနေအထား
မွေးကင်းစကလေး၏ မှောက်လျက်အနေအထား

မွေးကင်းစကလေးကို မှောက်လျက်အနေအထားဖြင့် ထားပါက ပုံမှာမြင်ရတဲ့အတိုင်း ခြေနှစ်ဖက်ဟာ ဝမ်းဗိုက်အောက် ရောက်နေပြီး ဖင်ဗူးတာင်းထောင်နေသလို အနေအထားဖြစ်နေကာ ခြေထောက်ဆန့်မထုတ်နိုင်သေးတာကို တွေ့ရမှာပါ။

မွေးကင်းစကလေး ထိုင်လျက်အနေအထား
မွေးကင်းစကလေး ထိုင်လျက်အနေအထား

မွေးကင်စအရွယ်မှာ ကလေးကို ထိုင်ကြည့်စေပါက အပေါ်ပုံမှာကဲ့သို့ ကလေးဟာ ခေါင်းမထောင်နိုင်ရုံအပြင် ခါးဟာ လေးကိုင်းကဲ့သို့ ကုန်းနေမှာဖြစ်ပါတယ်။

မွေးပြီး ပထမ(၂၄)နာရီအတွင်းမှာ ကလေးဟာ (၁၆)နာရီကနေ (၁၇)နာရီအတွင်း အိပ်စက်တတ်ပါတယ်။ မွေးပြီး ပထမရက်သတ္တပတ်အတွင်းမှာ ကလေးဟာ တစ်နေ့ကို (၈)ကြိမ်ကနေ (၁၅)ကြိမ်အထိ နို့စို့နိုင်ပါတယ်။ ဒုတိယရက်သတ္တပတ်အတွင်းမှာတော့ (၆)ကြိမ်ကနေ (၈)ကြိမ်အထိ နို့စို့မှာဖြစ်ပါတယ်။ မိခင်နို့စို့တဲ့ကလေးတွေဟာ နို့ဗူးသောက်စို့တဲ့ကလေးတွေထက် နို့စို့ဖို့တောင်းဆိုတဲ့ အကြိမ်အရေအတွက် များမှာဖြစ်ပါတယ်။
BurmeseHearts Blog

ဦးခေါင်း

ကလေးရဲ့ဦးခေါင်းဟာ လုံးလုံးလေးဖြစ်မနေဘဲ ပြားပြားတွေ ၊ ရှည်ရှည်တွေ ဖြစ်နေနိုင်ပါတယ်။ ဒါဟာ ကလေးရဲ့ ဦးခေါင်းခွံဟာ မိခင်ကလေးမီးဖွားတုန်းက ဖိအားကို ခံခဲ့ရတဲ့အတွက် ဖြစ်ပါတယ်။ စိတ်ပူစရာမလိုပါ။ နောက်ရက်အနည်းငယ်မှာ  သူ့ပုံမှန် ခေါင်းပုံစံကို ပြန်ရမှာဖြစ်ပါတယ်။

ဦးထိပ်က ဦးရေပြားပျော့ပျော့

ဆံပင်နည်းတဲ့ကလေးတွေမှာဆိုရင် မွေးကင်းစကလေးရဲ့ ဦးထိပ်က ဦးရေပြားပျော့ပျော့ဟာ မည်းမည်းအရောင်ပြေးပြီး ပျော့တော့တော့ လှုပ်စိစိ ဖြစ်နေတာကို မြင်တွေ့ရမှာပါ။ ဆံပင်ထူတဲ့ မွေးကင်းစကလေးတွေကိုတော့ နဖူးနောက် ဦးထိပ်ပေါ်ကို လက်ကလေးစမ်းကြည့်ပါ။ ခပ်နွေးနွေးခံစားရပြီး လှုပ်တုပ်တုပ် အသည်းယားစရာဖြစ်နေမှာပါ။ ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုရင် မွေးကင်းစကလေးဟာ ဦးရေမဆက်သေးလို့ဖြစ်ပါတယ်။ မွေးပြီး (၁၂)လ မှ (၁၈)လအတွင်းမှာတော့ ဦးရေဆက်သွားမှာဖြစ်ပါတယ်။

ကိုယ်လုံးပေါ်က အမွှေးအမျှင်လေးများ

မွေးကင်းစကလေးအချို့ရဲ့ ကျောဘက် ၊ ပုခုံး ၊ နဖူး ၊ ခြေနဲ့လက်ကလေးတွေမှာ အမွှေးမည်းမည်းတွေ ဖုံးလို့နေပါမယ်။ စိတ်မပူပါနဲ့ ရက်သတ္တပတ် အနည်းငယ်ကြာရင် သူ့ဘာသာသူ ပါးပြီး ပျောက်သွားမှာပါ။

