Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
အခက်အခဲတွေကို ဘယ်လိုစိတ်ထားနဲ့ ဖြေရှင်းမလဲ – BurmeseHearts

အခက်အခဲတွေကို ဘယ်လိုစိတ်ထားနဲ့ ဖြေရှင်းမလဲ

0

Solution

လူမှုရေးအခက်အခဲ နဲ့ ဘဝအခက်အခဲပေါင်းများစွာကို လူတိုင်း တွေ့ကြုံဖူးမှာပါ။ ဒီလိုအခက်အခဲတွေက လွတ်မြောက်အောင် ၊ နောက်ပိုင်းမှာ မကြုံတွေ့ရအောင် ဥာဏ်နဲ့ယှဉ်သတိထားပြီး ရှောင်တတ်လာအောင် ဘယ်လိုလုပ်မလဲနော်။ အခက်အခဲဆိုတာက လတ်တလောကြုံတွေ့နေချိန်မှာသာ ဘယ်လိုဖြေရှင်းရမယ် မသိလို့ ခက်ခဲနေတာပါ။ ဘာဖြစ်လို့လည်းဆိုရင် အဲဒီအခက်အခဲကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ကိုယ့်ရဲ့ အတွေးအခေါ်နဲ့ ဆိုင်နေတာဖြစ်ပါတယ်။ အကြမ်းနည်းနဲ့ဖြေရှင်းမလား ၊ အနုနည်းနဲ့ဖြေရှင်းမလား။ မဖြေရှင်းဘဲ သူ့ဘာသာပြီးသွားမှာပါလို့ ထားလိုက်မလား ။ ကြေလည်အောင် ဖြေရှင်းသွားမလား စတာတွေကို ဖြေရှင်းသူက ရွေးရတာပေါ့။

အခက်အခဲတွေကို မဖြေရှင်းဘဲ ဒီအတိုင်းထားလိုက်ရင် အချိန်ကြာလာတဲ့အခါ သူ့ဘာသာသူ ပြီးသွားတာပဲဆိုတာ တကယ်ဟုတ်ရဲ့လားလို့ ကျွန်မက ဒီလူတွေကို ပြန်မေးချင်တယ်။ တချို့တွေက လက်လွတ်စပယ် ပြောဆိုလုပ်ကိုင်ပြီး ပြဿ      နာဖြစ်လာပြီဆိုရင် မသိသလို ဘာသိဘာသာ ထားလိုက်တယ်။ အဲဒီလို ပြဿ      နာ မီးမွှေးထားခဲ့သူကို သည်းခံနိုင်တဲ့သူတွေကတော့ သည်းခံမှာပေါ့ ။ သည်းခံနိုင်တဲ့ အတိုင်းအတာ ကျော်သွားရင်တော့ အကြီးအကျယ် ပြဿ      နာတက်ပြီလေ။ မီးမွှေးထားပြီးရင် လုံးဝငြိမ်းသွားတဲ့အထိ သတ်ခဲ့ရတယ်။ တအုံနွေးနွေးထားခဲ့ရင် အခန့်မသင့် မီးထလောင်နိုင်တယ်မဟုတ်လား။

အကြောင်းအရာတခုဆိုတာ သူ့ဘာသာ ဗြုန်းစားကြီး ထပေါ်တတ်တယ်လို့ တချို့တွေ ယုံမှားထင်တတ်ကြတယ်။ တကယ်တော့ အဲဒါ မမှန်ပါဘူး။ အချစ်ရေးပဲဖြစ်ဖြစ် ၊ အိမ်ထောင်ရေးပဲဖြစ်ဖြစ် ၊ လူမှုရေးပဲဖြစ်ဖြစ် ၊ ကျန်းမာရေးပဲဖြစ်ဖြစ် ၊ စီးပွားရေးပဲဖြစ်ဖြစ် ၊ နိုင်ငံရေးပဲဖြစ်ဖြစ် နောက်ဆုံး သဘာဝဘေးဒဏ်ကအစ သူတို့မှာ ရှေ့ပြေး အချက်ပြနိမိတ်တွေဆိုတာ ရှိတတ်ကြပါတယ်။ ဒါကို ကိုယ်က သတိမထားမိလို့ပါ ဗြုန်းစားကြီးထဖြစ်သွားတာလို့ထင်တာပါ။ ဖြစ်ပြီးရင်ပြီးသွားတာပေါ့လို့ထင်ရင်လည်း မှားပါတယ်။ သူ့မှာ အရှိန်ဆိုတာလေး အနည်းနဲ့အများ ကျန်ခဲ့တတ်ပါတယ်။ ဒါကိုမသိတော့ ကံကောင်းရင် ဆက်တိုက်ကောင်းတယ်ဆိုတာမျိုး ၊ ကံဆိုးရင် ဆက်တိုက်ဆိုးတယ်ဆိုတာမျိုး ဆိုကြတာပါ။ တကယ်တော့ အရှိန်လေးနဲ့လာပြီး အရှိန်လေးနဲ့ပြီးသွားတာပါ။

