Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
မွေးကင်းစကလေးရဲ့ အခြေအနေမှန်ကို ဘယ်လိုတွက်ဆမယ် – BurmeseHearts

မွေးကင်းစကလေးရဲ့ အခြေအနေမှန်ကို ဘယ်လိုတွက်ဆမယ်

0

တနေ့တာရဲ့ သုံးပုံနှစ်ပုံကို အိပ်စက်တဲ့ မွေးကင်းစကလေး
တနေ့တာရဲ့ သုံးပုံနှစ်ပုံကို အိပ်စက်တဲ့ မွေးကင်းစကလေး

မွေးကင်းစကလေးဟာ ရက်သတ္တပတ် တစ်ပတ်မှ လေးပတ်အတွင်းမှာ တနေ့ကို (၁၅)နာရီကနေ ကနေ (၁၆)နာရီအတွင်း အိပ်စက်တတ်ပါတယ်။ ဒါကြောင့် တနေ့တာအတွင်းမှာ သူ့အချိန်တွေရဲ့ သုံးပုံနှစ်ပုံဟာ အိပ်စက် အနားယူချိန်ပါ။ မအိပ်ဘဲငိုနေတယ်ဆိုရင် အကြောင်းတခုခုရှိနေလို့ဖြစ်ပြီး လူကြီးက ဒီအဖြေကို ကိုယ်တိုင်ရှာဖွေရမှာ ဖြစ်ပါတယ်။

မွေးပြီး ပထမ(၂၄)နာရီအတွင်းမှာ (၆)ကြိမ်ကနေ (၈)ကြိမ်အထိ ဆီးသွားပြီး ဆီးဟာ ကြည်လင်နေရပါမယ်။ မွေးပြီး (၂)ရက်အကြာမှာတော့ တနေ့ကို နှစ်ကြိမ်ကနေ သုံးကြိမ်အထိ ဆီးသွားနိုင်ပါတယ်။

ဒါပေမယ့် (၄)ရက်မြောက်နဲ့ (၅)ရက်မြောက်နေ့တွေမှာတော့ နို့စို့တဲ့ပမာဏ များလာတာမို့ ဆီးသွားတဲ့အကြိမ်အရေအတွက်ဟာလည်း များလာမှာ ဖြစ်ပါတယ်။ ဝမ်းကတော့ (၃)ကြိမ်ကနေ (၈)ကြိမ်အထိ သွားနိုင်ပါတယ်။ ပုံမှန်အားဖြင့် ဝမ်းဟာ ပျော့ပျော့လွယ်လွယ်လေး သွားမှာပါ။ ကလေးကြီးလာလေ ဝမ်းသွားတဲ့ အကြိမ်အရေအတွက် လျော့ကျသွားမှာဖြစ်ပါတယ်။

ကလေး Diaper သုံးသူတွေက ကလေးကို နှစ်နာရီခြားတစ်ကြိမ် ခါးအောက်ပိုင်း Diaper သုံးတဲ့နေရာတွေကို Diaper မလောင်အာင် သန့်စင်ပေးပြီး Diaper အသစ်လဲပေးရမှာပါ။ ဒီကြားထဲမှာ ကလေး ဆီး ၊ ဝမ်းသွား မသွားကိုလည်း မကြာခဏဆိုသလို စစ်ဆေးပေးပြီး သွားထားခဲ့ရင် Diaper လဲပေးရမှာ ဖြစ်ပါတယ်။

အမိဝမ်းကကျွတ်တဲ့ ပထမ(၂၄)နာရီအတွင်းမှာ ကလေးဟာ စေးပျစ်ပျစ် အမည်းရောင်ဘက်လုနေတဲ့ အစိမ်းရင့်ရင့် ဝမ်း(ငယ်ချေး)ကို (၂)ကြိမ်သွားနိုင်ပါတယ်။ ဆီးကတော့ နှစ်ကြိမ်သွားနိုင်ပါတယ်။

ဒုတိယမြောက်ရက်မှာ ကလေးဟာ မနေ့ကနဲ့အရောင်တူဝမ်းကို ခပ်ပျော့ပျော့လေး သုံးကြိမ်အထိ သွားနိုင်ပါတယ်။ ဆီးကတော့  (၃)ကြိမ်သွားနိုင်ပါတယ်။

တတိယမြောက်ရက်မှာ ကလေးဟာ အညိုရောက်ဘက်ကို သမ်းလာတဲ့ အစိမ်းရောင်ရင့်ရင့်ဝမ်းကို သိပ်ပြီး ခပ်စေးစေးမဟုတ်တော့တဲ့အခြေအနေနဲ့ (၃)ကြိမ်သွားနိုင်ပါတယ်။ ဆီးကတော့ မနေ့ကအတိုင်း (၃)ကြိမ်သွားမှာပါ။

(၄)ရက်မြောက်နေ့မှာတော့ဖြင့် မနေ့ကဝမ်းအရောင် ခပ်ဖျော့ဖျော့ (သို့မဟုတ်) အဝါရောင်ဘက်သမ်းတဲ့ဝမ်းကို (၃)ကြိမ်သွားနိုင်ပါတယ်။ ဆီးကတော့ (၄)ကြိမ်သွားမှာပါ။

(၅)ရက်မြောက်နေ့မှာတော့ဖြင့် ကလေးရဲ့ဝမ်းဟာ မနေ့ကဝမ်းအရောင်ထက် ဖျော့လာပြီး (၃)ကြိမ်သွားမှာပါ။ ဆီးကတော့ (၅)ကြိမ်သွားပါမယ်။

ညဘက်တွေမှာလဲ ကလေးနို့တိုက်တိုင်း ကလေးရဲ့ ဆီး ၊ ဝမ်းအခြေအနေကို စစ်ဆေးပြီး အနှီးသို့မဟုတ် Diaper လဲပေးရမှာဖြစ်ပါတယ်။ မေ့သွားရင် ကလေးဆီး ၊ ဝမ်းလောင်ပါတယ်။

ရတု (Burmesehearts.com)

You might also like