မျက်နှာ

မွေးကင်းစကလေးမျက်နှာဟာ ယောင်အမ်းနေသလို ဖြစ်နေပါမယ်။ ဒါဟာ မိခင်မီးဖွားတုန်းက ဖိအားပေးခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ သန္ဓေသားရဲ့ နှာခေါင်းနဲ့ မျက်နှာလေးဟာ ပြားတားတားလေး ဖြစ်နေမယ် ၊ နားတွေဟာ အနောက်ဘက်ကို ကပ်နေမယ်ဆိုရင်လည်း စိတ်မပူပါနဲ့။ မိခင်ဝမ်းထဲမှာ မီးဖွားဖို့ အဆင်သင့်အနေအထားနဲ့ မိခင်ရဲ့တင်ပဆုံရိုးနှစ်ခုကြား (မွေးလမ်းကြောင်း)မှာ ရက်သတ္တပတ် အနည်းငယ်ကြာ ကြပ်ကြပ်ညပ်ညပ် နေခဲ့ရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ရက်သတ္တပတ် အနည်းငယ်အကြာမှာ သူ့ဘာသာသူ နဂိုအတိုင်း ပြန်ဖြစ်သွားမှာမို့ စိုးရိမ်စရာမရှိပါဘူး။

အရေပြား

မွေးကင်းစကလေးရဲ့ ခြေတွေ ၊ လက်တွေက အရေပြားတွေဟာ  ရက်သတ္တပတ်အနည်းငယ်အတွင်း ကွာကျသွားတာကို တွေ့ရမှာပါ။ မျက်နှာပေါ်ကပ်နေတဲ့ ဝါဖြူဖြူအဖြူဖတ်တွေဟာလည်း စိုးရိမ်စရာမရှိဘဲ ရက်သတ္တပတ် အနည်းငယ်အကြာမှာ ကွာကျသွားမှာပါ။ အနီရောင် အရေပြားကွက်အချို့ဟာလည်း မွေးပြီးလအနည်းငယ်အတွင်း ပျောက်သွားမှာဖြစ်ပါတယ်။ တင်ပါးနဲ့ ကျောနောက်ဘက် အောက်နားက စိမ်းပြာရောင်လိုမျိုး အမှတ်ကွက်တွေဟာလည်း ကလေးအချို့မှာ ပါရှိလာနိုင်ပြီး ကလေး နှစ်နှစ် ၊ သုံးနှစ်အရွယ်မှာ ပျောက်သွားမှာ ဖြစ်ပါတယ်။

အခြားသတိထားမိဖွယ်ရာများ

ယောက်ျားလေးဖြစ်ဖြစ် ၊ မိန်းကလေးဖြစ်ဖြစ် မွေးကင်းကလေးရဲ့ရင်သားတွေဟာ ယောင်ရမ်းနေသလိုဖြစ်နေမယ်ဆိုရင် မစိုးရိမ်ပါနဲ့။ ဒါဟာ မိခင်ကိုယ်ထဲက ဟော်မုန်းတွေဟာ ကလေး အပြင်ရောက်မလာခင် မိခင်ဝမ်းထဲမှာ ကလေးကိုယ်ထဲ ရောက်ရှိနေခဲ့တာကြောင့် ဖြစ်ရတာပါ။ ရက်အနည်းငယ်ကြာရင်တော့ နဂိုအတိုင်း ပြန်ဖြစ်သွားမှာပါ။ ယောကျာ်းလေးတွေဟာ မွေးဖွားလာပြီးစမှာ ကပ်ပယ်အိတ် (ဝှေးစေ့အိတ်) ပတ်လည်မှာ အရည်လေးတွေ စိုစိစိ ဖြစ်နေမှာပါ။ စိုးရိမ်စရာမရှိဘဲ သဘာဝအလျောက်ဖြစ်လာတာပါ။ ကလေး (၆)လကနေ (၁)နှစ်အတွင်း ပျောက်သွားမှာပါ။ မိန်းကလေးတွေကတော့ မိခင်ဝမ်းကတော့ မိန်းမကိုယ်က သွေးလို ၊ အဖြူလိုတွေ ဆင်းလာနိုင်ပါတယ်။ မိခင်ဝမ်းကတည်းက ပါလာခဲ့တာတွေပါ။ ရက်သတ္တပတ်အနည်းငယ်အတွင်း ပျောက်သွားမှာပါ။

မွေးကင်းစအရွယ်မှာ ကလေးဟာ ဆီးခဏခဏ သွားတတ်ပါတယ်။ ဝမ်းအရောင်နဲ့ အပျော့အမာဟာ ကလေးရဲ့ ကျန်းမာရေး ကောင်းမွန်မှု ၊ မကောင်းမွန်မှုကို ကိုယ်စားပြုနေတာမို့ မိခင်က ကလေးရဲ့ဝမ်းကို သတိထား စစ်ဆေးပေးရမှာဖြစ်ပါတယ်။

ကလေးကာတွန်းရုပ်ပုံများအား ဒေါက်တာတင်ဦး (ကလေးနှင့်အာဟာရ)မှ ကူးယူထားခြင်းဖြစ်သည်။

ရတု (Burmesehearts.com)
BurmeseHearts Courses

အပြစ်မဲ့ဆုံးလူသားသည် ကလေးသူငယ်များဖြစ်သည်။
အပြစ်မဲ့ဆုံးလူသားသည် ကလေးသူငယ်များဖြစ်သည်။
You might also like