ရှေ့ပြေးနိမိတ်လေးပြတဲ့အချိန်မှာ ကိုယ်က သတိလေးထားပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်နေထိုင်ခဲ့မယ်ဆို တကယ်ကြုံရတဲ့အချိန်မှာ အလဲလဲ ၊ အကွဲကွဲ မဖြစ်ဘူးပေါ့။ ဥပမာ အချစ်ရေးဆိုရင် အရင်နဲ့မတူ ဗွေဖောက်လာတဲ့ချစ်သူကို သတိထားမိရင် သူထားသွားတာကို အငိုက်မိ ရင်ကွဲပက်လက် ဖြစ်စရာမလိုတော့ဘူးပေါ့။ တနေ့သူဒီလို လုပ်သွားနိုင်တယ်လို့ သိထားပြီးသားပဲလေ။

အိမ်ထောင်ရေးဆိုလည်း မတူတဲ့အပြုအမူ ၊ အပြောအဆိုတွေကနေ ခြေလှမ်းတွေပြောင်း ၊ အကွက်တွေရွှေ့လာတာမျိုး သတိထားမိရင် နောက်တဆင့်မှာ သူဘာလုပ်နိုင်ချေရှိတယ် ၊ ကိုယ်ဘာပြင်ဆင်ထားသင့်တယ် ၊ သူနဲ့ဘယ်လို ညှိနှိုင်းသင့်တယ်ဆိုတာမျိုးတွေ ကြိုတွေးမိတာပေါ့။ ကျန်းမာရေးဆိုရင်လည်း အကောင်းကနေ ခုချက်ချင်းကြီး ထဖောက်လို့ဆုံးသွားတာမျိုး မရှိပါဘူး။ ကိုယ်ထဲဘာဖြစ်နေပြီလို့ ရှေ့ပြေးခံစားမှုတွေ ပြသတတ်ပါတယ်။ ကိုယ်က အမှုမဲ့ အမှတ်မဲ့နေလိုက်လို့သာ အပ်နဲ့ထွင်းရမှာကို ပေါက်ဆိန်နဲ့ပေါက်ရတဲ့အဖြစ်တွေ ၊ ပိုဆိုးပြီး မဖြစ်သင့်တာ ဖြုန်းကနဲ ထဖြစ်လာတဲ့အဖြစ်တွေ ဖြစ်လာတာပါ။

စီးပွားရေးဆိုရင်လည်း ဈေးကွက်ကိုသတိထားနေရင် ဈေးကွက်ပြောင်းလဲနိုင်ချေရှိတာကိုလည်း သတိထားမိလာပါတယ်။ စားသုံးသူတွေရဲ့ စိတ်ဆန္ဒပြောင်းလဲလာမှုကို သတိထားမိရင် ၊ ရာသီဥတုပြောင်းလဲမှုကို သတိထားမိရင် ၊ ဈေးကွက်ပြောင်းလဲနိုင်တဲ့ အကြောင်းအရာတွေအပေါ် သတိထားမိရင် ဈေးကွက်အနေအထားကို သတိထားမိပါတယ်။ ဒါကြောင့် ဖြုန်းစားကြီး ဈေးကွက်ပြောင်းသွားလို့ ကိုယ်ပုံအောလုပ်ထားတာတွေ အရှုံးပေါ်သွားရတယ်ဆိုတာက ဒီအရာတွေကို သတိမထားခဲ့လို့ ဖြစ်ရတာပါ။

