Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
အိမ်တွင် ကလေးအတွက် အရေးပေါ် ဆောင်ထားရမည့်ပစ္စည်း – BurmeseHearts

အိမ်တွင် ကလေးအတွက် အရေးပေါ် ဆောင်ထားရမည့်ပစ္စည်း

0

မွေးကင်းစကလေး အိမ်ရောက်လို့ ကိုယ်တိုင်လည်း ကျန်းကျန်းမာမာနဲ့ ဈေးဝယ်ထွက်နိုင်ပြီဆိုရင် ညရေးညတာ ကလေးကျန်းမာရေး ၊ မိသားစုကျန်းမာရေးအတွက် လိုအပ်တဲ့ ဆေးအထောက်အကူပြု ပစ္စည်းတွေကို ကြိုဝယ်ထားနိုင်ရင် အဆင်ပြေပါတယ်။

Fever

ကိုယ်အပူချိန်တိုင်း ကိရိယာ

နားကတိုင်းတဲ့ကိရိယာနဲ့ ဂျိုင်း (သို့မဟုတ်) ပါးစပ်မှာ ထည့်တိုင်းထဲ ကိရိယာပါ။ နားမှာတိုင်းတဲ့ကိရိယာကတော့ တစ်ခါတိုင်းပြီးတိုင်း ထိပ်ကအစွပ်ကို ချွတ်ပစ်တာ သန့်ရှင်းမှုအတွက် ပိုကောင်းပါတယ်။ အဲဒီထိပ်စွပ်အပိုတွေကို သီးသန့်ဝယ်လို့ရပါတယ်။ ဂျိုင်းအောက်ထည့်တိုင်းတဲ့ အပူချိန်တိုင်း ကိရိယာကိုတော့ တိုင်းပြီးရင် အရက်ပျံဆွတ်ထားတဲ့ ဂွမ်းနဲ့ ပြန်သန့်စင်ပေးပါ။

ညရေးညတာ ကလေးကိုယ်ပူတာပဲဖြစ်ဖြစ် ၊ နေ့ပိုင်းမှာ ကလေးကိုယ်ပူတာပဲဖြစ်ဖြစ် ကိုယ်အပူချိန် ဘယ်လောက်ရှိတယ်ဆိုတာ သိဖို့လိုတယ်မဟုတ်လား။ ၁၀၀.၄ ဒီဂရီ ဖာရင်ဟိုက်နဲ့ အထက်ဆိုရင်တော့ ဆရာဝန်ဆီ အရောက်ပြေးပါတော့။

အဲဒီအထိ မရှိသေးဘူးဆိုရင် ကလေးဟာ ကိုယ်ထဲဝင်ရောက်လာတဲ့ ပိုးတွေကို ၎င်းရဲ့ကိုယ်ခံအားနဲ့ ခုခံတိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ကလေး သေးသေးလေး ကိုယ်အပူချိန်မြင့်တက်နေတာ မိဘအုပ်ထိန်းသူတွေအတွက်တော့ စိုးရိမ်စရာပါ။ ဒါပေမယ့် ကလေးဟာ ဒီလို ကိုယ်ခံအားနဲ့ တိုက်ဖျက်ပါမှ သူ့ကိုယ်ခံအားဟာ ရောဂါပိုးတွေကို ခုခံသထက် ခုခံလာနိုင်ပြီး ကိုယ်ခံစွမ်းအား မြင့်တက်လာတာဖြစ်ပါတယ်။ ဒီတော့ ကလေးဖျားတိုင်း သိပ်မစိုးရိမ်ရအောင် ကိုယ်အပူချိန်တိုင်းကိရိယာ ဆောင်ခိုင်းထားတာဖြစ်ပါတယ်။ ၉၇ ကနေ ၁၀၀.၃ ဒီဂရီဖာရင်ဟိုက်ဟာ သာမာန် ကျန်းမာတဲ့ ကလေးတစ်ယောက်ရဲ့ အပူချိန်ဖြစ်ပါတယ်။
BurmeseHearts Blog

