Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
အာဟာရချို့တဲ့သော ကလေးသူငယ်များ – BurmeseHearts

အာဟာရချို့တဲ့သော ကလေးသူငယ်များ

0

ကိုယ်ဝန်ဆောင်မိခင်က ရေများများသောက်ပြီး အာဟာရဖြစ်တဲ့ အစာကိုစားပါ။

အစာအာဟာရဟာ လူတို့အသက်ရှင်ရေးအတွက် မရှိမဖြစ်ပါ။ ဒီအစာအာဟာရအပေါ် မှီတင်းအသက်ရှင်နေရတဲ့ သတ္တဝါတွေအနက် နုနယ်တဲ့ လူသားကလေးသူငယ်တွေအတွက်လည်း အာဟာရပြည့်စုံစေဖို့ လိုအပ်နေပါတယ်။ ဒါကြောင့် ကလေးမွေးဖွားလာပြီဆိုရင် ဆေးပညာဝန်ထမ်းတွေက အင်္ဂါစုံခြင်း ၊ မစုံခြင်းထက်ကို ကလေးပေါင်ပြည့် ၊ မပြည့် ပိုပြီး အလေးထားကြပါတယ်။ မိခင်ကိုယ်ဝန်ဆောင်စဉ် အာဟာရပြည့်ပြည့်ဝဝ ရရှိခဲ့တဲ့ကလေးဟာ ပေါင်ပြည့်မှာဖြစ်ပြီး မရရှိခဲ့တဲ့ကလေးကတော့ ပေါင်မပြည့်နိုင်ဘူးပေါ့။ ဒါ့အပြင် နေ့မစေ့ လမစေ့ မွေးလာတဲ့ကလေးတွေဟာ ပေါင်မပြည့်ဖို့လည်း များနေပါတယ်။

မွေးကင်းစကလေးငယ်တွေကို နေ့စေ့လစေ့မွေးတဲ့ကလေးနဲ့ နေ့မစေ့ လမစေ့ မွေးလာတဲ့ကလေးဆိုပြီး နှစ်မျိုးခွဲခြား ပြောဆိုကြပါတယ်။ မိခင်ဝမ်းထဲ ရက်သတ္တပတ် (၃၇)ပတ်ကနေ (၄၂)ပတ်အတွင်း ကိုယ်ဝန်ဆောင်ပြီးမှ မွေးလာတဲ့ကလေးကို နေ့စေ့လစေ့ မွေးလာတဲ့ကလေးလို့ သတ်မှတ်ပြီး ဒီ့ထက်စောမွေးလာခဲ့ရင်တော့ နေ့မစေ့ လမစေ့ မွေးလာတဲ့ကလေးလို့ သတ်မှတ်ပါတယ်။ မြန်မာကလေးငယ်တွေကို မွေးစကိုယ်အလေးချိန် ၂.၃ကီလို (၅ပေါင်) အနည်းဆုံး ရှိသင့်တယ်လို့ သတ်မှတ်ထားပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတော့ (၂.၅)ကီလိုအောက်နည်းတဲ့ ကလေးတွေကို အလေးချိန်မပြည့်တဲ့ ကလေးတွေလို့ သတ်မှတ်ထားပါတယ်။ နေ့စေ့လစေ့မွေးလာပြီး အလေးချိန်မပြည့်တဲ့ ကလေးတွေလည်း ရှိပါတယ်။

တစ်နှစ်အောက် ကလေးငယ်တွေ သေဆုံးမှုတဝက်ဟာ အလေးချိန် မပြည့်တဲ့ကလေးတွေ ဖြစ်နေတာတော့ စိတ်မကောင်းစရာပါ။ ဒါဆိုဘာကြောင့် ကိုယ်အလေးချိန် ပြည့်ပြည့်ဝဝနဲ့ ကလေးတွေ မွေးဖွားမလာရသလဲ လေ့လာရအောင်နော်။

ယေဘူယျအားဖြင့်တော့ အာဟာရပြည့်ပြည့်ဝဝစားတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေက မွေးလာခဲ့တဲ့ ရင်သွေးငယ်တွေဟာ အလေးချိန်ပြည့်ပြည့်ဝဝနဲ့ မွေးဖွားလာတတ်ကြပြီး မိခင်က အာဟာရပြည့်ဝစွာ မစားခဲ့တာပဲဖြစ်ဖြစ် ၊ ဟိုရှောင်ဒီရှောင်နဲ့ အာဟာရပြည့်ဝစွာ မစားခဲ့ရတာပဲဖြစ်ဖြစ် ဒီလိုကိုယ်ဝန်ဆောင်မိခင်တွေက မွေးလာတဲ့ကလေးတွေကတော့ ကိုယ်အလေးချိန် ပြည့်ပြည့်ဝဝ မွေးဖွားမလာခဲ့ပါဘူး။

ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေဟာ မိမိဗိုက်ထဲက ကလေးကို အာဟာရပြည့်ပြည့်ဝဝရစေချင်တယ်ဆို ကိုယ်တိုင်က အာဟာရ ပြည့်ပြည့်ဝဝ စားသောက်ရမှာဖြစ်ပါတယ်။ ဒီလိုစားသောက်ဖို့ကိုလည်း ကိုယ်ဝန်ဆောင်သည် ၊ မီးနေသည် ၊ နို့တိုက်မိခင် နှင့် ကလေးများအတွက် အစာအာဟာရ အပိုင်း (၁) ၊ (၂) ၊ (၃)မှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