နိုင်ငံရေးဆိုရင်လည်း လူထုအုံကြွမှုကြီးတွေ တနိုင်ငံလုံးဖြစ်မလာခင် ရှေ့ပြေးဆန္ဒပြပွဲတွေ ဟိုကြား ဒီကြားကနေ ခပ်စိတ်ခပ်စိတ်ကလေး နေရာအနှံအပြားမှာဖြစ်တတ်တာပါ။ ဒါလေးတွေကို သတိထားပြီး လူထုနဲ့ အလိုက်သင့် ညှိနှိုင်းလုပ်ဆောင်လို့ ပြဿ      နာကို ဥာဏ်ရှိရှိကိုင်တွယ်တတ်မယ်ဆို နိုင်ငံရေးတည်ငြိမ်နေမှာဖြစ်ပါတယ်။ နောက်ဆုံး ဘယ်လိုမှကြိုတွက်လို့ မရဘူးဆိုတဲ့ ငလျင်ဒဏ်တောင်မှ ဖြစ်လာနိုင်ချေနဲ့ ရှေ့ပြေးနိမိတ်တွေဆိုတာ ပေါ်လာတတ်ပါတယ်။ ဒီလို သဘာဝဘေးဒဏ်ပြောင်းလဲမှု ဖြစ်ပေါ်နိုင်ချေဆိုတာကို သတိထားမိလို့ ကြိုပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားကြရင် တကယ်ကြုံတဲ့အချိန်မှာ အသေအပျောက် ၊ အပျက်အစီး သိပ်မများလှဘူးပေါ့။

အရာရာဟာ ရှေ့ပြေးနိမိတ်လေးတွေ ပေါ်လာတတ်သလို အဆိုးကြီးဖြစ်ပြီးသွားခဲ့ရင်တောင် အဲဒီအရှိန်ကလေးကတော့ ကျန်ခဲ့သေးတယ်။ အဖျားခတ်ရိုက်တယ်လို့ လူတွေပြောတတ်ကြတာလေ။ မုန်တိုင်းဆိုလည်း အဖျားခတ် ၊ ငလျင်ဆိုလည်း အဖျားခတ် စသဖြင့် တစုံတခု ပြီးဆုံးသွားချိန်အထိတောင် အဖျားခတ်လေးတွေ ကျန်ခဲ့တာကို အရှိန်လို့ခေါ်ပါတယ်။

ဒီလူနဲ့လမ်းခွဲလိုက်ပေမယ့် ရင်ထဲကဒဏ်ရာဒဏ်ချက်တွေ ကုစားလိုက်ရဦးမှာဖြစ်သလို ဒီရောဂါကြီးပျောက်သွားပေမယ့် အကင်းလောက်တော့ဖြင့် ခံစားနေရနိုင်သေးတာ ၊ ဈေးကွက်တည်ငြိမ်သွားပေမယ့် နဂိုအနေအထားပြန်ရောက်ဖို့ အချိန်စောင့်ရသေးနိုင်တာ ၊ လူထုအုံကြွမှုကြီးကို ထိန်းထားခဲ့နိုင်ပေမယ့် ဟိုတစ ဒီတစ ဖြစ်နေတာလေးတွေတော့ ရှိသေးတာ ၊ သဘာဝဘေးဒဏ်ကြီး မစိုးရိမ်ရတော့ဘူးဆိုပေမယ့် အဖျားခတ်ကာလကို ဖြတ်သန်းရသေးတာ ဒါတွေဟာ အရှိန်တွေပါ။