ကိုယ်အပူချိန်တက်နေတဲ့ကလေးကို လူကြီးသောက်တဲ့ဆေးတွေ မတိုက်ရပါဘူး။ အထူးသဖြင့် ကလေးတွေကို ဆရာဝန် ညွှန်ကြားထားတဲ့ဆေး မဟုတ်ဘဲ မတိုက်ရပါဘူး။ မပြောတတ်သေးတဲ့ ကလေးတွေဆိုရင် ပိုလို့ မတိုက်သင့်တာပါ။ သူတို့ ဘာခံစားနေရလဲဆိုတာကို မပြောတတ်သေးတဲ့အတွက် ဆရာဝန်ကိုယ်တိုင်က စမ်းသပ်စစ်ဆေးပြီး ၊ ဖြစ်ပျက်နေတာတွေကို ခြုံငုံသုံးသပ်ပြီးပါမှ ဘာကြောင့်ဖြစ်တာ ၊ ဘယ်လိုကုသမယ်ဆိုတာကို ဆုံးဖြတ်ချက်ချရတာ ဖြစ်ပါတယ်။ ဒီတော့ မြန်မာဆေးရော ၊ အင်္ဂလိပ်ဆေးရော ၊ တရုတ်ဆေးရော ၊ ကုလားဆေးရော ၊ ဘာဆေးမှ ကိုယ့်သဘောနဲ့ကိုယ် ကလေးကို မတိုက်ပါနဲ့။

အပူချိန်မြင့်တဲ့ကလေးကို နေရထိုင်ရ သက်သာလာအောင် အရမ်းထူတဲ့ အဝတ်မျိုး (အနွေးထည်မျိုး) မဝတ်ပေးပါနဲ့။ ချွေးစုပ်နိုင်တဲ့ အထည်ပါးပါးလက်ရှည်ဆို လုံလောက်ပါပြီ။ အဲဒါမျိုးကို ကလေးချွေးထွက်လာတိုင်း လဲပေးရမှာ ဖြစ်ပါတယ်။ ချွေးနဲ့ ကလေးအအေးမပတ်အောင် ဖြစ်ပါတယ်။

အခန်းအပူချိန်ကို မပူလွန်း ၊ မအေးလွန်းတဲ့ အခြေအနေမျိုးထားရပါမယ်။ ကလေးကို ပန်ကာလေအပါအဝင် လေစိမ်းတိုက်ရိုက် အတိုက်မခံပါနဲ့။

ရိုးရိုးရေထည့်ထားတဲ့ ရေဇလုံတစ်ခွက် ၊ ခွက်လွတ်တစ်ခွက်နဲ့ အနေတော် လက်ကိုင်ပုဝါနှစ်ထည်နဲ့ ကလေးနဖူးပေါ်မှာ ရေပတ်တင်ပေးရမှာ ဖြစ်ပါတယ်။ ရေမစိုတစိုအဝတ် နဖူးပေါ်တင်ပေးထားပြီး ကျန်တစ်ခုကို လဲတင်ပေးနိုင်ဖို့ အဆင်သင့် လုပ်ထားရမှာပါ။ နဖူးပေါ်တင်ခဲ့တဲ့ လက်ကိုင်ပုဝါက ရေတွေကို ခွက်လွတ်ထဲ ညှစ်ချပါ။ နောက်ရေအေးအေးပြန်ဆွတ်ပြီး နဖူးပေါ် ရေပတ်တင်ဖို့ အသင့်ပြင်ထားရမှာပါ။ ကလေးရဲ့ ကိုယ်အပူချိန်ဟာ သိသိသာသာ ကျဆင်းသွားပါမယ်။