BurmeseHearts Blog

ကိုယ်ဝန်ဆောင်မိခင်ဆိုတာ မိမိတစ်ယောက်တည်းမဟုတ်တော့ဘဲ မိမိဗိုက်ထဲမှာ နောက်ထပ် အသက်ဝင်နေတဲ့ ကလေးကိုပါ လွယ်ထားရတာမို့ သက်ရှိနှစ်ယောက်စာလိုအပ်တဲ့ အစာအာဟာရကို နှစ်ယောက်စာ စားပေးရမှာဖြစ်ပါတယ်။ ဗိုက်ထဲက ကလေးဟာ မွေးဖွားလာတဲ့အချိန်အထိ မိခင်ကစားသောက်တဲ့ အစာအာဟာရအပေါ်မှာသာ တိုက်ရိုက်မှီခိုနေရတာဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေဟာ နှစ်ဦးနှစ်ယောက်အတွက်လိုအပ်တဲ့ အစာအာဟာရတွေကို ပြည့်ပြည့်ဝဝ စားရမယ့်အစား ဟိုလူက ဒီဟာနဲ့မတည့်ဘူးပြောရင်ရှောင်လိုက် ၊ ဒီလူက ဟိုဟာနဲ့ မတည့်ဘူးပြောရင်ရှောင်လိုက် ၊ ကိုယ်တိုင်က ဒါနဲ့မသင့်တော်ဘူးထင်ရင် ရှောင်လိုက်နဲ့ တကယ်စားမယ့်အစာတွေဟာ အာဟာရပြည့်ပြည့်ဝဝရရှိတဲ့အစာတွေ မဟုတ်ခဲ့ရင် ၊ နှစ်ဦးနှစ်ယောက်အတွက် အာဟာရပြည့်ပြည့်ဝဝ မရရှိခဲ့ရင် ကလေးဟာ စံမီကိုယ်အလေးချိန်နဲ့ မွေးဖွားလာမှာမဟုတ်ပါဘူး။ လူကြီးအစားရှောင်ခဲ့လို့ ကလေးကို တိုက်ရိုက်ထိခိုက်ခဲ့တာပေါ့။

ဘာကြောင့်ကိုယ်ဝန်ဆောင်သည်တွေ အစားရှောင်ရသလဲဆိုရင် ကလေးထွားမှာစိုးလို့ဖြစ်ပါတယ်။ ကလေးထွားရင် မွေးဖွားရခက်တာကိုး ။ ဒီတော့ ကိုယ်ဝန်ဆောင်သည်တွေ အစားရှောင်ရတဲ့အကြောင်းက မွေးဖွားရခက်မှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်ဖြစ်ပြီး ဒီလိုအစားရှောင်ခဲ့လို့ ကလေးဟာ မိခင်ဝမ်းထဲမှာ ဖွံ့ထွားသင့်သလောက် မဖွံ့ထွားခဲ့တာဖြစ်ပါတယ်။

ဒါဟာ မှားယွင်းတဲ့အယူအဆဖြစ်ပါတယ်။ အာဟာရပြည့်ဝပြီး အလေးချိန်ပြည့်ဝတဲ့ကလေးကို မွေးဖွားတဲ့အခါမှာ ကလေးဟာ သူ့ဟာသူ ရုန်းကန်ထွက်လာနိုင်တဲ့အတွက် မွေးရပိုလွယ်ပါတယ်။ အာဟာရမပြည့်ဝတဲ့ကလေးဟာ အားမပြည့်တော့ မိမိဘာသာ ရုန်းကန်ထွက်မလာနိုင်တော့ မွေးရမခက်ပေဘူးလား။ မှားယွင်းတဲ့အယူအဆတွေနဲ့ ကိုယ်ဝန်ဆောင်ကာလမှာ အစားရှောင်ခဲ့ကြတော့ မွေးလာတဲ့ကလေးဟာ အလေးချိန်မပြည့်တော့ဘဲ မွေးရာပါ အာဟာရပြတ်ရောဂါသည်လေး ဖြစ်လာခဲ့တာပေါ့။

ဒါ့အပြင် ကိုယ်ဝန်ဆောင်သည်တစ်ဦးဟာ အင်အားကို လျှော့သုံးပြီး တတ်နိုင်သမျှ အနားယူရမှာပါ။ အထူးသဖြင့် မွေးဖွားခါနီး တစ်လခွဲ နှစ်လအရွယ်ကစလို့ ကောင်းကောင်း အနားယူပေးရမှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ကိုယ်ဝန်ဆောင်မိခင်ဟာ အစာအာဟာရတော့ ပြည့်ပြည့်ဝဝစားပါရဲ့ အနားယူရမယ့်အချိန်တွေကို အနားမယူဘဲ အိမ်စီးပွားရေးထွက်ရှာနေတာမျိုး ၊ တခြားအိမ်မှုကိစ္စ ပင်ပင်ပန်းပန်း လုပ်ကိုင်နေရတာမျိုးဆိုရင် အားကုန်မယ်။ ကုန်သွားတဲ့ အားအင်တွေအတွက် ထပ်ပြီး အစာအာဟာရဓါတ်ဖြည့်တင်းလို့ မစားသုံးရင်လည်း ကိုယ်ဝန်ဆောင်မိခင်မှာ အာဟာရဓါတ်လျော့နည်းလာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်မှာ အာဟာရဓါတ်လျော့ရင် မိခင်ရဲ့အာဟာရကို မှီခိုနေရတဲ့ ဗိုက်ထဲက ကလေးဟာလည်း အာဟာရဓါတ်လျော့လာပါတယ်။ ဒါကြောင့် အလုပ်လုပ်တဲ့မိခင်တွေဟာ အလုပ်မလုပ်တဲ့မိခင်တွေထက် ပိုစားပေးရမှာပါ။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like