ဒါတွေကိုနားလည်ထားရင်ဖြင့် ပြဿ      နာတခုကို ဘယ်လိုဖြေရှင်းကိုင်တွယ်ရမယ် ၊ ဘယ်လောက်အတိုင်းအတာအထိ နက်ရှိုင်းတယ် ၊ ဘယ်လိုအချိန်ယူပြီး ဘယ်နည်းနဲ့ဖြေရှင်းသွားရမလဲဆိုတာတွေ ၊ ဘာတွေ ဖြစ်လာနိုင်ချေရှိတယ်ဆိုတာတွေကိုလည်း ဥာဏ်နဲ့ယှဉ် တွက်ဆနိုင်ပါတယ်။ ဖြစ်နိုင်ချေနဲ့ ဖြစ်ပျက်ပုံတခုလုံးကို ကြိုတွက်ဆပြီး ဖြစ်တာမို့ ဒါဖြစ်ရင်ဘာနဲ့ ဘယ်လိုဆိုတာတွေလည်း ကြိုပြင်ဆင်သင့်တယ် ၊ ကြိုပြင်ဆင်ထားနိုင်တယ်လေ။ ဘယ်အချိန်ပြီးပျောက်သွားမယ်ဆိုတာ တပ်အပ်မပြောနိုင်ပေမယ့် ဒါတွေကြိုသတိထား တွက်ဆနိုင်သူတွေက ဥာဏ်ရှိသူတွေမို အခုကြုံနေတာတွေဟာ တချိန်ပြီးသွားမယ့်အရာတွေလို့လည်း နားလည်ပါတယ်။ ဒါကြောင့် ဖြစ်လာနိုင်ချေနဲ့ ဖြစ်နေချိန်တွေမှာ စိတ်တွေပျာယာခတ်မနေဘဲ တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ပြီး လုပ်သင့်တာတွေလုပ်ရမှာပါ။

BurmeseHearts Blog

အဆိုးဆုံးအခြေအနေမှာတောင် အကောင်းဆုံးသောအရာတွေ ရှိနေတယ်လို့ ယုံကြည်သလားဟင်။ ကျွန်မအကြိုက်ဆုံး စကားစုဖြစ်တဲ့ “The Darkest Cloud has Silver Lining.” ဆိုတာကို မိတ်ဆက်ပေးချင်ပါတယ်။ ဆိုလိုရင်းအဓိပ္ပါယ်က အမှောင်ဆုံးတိမ်တိုက်တွေမှာ ငွေရောင်အနားသတ်ရှိတယ်” တဲ့။ အမည်းမှောင်ဆုံးတိမ်တိုက်တွေကို သတိထားကြည့်မယ်ဆိုရင် သူတို့မည်းမှောင်လွန်းနေတာကို သိသာနေစေတဲ့ ငွေရောင်အနားသတ်ကလေးကို မြင်ရမှာဖြစ်ပါတယ်။ ဒါက ဥပမာအနေနဲ့ပြောဆိုတာပါ။

ကံအဆိုးဆုံးဆိုတဲ့ အခြေအနေမှာတောင် ကံအကောင်းဆုံး အခွင့်အရေးတွေ ရှိနေပါသေးတယ်။ ဒါကို သတိထားပြီး မြင်အောင်ကြည့်လို့ ဆိုလိုတာဖြစ်ပါတယ်။ ကံဆိုးမိုးမှောင်ကျနေတဲ့အချိန်မှာ ၊ အဆင်မပြေတဲ့အခါမှာ ၊ အခက်အခဲတွေကြုံနေချိန်မှာ ၊ ပြဿ      နာတွေ ဝိုင်းပတ်လည်နေချိန်မှာ ဒါတွေကိုလိုက်ပါခံစား ၊ ဖြေရှင်းဖို့ကြိုးစားရင်း ဒါတွေကိုပဲ အာရုံထားနေတာမို့ ကံအကောင်းဆုံး ဖြစ်လာနိုင်တဲ့ အခြေအနေကို သတိမထားမိတော့ဘူးလေ။

တကယ်ကို သတိကြီးကြီးနဲ့ ဥာဏ်ကြီးသူတွေပဲ ဒီလိုအကောင်းဆုံးဆိုတဲအရာကို အဆိုးဆုံးဆိုတဲ့ အခြေအနေတွေထဲကမှ ရယူနိုင်တတ်ကြပါတယ်။ အများစုကတော့ ဒီလိုမျိုး အခက်အခဲတွေ ဝိုင်းပတ်ရံလို့ ဒုက္ခတွေ့နေချိန် ၊ ကံဆိုးမိုးမှောင်ကျနေချိန်တွေမှာ ဝမ်းနည်းအားငယ်မယ် ၊ စိတ်ဓါတ်ကျမယ် ၊ ပျာယာခတ်နေမယ် ၊ စိတ်တွေလူးနေမယ် ၊ ထိန်းချုပ်နိုင်မှုအားနည်းပြီး စိတ်နောက်ကိုယ်ပါ ခံစားတတ်ကြပါတယ်။ တကယ်တော့ ဒီလိုမဖြစ်သင့်ဘူး။