baby cooling gel pad

ပုံမှာပြထားတဲ့ နဖူးကပ်လေးတွေ ဝယ်နိုင်ရင်ဖြင့် ရေပတ်တင်ပေးရတဲ့ဒုက္ခတော့ သက်သာသွားမှာပါ။ စိတ်ချရတဲ့တံဆိပ်ကထုတ်တဲ့ ကလေးသီးသန့်သုံး အဲဒီနဖူးကပ်လေးတွေက ကလေးရဲ့ ကိုယ်အပူချိန်ကို စုပ်ထုတ်ပေးပါတယ်။ (၄)နာရီကနေ (၇)နာရီ (၈)နာရီ စသဖြင့် တာရှည်ခံတာတွေလည်း ရှိပါတယ်။ နဖူးကမခွါချတတ်သေးတဲ့အရွယ်ဆို နဖူးမှာကပ်ပေးနိုင်ပြီး ခွါချတတ်လာတဲ့အရွယ်ဆို ကလေးနောက်ကျော အင်္ကျီအောက်မှာ ကပ်ပေးထားနိုင်ပါတယ်။ အသုံးမပြုခင် ငါးမိနစ်လောက်အလိုမှာ ရေခဲသေတ္တာ အောက်ဖက်ကအခန်းထဲ ကြိုထည့်ထားနိုင်ရင်ကောင်းပါတယ်။ (အခဲခန်းထဲမထည့်ရ)

အပူချိန်မြင့်နေတဲ့ကလေး ရေဓါတ်ခမ်းခြောက်မလာရအောင် မိခင်က နို့များများတိုက်ပေးပါ။

နှပ်ချေးညှစ်

နှာရည်ယိုတတ်တဲ့ ကလေးတွေအတွက်ကတော့ အပေါ်မှာပြထားတဲ့ နှပ်ချေးစုပ်ထုတ်တဲ့ လေစုပ်ကိရိယာလေးကို ဝယ်ထားသင့်ပါတယ်။ အပြင် သယ်ယူသွားရရင်လည်း ပေါ့ပါးလွယ်ကူတယ်လေ။ အောက်က လေပူဖောင်းလေးကို ညှစ်ပြီးမှ ကလေးနှာခေါင်းထဲ အနေတော်ထည့်ပြီး ညှစ်ထားတဲ့ လက်လွှတ်လိုက်တဲ့အခါမှာတော့ ကလေးနှပ်တွေဟာ စုပ်ယူလိုက်သလို ထွက်လာမှာဖြစ်ပါတယ်။ ကလေး နှာခေါင်းရှင်းပြီး အသက်ကောင်းကောင်း ရှူလာနိုင်သည်အထိ နားနားပြီးလုပ်ပေးပါ။ ကလေးက ကြောက်လို့ငိုရင် ကလေးစိတ်မဖိစီးရအောင် ခဏနားပါ။ ပြီးမှ ထပ်လုပ်ပါ။

အသုံးပြုပြီးတိုင်း ဖြုတ်ဆေးလို့ရတဲ့အပိုင်းမှန်သမျှကို ဆပ်ပြာရည်နဲ့ ဖြုတ်ဆေးပြီး သန့်သန့်ရှင်းရှင်း အခြောက်ခံထားရမှာဖြစ်ပါတယ်။ လက်နဲ့ သို့မဟုတ် ပုဝါနဲ့ ကလေးနှာခေါင်းကို နှပ်ချေးညှစ်ပေးရင် ၊ တို့သုတ်ရင် ညှစ်ပါများ ၊ ပွတ်ပါများတဲ့အခါ အသားတွေ နီရဲပြီးပွန်းနိုင် ၊ ပဲ့နိုင်ပါတယ်။

နောက်ဆောင်ထားရမှာတွေကတော့ အပေါက်ကလေးတွေပါတဲ့ အနာကပ် အဆင့်သင့်သုံးပလာစတာ (အကြည်ရောင်ဆိုပိုကောင်းပါတယ်။) ၊ အရက်ပျံနဲ့ဂွမ်းတို့ ဖြစ်ပါတယ်။ လက်သည်းညှပ်ရင်း အသားညှပ်မိလို့ပဲဖြစ်ဖြစ် အကြောင်းကြောင်းကြောင့် ကလေးသွေးထွက်တဲ့အခါ ခဏလောက်ဖြစ်ဖြစ် အမြန်ကပ်ပေးလိုက်နိုင်ရင် ခဏလေးသွေးတိတ်သွားမှာပါ။ ဒဏ်ရာမကြီးရင် တစ်နာရီလောက်နေတဲ့အခါ ပြန်ခွါလို့ရပါတယ်။

ရတု (Burmesehearts.com)
BurmeseHearts Courses

You might also like