ကျွန်မဆိုလိုတဲ့ တိမ်မဲတွေရဲ့ ငွေရောင်အနားသတ် မြင်ခိုင်းတယ်ဆိုတာ ၊ ကံအဆိုးဆုံးဆိုတဲ့ အခြေအနေမှာတောင် ကံအကောင်းဆုံး အခွင့်အရေးတွေ ရှိနေတယ်ဆိုတာ ပွဲလန့်တုန်း ဖျာခင်းခိုင်းတာမျိုး မဟုတ်ပါဘူး။ အဆိုးဆုံးတွေထဲကမှ အကောင်းဆုံးဖြစ်အောင် ရင်ဆိုင်လုပ်ကိုင်သွားနိုင်တာကို ဆိုလိုတာဖြစ်ပါတယ်။

ကျွန်မ ရင်ဆိုင်ခဲ့ဖူးတဲ့ ဘဝအခက်အခဲအချို့ကနေ ဒါတွေကို ဥပမာပေးပါရစေ။ အချစ်ရေးကြောင့် စိတ်ဓါတ်အကျဆုံးဖြစ်နေတဲ့ အခြေအနေမှာ ကျွန်မရဲ့အနာဂါတ်ခင်ပွန်းလောင်းကို ကျွန်မဆုံခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အမြင်ကျဉ်းကျဉ်းနဲ့ ယောက်ျားတွေကို တတန်းတစားတည်း သိမ်းကြုံးမမြင်ခဲ့တာကြောင့် ယောကျာ်းကောင်းတစ်ယောက် ကျွန်မပတ်ဝန်းကျင်မှာရှိနေတာကို ကျွန်မသတိထားမိခဲ့တာပေါ့။

လက်ထဲမှာ တပြားမှမကျန်တော့တဲ့ အခြေအနေတွေကို ကြုံခဲ့ဖူးတဲ့အချိန်တွေမှာ ဖြစ်လာနိုင်တာတွေနဲ့ ဖြစ်သင့်တာတွေကို တွက်ဆပြီး ချူးတပြားမှမရှိလည်း ပျော်ပျော်ရွှ့င်ရွှင်ပဲ ဆထက်တပိုး ကြိုးစားလုပ်ကိုင်ခဲ့တာတွေကြောင့် စုမိဆောင်းမိအခြေအနေမျိုးကို ကြုံလာရတာပါ။ ကံဆိုးမိုးမှောင်အကျဆုံးအခြေအနေမှာ ကိုယ့်ခံစားနေရတဲ့ဘက်ကပဲ လိုက်ပါခံစားကြည့်နေတာမျိုးမဟုတ်ဘဲ ကိုယ့်ခံစားမှုရဲ့ တဘက်ကနေ လှည့်တွေးလိုက်တော့ ကိုယ်မမြင်သေးတဲ့ အမြင်တွေကို မြင်လာတာဖြစ်ပါတယ်။ ဒါဟာ သိပ်စိတ်ဝင်စားစရာကောင်းပါတယ်။

ကြုံနေတဲ့အခက်အခဲဆိုတာ ကြုံနေတဲ့လူရဲ့ အသိဥာဏ်နဲ့ ဖြေရှင်းနိုင်စွမ်းကို စမ်းသပ်လိုက်တဲ့ လောကဓံတခု ၊ ဘဝသင်ခန်းစာတခုပဲလေ။ ပုစ္ဆာတခုကို အဖြေရှာနိုင်သလား ၊ မဖြေရှာနိုင်ဘူးလားဆိုတဲ့အဖြေက နှစ်ခုပဲရှိတယ်လေ။ အခက်အခဲကြုံလာတဲ့အခါ ဒီအခက်အခဲက ကိုယ့်ကိုနိုင်သွားသလား ၊ ကိုယ်က ဒီအခက်အခဲကို နိုင်သွားသလား နှစ်မျိုးပဲ အဖြေထွက်ပါတယ်။ လောကဓံတခုကို အောင်မြင်နိုင်သလား ၊ အရှုံးပေးလိုက်သလားဆိုတာလည်း ကိုယ့်လုပ်ရပ်ပဲလေ။ ဘယ်လို ၊ ဘယ်ပုံ ဖြေရှင်းလိုက်လို့ ဘယ်လိုရလဒ်ထွက်သွားသလဲဆိုတာ ကိုယ့်အသိဥာဏ် ကြီးရင့်မှုနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။

အခက်အခဲဆိုတာ တကွေ့မဟုတ် တကွေ့တော့ တွေ့ဦးမှာပဲ။ ဒါတွေကို ဘယ်လိုဖြေရှင်းသလဲဆိုတဲ့အပေါ်မူတည်ပြီး ရလဒ်ကွဲသွားကြတာပါ။ ကိုယ်က ဘယ်လိုရလဒ်မျိုး လိုချင်သလဲ။ ကိုယ်လိုချင်တဲ့ရလဒ်အတိုင်း ထွက်ဖို့ဆို ကိုယ့်ရဲ့လုပ်ရပ် မှန်ကန်ဦးမှလည်းဖြစ်မယ်လေ။ ကိုယ်လိုချင်တာတမျိုး ၊ လုပ်တာတလွဲကြီးဆိုရင်တော့ ဒီလိုရလဒ် ဘယ်ထွက်လာနိုင်ဦးမလဲ။

ကျွန်မ အလွန်သဘောကျနှစ်ခြိုက်တဲ့ နောက်ထပ် စကားစုလေးနဲ့လည်း မိတ်ဆက်ပေးပါစေ။ “If there is a will there is a way.” ဆိုလိုတာက “ဆန္ဒရှိရင် နည်းလမ်းရှိတယ်” တဲ့။ ဒီနည်းလမ်းကို ကိုယ်တိုင်တွေ့မြင်နိုင်ဖို့ဆိုရင် ဒီနည်းလမ်းကိုရှာလိုတဲ့ ဆန္ဒပြင်းပြဖို့တော့လိုတယ်လေ။ ဆန္ဒမပြင်းပြသရွေ့ ဒီဆန္ဒအထမြောက်အောင်မြင်ဖို့ နည်းလမ်းကို တွေ့အောင်မရှာနိုင်သေးတာမို့ ဆန္ဒဟာ ဆန္ဒအဖြစ်ပဲရှိနေပြီး အထမြောက်အောင်မြင်ဦးမှာ မဟုတ်ပါဘူး။ ဒီဆန္ဒတွေ တကယ်လက်တွေ့မှာ အကောင်အထည်ပေါ်လာဖို့ဆိုရင် ကြီးမားတဲ့ဆန္ဒက အကောင်အထည်ဖော်နိုင်ဖို့ နည်းလမ်းကိုကြံဆနိုင်ပြီး အကောင်အထည်ပေါ်လာအောင် အကြိမ်ကြိမ် ကြိုးစားဖို့လိုပါတယ်။

အခက်အခဲကြုံတာနဲ့ စိတ်ဓါတ်ကျစရာလားနော်။ ဒီစာစုလေးဖတ်ပြီးပြီဆိုရင်ဖြင့် အခက်အခဲတွေကို ဘယ်လိုစိတ်ထားနဲ့ ဖြေရှင်းမလဲဆိုတာကို ဥာဏ်ရှိရှိ သတိထားပြင်ဆင် ဖြေရှင်းပြီး အဆိုးဆုံးအခြေအနေဆိုတာ တွေ့ကြုံနေရင်တောင် အကောင်းဆုံးအခြေအနေ ဖြစ်လာအောင် ဘယ်လိုရှာဖွေ အသုံးချသွားရမလဲလို့ စိတ်ထားလေး ပြင်ဆင်ထားနိုင်ပြီပေါ့။

ရတု (Burmesesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

You might also like